~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

အပတ်စဉ် ဗေဒင် ~ 27.7.2012 to 2.8.2012

~~~ အပတ်စဉ် ဗေဒင် ~~~ 27.7.2012 
အပတ်စဉ် ဗေဒင် 27.7.2012 ( Credit HR journal )



တနင်္ဂနွေ
ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်း နိုးဖြစ်နေတတ်၏။ ခုတလောကျန်းမာရေးညံ့နေ မည်။ ရှာဖွေရရှိသမျှငွေဟာ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခဖြစ်သွားတတ်ပါသည်။ အမှုဖြစ်သူ ငွေလာချေးတတ်တယ်။ မချေးနဲ့ဆုံးသွားလိမ့်မည်။ ငွေကုန်စရာအကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်နေ မည်။ အလုပ်အကိုင်သစ်၊ အိမ်သစ်ရရှိတတ်သည်။ စာပေလုပ်ငန်း၊ စက်မှုလုပ်ငန်းရှင်များအကျိုးအ မြတ်ကြီးကြီးမားမားရတတ်သည်။ စာအုပ်စာတန်း ပြုစုရမည်။ စာချုပ်မှာလတ်မှတ်ရေးထိုးရတတ် သည်။ ဆွေမျိုးသားချင်းအတွင် လင်မယားချင်း စကားများရမည်။ ခရီးဝေးသင့်ပါတယ်။ ငယ်ရွယ် သူများအချစ်ရေးမှာယှဉ်ပြိုင်သူရှိမည်။ ကံကောင်း စေရန် မွေးနံထောင့်မှာ အာရုဏ်ဆွမ်းကပ်လှူပါ။

တနင်္လာ
ခုတလောဝင်ငွေသိသိသာသာတိုးနေမည်။ ငွေတွေဝင်လာမစဲတသဲသဲဖြစ်သည်။ အပြင်ရွှေ နဲ့တခြားရတနာပစ္စည်းတွေလည်း ဝင်လာတတ်ပါ သည်။ ကိုးကွယ်စရာရုပ်ပွားတော်၊ ပုံတော်တွေ လည်ြးွကလာမည်။ ထီပေါက်သလိုငွေအလုံးအ ရင်းနှင့်ဝင်မည်။ ပြည်တွင်း၊ ပြည်ပခရီးကောင်းတွေ သွားရတတ်သည်။ မျက်စိမှုန်ခြင်း၊ မျက်မှန်ပါဝါ တိုးခြင်းတို့ဖြစ်မည်။ အလုပ်ထဲတွင် အတိုက်အခံ တွေ့မည်။ ကံကောင်းနေသည့်အချိန်မို့ အတိုက်အ ခံတွေကြားကနေ လုပ်ငန်းတွေအောင်မြင်လိမ့် မည်။ ကျန်းမာရေးအနည်းငယ်ညံ့သည်။ အိမ် ထောင်ဖက်အတွက်ဂုဏ်ယူစရာသတင်းကောင်း တွေကြားရမည်။ ကံကောင်းစေရန် ရာဟုထောင့် တွင် ရေသက်စေ့လှူပါ။

အင်္ဂါ
မိတ်ဆွေကောင်း၊ ဆရာကောင်းရဲ့ကူညီမစမှု ခံရမည်။ ပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ် ငန်းတွေအကျိုးအမြတ်များမည်။ လူငယ်များပညာ ရေး၊ သင်တန်းနဲ့ပတ်သက်ပြီးကံကောင်းမည်။ စိတ် ချမ်းသာမှုတွေဆက်တိုက်ကြုံရတတ်သည်။ စပ်တူ ရှယ်ယာလုပ်ငန်းတွေလုပ်ရမည်။ ခရီးတစ်ခုမသွား ဘူးလိုလိုနဲ့သွားဖြစ်တတ်သည်။ သွားနာခြင်း၊ သွား နုတ်ခြင်း၊ သွားနှင့်ပတ်သက်သောရောဂါများရ တတ်ခြင်းတို့ကြုံမည်။ လက်အောက်ငယ်သား၊ သားသမီးအကျိုးပေးမည်။ စားသောက်ဆိုင်လုပ် ငန်းများလုပ်ရတတ်သည်။ ကံကောင်းစေရန် သော ကြာထောင့်မှာစံပယ် ၈ ကုံးလှူပါ။

ဗုဒ္ဓဟူး
ဘုန်းတန်ခိုးကြီးမယ်။ ဘာပဲလုပ်လုပ်အောင် မြင်မှုတွေနဲ့လူအထင်ကြီးလေးစားတာခံရမည်။ ရွှေ ဝင်မည်။ ပြည်တွင်းပြည်ပခရီးကောင်းတွေသွားရ မည်။ လုပ်ငန်းသစ်တွေစသင့်တဲ့အချိန်ဖြစ်တယ်။ ရေထွက်ပစ္စည်းရောင်းဝယ်သူတွေအကျိုးအမြတ် များမည်။ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်း တွေအကျိုးပေးထက်သန်မည်။ သင်တန်းတွေ အောင်မြင်မည်။ ရပ်ဝေးမှဆွေမျိုးတွေရောက်လာ တတ်သည်။ ငယ်ငယ်ကသူငယ်ချင်းမိတ်ဆွေတွေ နဲ့ပြန်ဆုံမည်။ ဒူးနာနေတတ်သည်။ ရင်ဘတ် အောင့်တာမျိုးဖြစ်တတ်သည်။ ကံကောင်းစေရန် ဘုန်းကြီးကျောင်းသို့လေးဆင့်ချိုင့်နှင့် ဆွမ်းကပ် လှူပါ။

ရာဟု
ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုအတွင်း ကျန်းမာရေးညံ့သူရှိတတ်သည်။ ကျန်းမာရေး ကြောင့် ဆေးဖိုးဝါးခအဖြစ်ငွေတွေထွက်သွားတတ် သည်။ အလုပ်ထဲမှာကံကောင်းမယ်။ လက်ဆောင် ပစ္စည်းတွေရရှိတတ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဆီက အကူအညီကောင်းတွေရတတ်ပါသည်။ ခရီး ဝေးသွားရမည်။ သွားလျှင်လည်းကောင်းပါတယ်။ အလုပ်အကိုင်အပြောင်းအလဲအခွင့်ကောင်းတွေ ပေါ်မည်။ အချစ်ရေးကံကောင်းသလို အိမ်ထောင် ရေးမှာလည်း စိတ်ချမ်းသာမှုရရှိတတ်သည်။ ပိုပြီး ကံကောင်းစေဖို့အိမ်ဘုရားမှာရွှေချီနနွင်းမကင်းကပ် လှူပါ။

ကြာသပတေး
မမျှော်လင့်ပဲပြည်ပခရီးထွက်ရတတ်တယ်။ လုပ်ငန်းသစ်တွေပြောင်းရတတ်သည်။ မိတ်ဆွေ ဆရာကောင်းတွေရရှိမည်။ အများ၏ယုံကြည်လေး စားခြင်းခံရမည်။ နိုင်ငံခြားသားလူမျိုးခြားများနှင့် တွဲဖက်လုပ်ကိုင်ရတတ်၏။ ယာဉ်စက်ပစ္စည်းအကျိုး ပေးမည်။ အလှူအတန်းလည်းလုပ်ရမည်။ ငွေအစု လိုက်အပြုံလိုက်ဝင်တတ်သည်။ အိမ်ထောင်ဖက်ထံ မှလက်ဆောင်ပစ္စည်းကောင်းတွေရမည်။ ပျော်ပွဲ ရွှင်ပွဲများလည်းသွားရတတ်၏။ ဆွေမျိုးထဲတွင် ရောဂါကြီးကြီးမားမားရသူရှိနေမည်။ တပည့်၊ လက် အောက်ငယ်သားအတွက် စိတ်ပူပင်ရမည်။ ကံကောင်းစေရန် အိမ်ဘုရားတွင်ကောက်ညှင့်း ပေါင်းကပ်လှူပါ။

သောကြာ
ခုတလောလမ်းများနေမည်။ အလုပ်တွေဒရ စပ်လုပ်နေရမည်။ ခရီးတိုလေးများသွားရမည်။ ဝင် ငွေလည်းများပြီး ထွက်ငွေလည်းများနေသည်။ ပညာဖြင့်အောင်မြင်ကျော်ကြားမည်။ ကောင်းမှု ကုသိုလ်များလည်းလုပ်ရမည်။ ရပ်ဝေးမှသတင်း ကောင်းကြားရမည်။ အလုပ်သစ်များလုပ်ရမည်။ နေအိမ်ပြုပြင်ခြင်းများလည်းကြုံမည်။ လူမှုရေးလုပ် ငန်းများလုပ်ခြင်းဖြင့် ကောင်းသောအခွင့်အလမ်း များရရှိမည်။ ငယ်ငယ်ကမိတ်ဆွေတွေနှင့်ပြန်ဆုံရ တတ်၏။ ဆွေမျိုးအကြီးအကဲကူညီစောင့်ရှောက် မည်။ သားသမီးအိမ်ထောင်ရေးအတွက် ပူပင်ရ တတ်၏။ ကံကောင်းစေရန် မွေးနံထောင့်ဘုရား တွင်ရေသက်စေ့လောင်းလှူပါ။

စနေ
ဘာပဲလုပ်လုပ်ရန်များနေမည်။ အလုပ်တွင်အ တိုက်အခံများမည်။ မသွားချင်သောခရီးသွားရ မည်။ မတော်တဆထိခိုက်ဒဏ်ရာရတတ်၏။ အိမ် အနီးမီးလန့်မည်။ လူငယ်လူရွယများအချစ်ရေး ရှုပ် ထွေးနေတတ်၏။ အပေါင်းအသင်းသတိထားပါ။ မိဘကျန်းမာရေးစိတ်ပူပန်ရမည်။ ရစရာရှိသောငွေ လည်းမရ၊ ပေးစရာရှိသောငွေလည်းမပေးနိုင်ဖြစ် နေမည်။ အလုပ်ဘယ်လောက်များများဘုရားရှိခိုး ဖို့မမေ့ပါနှင့်။ ခုတလောကံညံ့နေသည်။ အထက် လူကြီး၊ ဆရာဖြစ်သူ၏အထင်လွဲမှုခံရတတ်၏။ ရန် မီးမပွားအောင်သတိထားနေထိုင်ပါ။ ကံကောင်းစေ ရန် နေ့စဉ်ဂုဏ်တော်ပုတီး ၉ ပတ်စိတ်ပါ။ ခုနှစ် ရက်သားသမီးအားမေတ္တာပို့ပေးပါ။



ခုနစ်ရက်သားသမီး ဟောစာတမ်း (ဆရာကြီးမင်းသိင်္ခ၏ တပည့်အေးချမ်းပွင့်)
(27.7.2012 မှ 3.8.2012)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................