ခွင့်လွတ်ခြင်းဆိုတာ နောက်ထပ်တကြိမ် အခွင့်အရေးပေးခြင်း
◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙ ◙◙◙◙◙◙◙◙◙◙◙◙
ခွင့်လွတ်တာကို ဘယ်လိုပြသင့်လဲ............ .။
လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။ ဒီလိုမျိုးအကြိမ်ပေါင်းများစွာ
စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာ လင်းလာခဲ့တယ်.။ ဒီလို
စမ်းသပ်အောင်မြင်တော့ သူတင်မကဘူး.။ သူနဲ့ အတူတူ သုတေသန
လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကို ရင်ခုန်စွာနဲ့ ခံစားခဲ့ရတယ်.။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်ယူလာခိုင်းလိုက်တယ်.။
နောက်ထပ် စမ်းသပ်ခန်းသို့ အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်.။ တပည့်က
သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကို
ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး
လှေခါးပေါ်ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။
အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထင်ခဲ့တဲ့ မီးလုံးလေး
ကျကွဲသွားပေမဲ့ အက်ဒီဆင် က သူ့လက်ထောက်ကို အပစ်မတင်ခဲ့ဘူး။
“ ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲ ပြောခဲ့တယ်.။
သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပုအပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က အပြစ်မတင်ခဲ့..။ နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်ပြီး..၊ ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာသယ်ဆောင်နိုင်ခဲ့ တယ်။
ဒါကိုကြည့်နေတဲ့ အက်ဒီဆင် သူငယ်ချင်းတစ်ယောက်က အက်ဒီဆင်ကို တိုးတိုးကပ်ပြောတယ်.။
“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ .။ ထပ်ပြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ ..။ ”လို့ မေးတယ်။
ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း ပြုံးပြီးပြောတယ်.။
“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ အခွင့်အရေးပေးရတာ..။”
Reader Digest စာအုပ်ထဲကပါ.။
ကိုဇော် ခံစားပုံဖော်သည်.။
◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙◙
ခွင့်လွတ်တာကို ဘယ်လိုပြသင့်လဲ............
လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။ ဒီလိုမျိုးအကြိမ်ပေါင်းမျာ
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွာ
“ ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲ ပြောခဲ့တယ်.။
သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပုအပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က အပြစ်မတင်ခဲ့..။ နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်ပြီး..၊ ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာသယ်ဆောင်နိုင်ခဲ့
ဒါကိုကြည့်နေတဲ့ အက်ဒီဆင် သူငယ်ချင်းတစ်ယောက်က အက်ဒီဆင်ကို တိုးတိုးကပ်ပြောတယ်.။
“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ
ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း ပြုံးပြီးပြောတယ်.။
“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘ
Reader Digest စာအုပ်ထဲကပါ.။
ကိုဇော် ခံစားပုံဖော်သည်.။
Soup for Soul (motivational essays)
0 comments:
Post a Comment