~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 8 August 2012

Windows 7 မှာ အသံမလာဘူးဆိုရင်..


Windows 7 မှာအသံမလာဘူးဆိုရင်



ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။ကျွန်တော်နည်းသုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်..။တစ်ခုပြောချင်ပါတယ်..
မေးထားတာတွေကိုချက်ချင်းပြန်မဖြေပေးနိုင်ဘူးဆိုတာကျွန်တော်မေးထားတဲ့မေးခွန်းတွေနဲ့ပါတ်သတ်ပြီး
အဆင်ပြေပြီးအသုံးဝင်မဲ့အဖြေမျိုးကိုပဲအတက်နိုင်ဆုံးပေးချင်ပါတယ်..။ဖြေသာဖြေလိုက်ပြီးအဆင်မပြေဘူး
ဆိုရင်လဲဘာမှမထူးပါဘူး..။အခုကျွန်တော် Windows 7 မှာ Audio ပြသနာတက်နေတာနဲ့ပါတ်သတ်ပြီးမေး
ထားတာလေးတွေနဲ့ပါတ်သတ်ပြီးကျွန်တော်လေ့လာမိသလောက်အဆင်ပြေမယ်ထင်တဲ့နည်းလမ်းတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်.။

အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ Sound Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။





အောက်ကပုံမှာပြထားသလိုအဆင့်ဆင့်သွားပြီးလုပ်ရင်လဲရပါတယ်..။






နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး Google မှာမိမိစက်မှာလိုအပ်မဲ့ Sound Driver
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။









အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ Audio Driver လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။



နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။ ။ Sound Card သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး http://152.104.125.41/Default.aspx ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို
HD Audio Codec Driver ကို Click ပေးလိုက်ပါ.။ပြီးရင် I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။ ပီးရင်တော့ မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့ Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။










ဒီလောက်ဆိုရင်တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....

အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ....


credit http://www.nayminmaung.info

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................