~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 20 August 2012

Tips to improve your wordpress Blog

  1. WordPress Version Update ဖြစ်နေပါစေ
    ဒါကတော့ သိပ်တော့ပြောဖို့လိုမယ်မထင်ပါဘူး လူတိုင်းလည်းသိမှာပါ Security Reason အပါအ၀င်အကြောင်းအမျိုးမျိုးကြောင့် Update လုပ်ထားတဲ့ နောက်ဆုတ် Version ကိုအသုံးပြုပါ
  2. admin Name ကို admin မဖြစ်စေပါနဲ့
    Wordpress
    ကို စသွင်းတဲ့အချိန်မှာ Default Admin Name ဟာ Admin ပဲဖြစ်ပါတယ် ဒီ Admin ကို အခြားသော Name တစ်ခုခုကိုပြုလုပ်ခြင်းဖြင့် Attacker ဟာ Password ကို Guess လုပ်နိုင်ရင် ဖြစ်ဖြစ် Shoulder Surfing လုပ်သွားလို့သိရင်ဖြစ်ဖြစ် အလွယ်တကူဝင်နိုင်မှာမဟုတ်ပါဘူး ;-)
  3. Data Base Table ကို wp_ မဖြစ်ပါစေနဲ့
    ပုံမှန် WordPress Installation လုပ်တဲ့အခါမှာ Database Table မှာ wp_ ပါ ဒီလိုမျိုး wp_ table Name Style ကို SQL Injecting Tool တော်တော်များများမှာ Feature တစ်ခုအနေနဲ့ပါပါတယ် ဒါကြောင့် တခြားနာမည်ဆို Tool တွေနဲ့ Inject လုပ်လို့ရမှာမဟုတ်တော့ပါဘူး
  4. WP Version ကို Public မဖြစ်စေပါနဲ့
    အကယ်၍ ကိုယ်သုံးနေတဲ့ Version ကို အကြောင်းအမျိုးမျိုးကြောင့် Update လုပ်နိုင်ခြင်းမရှိဘူး Update မလုပ်ဖြစ်တဲ့အခါမှာ အကူအညီပေးနိုင်ပါတယ် ဥပမာ ကျွန်တော့်ဆိုဒ်ကို မအားလို့ဆိုပြီး WordPress 3.3.1 Update မလုပ်ဖြစ်သေးပါဘူး ဆိုဒ် Admin Panel ထဲ မအားလို့မ၀င်ဖြစ်တာကိုးဗျ ဒီတော့ ဆိုဒ်က WP Version 3.3 ပဲရှိသေးတယ် ကိုယ်က Update ထွက်တာကိုလည်းမသိဘူး ဟိုမှာ Version 3.3 က တသီကြီးပေါက်နေတယ် တကယ်လို့ဟက်ကာက ကိုယ့်ဆိုဒ်ကို စစ်လို့ version 3.3 ကြီးမှန်းတွေ့တာနဲ့ကြိတ်ခံရပြီ ဒီတော့ သူတို့မသိအောင် ပိတ်ထားနိုင်ရင် Update မဖြစ်မှန်းမသိဘဲနဲ့နောက်ဆုံး Version ပဲမှတ်ပြီး လက်လျှော့သွားရော ဒီလိုပေါ့ :-D ကိုယ့်ဆိုဒ်ရဲ့ WP Version ကိုမသိအောင် www.yoursite.com/readme.html က readme.html ကို ဖျက်လိုက်ပါ license.txt ကိုလည်း ဖျက်လိုက်ပါ ဒါ့အပြင် Theme တွေမှာလည်း WP Version တွေပါတတ်ပါတယ် ဒီလိုမျိုးဟာတွေအတွက်တော့ Design->Theme Editor က header file ထဲက <meta name=”generator” content=”WordPress <?php bloginfo(’version’); ?>” /> ကို ရှာပြီး ဖျက်ပစ်လိုက်ပါ
  5. wp- directory တွေအကုန်ကို Permission ပိတ်ပါ
     ပိတ်ရမယ့် ဟာတွေကတော့ wp-admin , wp-includes နဲ့ wp-content ပါ . ဘာကြောင့်လဲဆိုတော့ wp-includes ကိုကြည့်ုလိုက်ပါ www.yoursite.com/wp-includes ပေါ့ ဒါဆို wp-includes Folder အောက်က ဖိုင်တွေတွေ့ရပါ့မယ် wp-content လည်းထိုနည်းလည်းကောင်းပါပဲ wp-admin ဆိုရင်ပိုဆိုးတာပေါ့ လုံးဝမပြသင့်တာပေါ့ Search Engine က နေတောင်ရှာခွင့်မပေးသင့်ပါဘူး ဒါတွေကို FTP ကနေ Permission ပိတ်လိုက်ပါ ဒါမှမဟုတ်ရင်လည်း AskApache Password Protect” plugin ကို အသုံးပြုနိုင်ပါတယ်
  6. Theme တွေ Update ဖြစ်နေပါစေ
    ဟိုတစ်ခါကဖြစ်သွားဖူးပါတယ် Timthumb Plugin ပေါက်သွားတာလေ ကျွန်တော့်ဆိုဒ်မှာတောင် ရေးခဲ့ဖူးပါတယ် Theme တွေမှာအသုံးပြုတဲ့ timthumb.php ကနေ RFI ဆန်ဆန်ပေါက်သွားတဲ့ Vuln ကနေပြီးမှ WordPress Blog တော်တော်များများတိုက်ခိုက်ခံခဲ့ရပါတယ် လူတော်တော်များများကလည်း WP Core Version နှင့်  Plugin လောက်ကိုသာ Update လုပ်ဖို့ အားသန်ကြတာပါ Theme ဆိုရင် Update လုပ်ဖို့မေ့နေတတ်ကြပါတယ်  ;-) ဒါကြောင့် ဒါလေးလည်း မမေ့သင့်ပါဘူး 
  7. wp-config File ကို သတိပြုပါ
    အားလုံးသိကြတဲ့ အတိုင်း wp-config ဆိုတာ wordpress blog တစ်ခုရဲ့ အရေးကြီးဆုံးနေရာလို့ပြောလို့ရပါတယ် ဒီလိုမျိုး ဖိုင်ကို သေချာထိန်းသိမ်းသင့်ပါတယ် Permission ပိတ်ပါ ပြီးတော့ Directory ပြောင်းထားပါ ဥပမာ www.yoursite.com/wp-config.php လိုမျိုးကို www.yoursite.com/ghostarea/wp-config.php လိုမျိုးပေါ့
  8. Comment တွေမှာ html code လက်မခံပါနဲ့  Comment ပေးတဲ့နေရာမှာ html code အသွင်းမခံပါနဲ့ Hacker ရန်က မအေးဖြစ်နိုင်ပါတယ် ဒါကတော့ လွယ်ပါတယ် Setting မှာ ပြင်လို့ရတာပဲ ;-)
  9. Plugin Directory ကို သတိပြုပါ   www.yoursite.com/wp-content/plugins ဆိုရင် ကျွန်တော်တို့ဆိုဒ်မှာ သွင်းထားသမျှ Plugin တွေကို တသီတတန်းကြီးမြင်ရမှာပါ အကယ်၍များ Plugin တွေကို Exploit စစ်ပြီး အဖောက်ခံရနိုင်ပါတယ် ဒါကြောင့် www.yousite.com/wp-content/plugins က index File ကို ဆိုဒ်ရဲ့ www.yousite.com က index file နဲ့အစားထိုးထားပါ
  10. WP-content/plugins အောက်ကမဟုတ်တဲ့ plugin တွေကို သတိထားပါ  Shell လိုဖိုင်မျိုးလည်းဖြစ်တတ်ပါတယ် ဒါပေမယ့် ပုံမှန်အားဖြင့်တော့ wp-content/plugins အောက်က ဖိုင်တွေကိုသာ Anti-virus ကစစ်လေ့ရှိပါတယ် ဒါကြောင့် ပိုပြီး စိတ်ချရအောင် wp-content/plugins ထဲကမဟုတ်တဲ့ Plugin တွေကို ဖျက်ပစ်ပါ
  11. Login ကို Encrypted လုပ်ပြီး ၀င်ပါ  ပုံမှန်အတိုင်းကျွန်တော်တို့ Login ၀င်တဲ့အခါမှာ Public Network ကသုံးရင် Sniff ခံရနိုင်ပါတယ် SNiff ခံရရင်လည်း Plain Text ကြီးနဲ့သာဖြစ်တဲ့အတွက် Password ခိုးယူခံရနိုင်ပါတယ် ဒါကြောင့် (http://wordpress.org/extend/plugins/chap-secure-login/) Chap Secure Login လို Plugin မျိုးကို အသုံးပြုပြီး Login ၀င်တဲ့ Password များကို Encrypt လုပ်ပြီးသွားနိုင်ပါတယ် Chap Secure Login Plugin ဟာ CHAP Protocol ကိုအသုံးပြီး Random Hash ဖြင့် Encrypt လုပ်ပြီး Password တွေကိုသယ်ဆောင်ပါတယ်
  12. Sorry,Brute Force    Hacker တွေရဲ့ Brute Force ရန်မှ ကာကွယ်ဖို့အတွက် Login Lock Down Plugin ကိုအသုံးပြုပြီး http://wordpress.org/extend/plugins/login-lockdown/ ကာကွယ်ပါ Login Lock Down Plugin ဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့အရေအတွက်ထက်ပိုပြီး Login ၀င်ရောက်ခြင်းကိုကာကွယ်ပါတယ် လိုအပ်ရင် IP ပါ Deny ပေးပါတယ်
  13. login Link ပြင်ပါ  ပုံမှန်အားဖြင့် www.yoursite.com/wp-admin ဟာ Admin Login Page ပါ ဒါကို Hide-login လို plugin လိုမျိုးသုံးပြီး ဆိုဒ်ရဲ့ Login Page Directory ကိုပြင်နိုင်ပါတယ် ဥပမာ www.yoursite.com/loginarea လိုမျိုးပေါ့
  14. ဆိုဒ်ကို Scan ဖတ်နေပါ  Blog ကို အပတ်စဉ်ဖြစ်ဖြစ် လစဉ်ဖြစ်ဖြစ် Scan လုပ်တာဟာ မလွန်ပါဘူး ဥပမာ wordpress Firewall 2 လို Plugin လိုမျိုးသွင်းထားပြီး အမြဲ Scan ဖတ်နေပါစေ ဟိုတစ်နေ့ကပဲ ကျွန်တော့်ဆိုဒ်မှာ အသစ်တင်လိုက်တဲ့ Plugin မှာ RFI ပေါက်နေပါတယ် ချက်ချင်းပဲ Firewall က ကျွန်တော့်ကို Exploit ပြပြီး ဖျက်ပစ်လိုက်ကြောင်း မေးလ်ပို့ပါတယ် အဲ့ဒီလိုမျိုး Plugin တွေဖြစ်တဲ့ wp-scan security လိုမျိုး Plugin တွေသုံးပြီး Blog ကို စစ်နေသင့်ပါတယ်
  15. Anti-virus  WP မှာ Anti-virus ဆိုတဲ့ plugin ရှိပါတယ် အဲ့ဒီ့ Plugin ဟာဆိုရင် Spam Injection လိုမျိုး Exploit တွေလိုမျိုးအပြင် Shell Link တွေကိုပါ စစ်ပေးပါတယ်
  16. ပုံမှန် BackUp လုပ်ပါ  အကယ်၍ ကိုယ့် Host Server ကြီးတစ်ခုလုံး Root အထိုင်ခံရတဲ့အခါမျိုးမှာ ကိုယ့်ဆိုဒ်ပါ Hack ခံရသွားနိုင်ပါတယ် ဒါကြောင့် ပုံမှန် Back Up လုပ်တာကိုတော့ လုံးဝမလွန်ပါဘူး

WordPress ဟာ ပုံမှန်အတိုင်းဆိုရင်တောင် အလွန် စိတ်ချဖွယ်ကောင်းတဲ့ CMS တစ်ခုပါ ဘာမှဂရုမစိုက်ဘဲတောင်သုံးလို့ရပါတယ် သို့သော်လည်း ကိုယ့်ဆိုဒ်ဟာ ပစ်မှတ်တစ်ခုသဖွယ် တိုက်ခိုက်ခံရသူတွေအတွက် Security ဟာ အသက်လို အရေးပါတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ် ကျေးဇူးတင်ပါတယ်


Wordpress Security by Negative Thunder

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................