~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 15 September 2012

မျက်ကပ်မှန် မချွတ်ဘဲ ရေကူးသူများ၊ မျက်ကပ်မှန်ကို ကြုံရာ ရေနှင့်ဆေးကြောသူများတွင် မျက်စိကွယ်နိုင်



 မျက်ကပ်မှန်မချွတ်ဘဲ ရေကူးလျှင် မျက်စိကွယ်နိုင်

 
...
ဘုံဘိုင်ရေ၊ ရေပန်းနှင့် ရေ ကူးကန်များတွင် တွေရှိရသော အမီဘား(amoeba)ပိုးအသေများ သည် မျက်ကပ်မှန်အသုံးပြုသူများ၏မျက်လုံး (Eyeball)ကို စားခြင်း အားဖြင့် မျက်စိကွယ်စေသည်ဟု သိရှိ ရသည်။ ယင်းပိုးကို Acanthamoeba ဟုခေါ်ပြီး ဖုန်မှုန့်များတွင် တွေ့ရှိ ရသောကပ်ပါး ပိုးတစ်မျိုးဖြစ်သည်။ အမီးဘားပိုးဝင်မှု ကြိမ်ရေကို လူနာ များတွင် တွေ့ရနည်းသော်လည်း ဖြစ်ပွားလာခဲ့ပါက ကုသမှုကာလ ကြာရှည်မှု၊ မျက်လုံးနာကျင်ရောင် ရမ်းမှုရှိပြီး လုံးလုံးပျောက်ကင်းမှုမရှိ သောရောဂါတစ်မျိုးဖြစ်သည်။ နှစ်စဉ် ဗြိတိန်လူမျိုးများကို မျက်စိကွယ်စေ သောပိုးတစ်မျိုးလည်းဖြစ်သည်။

  မျက်စိအတွင်းသို့ အမီးဘားပိုး ဝင်ရောက်ခြင်းကြောင့် မျက်လုံးယား ယံခြင်း၊ မျက်ရည်အဆက်မပြတ်ကျ ခြင်း၊ အမြင်မှုန်ဝါးခြင်း၊အလင်းရောင် ကို မခံနိုင်ခြင်း၊ အပေါ်မျက်ခွံရောင် ယမ်းခြင်း၊ အလွန်အမင်း မျက်လုံးနာ ကျင်ခြင်းတို့ကို ခံစားရနိုင်ပြီး မျက်ကပ် မှန်တပ်ဆင်သူများကို အဓိကခြိမ်း ခြောက်နေသည်ဟု အနောက်ပိုင်း စ ကော့တလန်တက္ကသိုလ်မှ သုတေသီ Fiona Heriquez ကပြောကြား သည်။

  ယခုလေ့လာမှုတွင်ပါဝင်သူ မျက်စိအထူးကုဆရာဝန် Dr. Gra- eme Stevenson က အမီဘားပိုး သည် ရေကူးရာတွင် မျက်ကပ်မှန် မချွတ်သူများ၊ မျက်ကပ်မှန်ကို ကြုံရာ ရေနှင့်ဆေးကြောသူများတွင် ကူးစက် တတ်သည်ဟုဆိုပါသည်။ ပိုးဝင်ရောက် နေသောမျက်ကပ်မှန်ကို တပ်ဆင် လိုက်သည့်အခါ မျက်လုံး၏အပြင် ဘက်မျက်ကြည်လွှာကို အမီဘားက စားပစ်သဖြင့် တစ်ပတ်အတွင်း အမြင် အာရုံဆုံးရှုံးနိုင်ကြောင်း သိရသည်။
 
မျက်ကြည်လွှာကို ပိုးဝင်ပြီးပါကလည်း မျက်ကြည်လွှာအနာရွတ်ကိုဖြစ်စေသ ဖြင့် ဘဝ၏ပြတင်းပေါက်ဖြစ်သော မျက်ကြည်လွှာကို ပျက်စီးစေပါသည်။ Dr.Stevenson က ဆက်လက်၍ ဗြိတိန်နိုင်ငံတွင် နှစ်စဉ် မျက်လုံးတွင်း အမီးဘားပိုးဝင်မှုကို (၇၅)ဦးခန့်တွေ့ ရှိရကြောင်း၊ ဖြစ်ပွားရသည်မှာ မျက် ကပ်မှန်အသုံးပြုသူများသည် မျက်စိ အထူးကုဆရာဝန်များ၏ မှာကြား ချက်ကို မလိုက်နာသောအပြုအမူ များဖြစ်သည့်မျက်ကပ်မှန်ဆေးရည် မဟုတ်သောပြင်ပရေဖြင့် မျက်ကပ် မှန်ဆေးကြောခြင်း၊ မျက်ကပ်မှန် မ ချွတ်ဘဲရေကူးခြင်း၊ ရေပန်းဖြင့် ရေချိုး ခြင်းတို့ကြောင့်ဖြစ် ကြောင်းကို သုံး သပ်ခဲ့သည်။
 
ကုသမှုမှာ ဒက်တော (Dettol) အခြေခံထားသည့်မျက်စဉ်း ဖြင့် မိနစ်(၂ဝ)လျှင် (၁)ကြိမ်ကျ ခတ် ပေးရပြီး ဆေးရုံတွင် သုံးပတ်ခန့် တက်ရောက်ကုသရပြီး ရောဂါဆိုး ရွားလျှင် မျက်ကြည်လွှာ အစားထိုးရ ခြင်းပင်ရှိနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။
 
 
Health Updates Journal
No-1,Vol-33
 ငြိမ်းအေး
ref: IANs

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................