~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 28 July 2012

(1)အာသီးဘာကြောင့် ရောင်တာလဲ...| (2)ဓာတ်မတည့်မှု ဖြစ်တတ်သူများ ဆောင်ထားသင့်သည့် ဆေးဝါးများ

ဓာတ်မတည့်မှု ဖြစ်တတ်သူများ အဓိက ဆောင်ထားသင့်သည့် ဆေးဝါးများ

ဓာတ်မတည့်မှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်သူတွေ အနေနဲ့ ဘယ်သွားသွား အဓိက ဆောင်ယူသွားသင့်တဲ့ ဆေးဝါးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စဉ်းဆေး (Eye Drops)

... ဓာတ်မတည့်မှု ဖြစ်တဲ့အခါ မျက်စိနီပြီး ယားယံတတ်တာကြောင့် လက်ထဲမှာ မျက်စဉ်းဆေး အဆင်သင့် ရှိနေဖို့ လိုပါတယ်။ မျက်စဉ်းဆေး ခတ်လိုက်ရင် မျက်စိရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး မျက်စိယားတာ၊ မျက်ရည်ကျတာနဲ့ မျက်စိရောင်ရမ်းတာ စတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်တဲ့ မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

(၂) နှာပိတ်ပျောက်ဆေး (Decongestant)

ဓာတ်မတည့်မှုကြောင့် နှာခေါင်းပိတ်ရင် နှာခေါင်းတွင်း တစ်သျှူးတွေက ရောင်ရမ်းမှု ဖြစ်နိုင်ပါတယ်။ နှာပိတ်ပျောက်ဆေးတွေကို မိမိဘာသာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ သွေးတိုးတာ၊ ရေတိမ်တာ၊ သိုင်းရွိုက်ရောဂါ စတဲ့ ရောဂါရှိတဲ့သူတွေ အနေနဲ့ နှာပိတ်ပျောက်ဆေး မဆောင်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

(၃) နှာခေါင်းတွင်း ဖျန်းဆေး (Nasal Spray)

ဓာတ်မတည့်မှုကြောင့် နှာရည်ကျတာ၊ နှာချေတာတို့ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေက ရက်အနည်းငယ်ထက်ပိုပြီး ဖြစ်နေရင် နှာခေါင်းတွင်း ဖျန်းဆေးကို ထည့်နိုင်ဖို့ ဆောင်ထားပါ။

(၄) ဟစ်စတာမင်း ဆန့်ကျင်ဆေး (Antihistamine)

ဟစ်စတာမင်း ဆန့်ကျင်ဆေးတွေကိုလည်း အရေးပေါ် သုံးနိုင်ဖို့ ဆောင်ထားသင့်ပါတယ်။ နှာချေတာ၊ မျက်စိယားတာ၊ အရေပြားယားယံတာနဲ့ အင်ပြင်ထတာ စတဲ့ ဓာတ်မတည့်မှုဆိုင်ရာ ဝေဒနာတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဒီဆေးက ဟစ်စတာမင်းလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ်မှ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာထွက်ရှိမှုကို ဟန့်တားပေးပါတယ်။

(၅) ပန်းနာရင်ကျပ်ရောဂါ ရှိသူများ ဆောင်ထားသင့်သော ရှူဆေး

ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေအတွက် ဓာတ်မတည့်မှုကြောင့် ရောဂါထတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားထားတဲ့ ရှူဆေးကို အမြဲဆောင်ထားသင့်ပါတယ်။ ဒီရှူဆေးက အသက်ရှူလမ်းကြောင်းတစ်ဝိုက် တင်းရင်းကျပ်သွားစေတဲ့ ကြွက်သားတွေကို အနားရစေလို့ပါ။

(၆) Epinephrine ထိုးဆေး

ပြင်းထန်တဲ့ ဓာတ်မတည့်မှုကို အရင်က ဖြစ်ဖူးပါသလား။ ဒီလိုဓာတ်မတည့်မှုဟာ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တာကြောင့် သင့်ဆေးအိတ်ထဲမှာ EpiPen နဲ့ Twinject တို့လို ထိုးဆေးကို ဆောင်ထားသင့်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ သွေးဖိအား သိသိသာသာ လျော့ကျတာတို့ ဖြစ်စေနိုင်လို့ပါ။ အချိန်မီ ကုသမှု မခံယူရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

(၇) ဓာတ်မတည့်မှု သက်သာစေသော ခေါင်းအုံးစွပ်

ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ ခရီးသွားမယ်ဆိုရင်တော့ သင့်အိမ်က ဖုန်ပိုးတွေကို ကာကွယ်နိုင်တဲ့ ခေါင်းအုံးစွပ်ကို ဆောင်ယူသွားဖို့ လိုပါတယ်။
 
Photo: ဓာတ်မတည့်မှု ဖြစ်တတ်သူများ အဓိက ဆောင်ထားသင့်သည့် ဆေးဝါးများ

ဓာတ်မတည့်မှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်သူတွေ အနေနဲ့ ဘယ်သွားသွား အဓိက ဆောင်ယူသွားသင့်တဲ့ ဆေးဝါးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စဉ်းဆေး (Eye Drops)

ဓာတ်မတည့်မှု ဖြစ်တဲ့အခါ မျက်စိနီပြီး ယားယံတတ်တာကြောင့် လက်ထဲမှာ မျက်စဉ်းဆေး အဆင်သင့် ရှိနေဖို့ လိုပါတယ်။ မျက်စဉ်းဆေး ခတ်လိုက်ရင် မျက်စိရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး မျက်စိယားတာ၊ မျက်ရည်ကျတာနဲ့ မျက်စိရောင်ရမ်းတာ စတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်တဲ့ မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

(၂) နှာပိတ်ပျောက်ဆေး (Decongestant)

ဓာတ်မတည့်မှုကြောင့် နှာခေါင်းပိတ်ရင် နှာခေါင်းတွင်း တစ်သျှူးတွေက ရောင်ရမ်းမှု ဖြစ်နိုင်ပါတယ်။ နှာပိတ်ပျောက်ဆေးတွေကို မိမိဘာသာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ သွေးတိုးတာ၊ ရေတိမ်တာ၊ သိုင်းရွိုက်ရောဂါ စတဲ့ ရောဂါရှိတဲ့သူတွေ အနေနဲ့ နှာပိတ်ပျောက်ဆေး မဆောင်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

(၃) နှာခေါင်းတွင်း ဖျန်းဆေး (Nasal Spray)

ဓာတ်မတည့်မှုကြောင့် နှာရည်ကျတာ၊ နှာချေတာတို့ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေက ရက်အနည်းငယ်ထက်ပိုပြီး ဖြစ်နေရင် နှာခေါင်းတွင်း ဖျန်းဆေးကို ထည့်နိုင်ဖို့ ဆောင်ထားပါ။

(၄) ဟစ်စတာမင်း ဆန့်ကျင်ဆေး  (Antihistamine)

ဟစ်စတာမင်း ဆန့်ကျင်ဆေးတွေကိုလည်း အရေးပေါ် သုံးနိုင်ဖို့ ဆောင်ထားသင့်ပါတယ်။ နှာချေတာ၊ မျက်စိယားတာ၊ အရေပြားယားယံတာနဲ့ အင်ပြင်ထတာ စတဲ့ ဓာတ်မတည့်မှုဆိုင်ရာ ဝေဒနာတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဒီဆေးက ဟစ်စတာမင်းလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ်မှ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာထွက်ရှိမှုကို ဟန့်တားပေးပါတယ်။

(၅) ပန်းနာရင်ကျပ်ရောဂါ ရှိသူများ ဆောင်ထားသင့်သော ရှူဆေး

ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေအတွက် ဓာတ်မတည့်မှုကြောင့် ရောဂါထတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားထားတဲ့ ရှူဆေးကို အမြဲဆောင်ထားသင့်ပါတယ်။ ဒီရှူဆေးက အသက်ရှူလမ်းကြောင်းတစ်ဝိုက် တင်းရင်းကျပ်သွားစေတဲ့ ကြွက်သားတွေကို အနားရစေလို့ပါ။

(၆) Epinephrine ထိုးဆေး

ပြင်းထန်တဲ့ ဓာတ်မတည့်မှုကို အရင်က ဖြစ်ဖူးပါသလား။ ဒီလိုဓာတ်မတည့်မှုဟာ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တာကြောင့် သင့်ဆေးအိတ်ထဲမှာ EpiPen နဲ့ Twinject တို့လို ထိုးဆေးကို ဆောင်ထားသင့်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ သွေးဖိအား သိသိသာသာ လျော့ကျတာတို့ ဖြစ်စေနိုင်လို့ပါ။ အချိန်မီ ကုသမှု မခံယူရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

(၇) ဓာတ်မတည့်မှု သက်သာစေသော ခေါင်းအုံးစွပ်

ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ ခရီးသွားမယ်ဆိုရင်တော့ သင့်အိမ်က ဖုန်ပိုးတွေကို ကာကွယ်နိုင်တဲ့ ခေါင်းအုံးစွပ်ကို ဆောင်ယူသွားဖို့ လိုပါတယ်။
 
===================================================
 
 
အာသီးဘာကြောင့် ရောင်တာလဲ....

အာသီးက လူတိုင်းမှာရှိပါတယ်။ ရောဂါပိုးတခုခု သွေးထဲဝင်လာရင် ကာကွယ်နိုင်တဲ့ တွန်းခံအားပေးနိုင်တဲ့ အစိတ်အပိုင်းတခုလို့ အကြမ်းဖျင်း မှတ်ထားပါ။ အဲဒီအာသီးကိုမှ ပိုးဝင်တွယ်တော့ ရောင်လာနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာ ...ပိုဖြစ်တတ်ပါတယ်။ ရေခဲရေ၊ ရေခဲမုန့်နဲ့ အအေးစိမ်ထားတဲ့ အသီးအနှံဖျော်ရည် တွေကို အမြဲစားသောက်ရင် ဖြစ်တတ်ပါတယ်။ ဖုန်ထူထူ၊ လူထူထူသွားရင် အငွေ့အသက်တွေက တဆင့်လည်း ပိုးဝင်ပြီး ရောင်နိုင်ပါတယ်။

အာသီးရောင်ခြင်းရဲ့ ဆိုးကျိုးကတော့ အာသီးရောင်ရင်းနဲ့ ပိုကြီးလာပါတယ်။ အပြင်ယံတွေမှာ ပြည်ဝတ်တွေ ကပ်နေသလို ဖြစ်တတ်ပါတယ်။ အချို့ဆို အလွန်အမင်း ကြီးလာတဲ့အတွက် အသက်ရှူတောင် ကျပ်လာနိုင်တယ်။ အသံလည်း ၀င်နိုင်တယ်။ လည်ပင်းတအားနာသလိုဖြစ်မယ်။ ဒီထက်ပိုဆိုးတာက အာသီးမကြာခဏရောင်ရင် လေးဖက်နာသဘောဖြစ်နိုင်တယ်။ နှလုံးအထိ ထိခိုက်နိုင်တယ် ဆိုတာပါပဲ။ အဲဒါကို ကာကွယ်ချင်ရင် အခုပြောခဲ့တာတွေ ရှောင်ပါ။

Vitamin C ကို အမြဲသောက်ပါ။
 
Photo: အာသီးဘာကြောင့် ရောင်တာလဲ....

အာသီးက လူတိုင်းမှာရှိပါတယ်။ ရောဂါပိုးတခုခု သွေးထဲဝင်လာရင် ကာကွယ်နိုင်တဲ့ တွန်းခံအားပေးနိုင်တဲ့ အစိတ်အပိုင်းတခုလို့ အကြမ်းဖျင်း မှတ်ထားပါ။ အဲဒီအာသီးကိုမှ ပိုးဝင်တွယ်တော့ ရောင်လာနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာ ပိုဖြစ်တတ်ပါတယ်။ ရေခဲရေ၊ ရေခဲမုန့်နဲ့ အအေးစိမ်ထားတဲ့ အသီးအနှံဖျော်ရည် တွေကို အမြဲစားသောက်ရင် ဖြစ်တတ်ပါတယ်။ ဖုန်ထူထူ၊ လူထူထူသွားရင် အငွေ့အသက်တွေက တဆင့်လည်း ပိုးဝင်ပြီး ရောင်နိုင်ပါတယ်။ 

အာသီးရောင်ခြင်းရဲ့ ဆိုးကျိုးကတော့ အာသီးရောင်ရင်းနဲ့ ပိုကြီးလာပါတယ်။ အပြင်ယံတွေမှာ ပြည်ဝတ်တွေ ကပ်နေသလို ဖြစ်တတ်ပါတယ်။ အချို့ဆို အလွန်အမင်း ကြီးလာတဲ့အတွက် အသက်ရှူတောင် ကျပ်လာနိုင်တယ်။ အသံလည်း ၀င်နိုင်တယ်။ လည်ပင်းတအားနာသလိုဖြစ်မယ်။ ဒီထက်ပိုဆိုးတာက အာသီးမကြာခဏရောင်ရင် လေးဖက်နာသဘောဖြစ်နိုင်တယ်။ နှလုံးအထိ ထိခိုက်နိုင်တယ် ဆိုတာပါပဲ။ အဲဒါကို ကာကွယ်ချင်ရင် အခုပြောခဲ့တာတွေ ရှောင်ပါ။ 

Vitamin C ကို အမြဲသောက်ပါ။
 
 
 
 
Credit Mg Mandalay
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................