~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 24 August 2012

မြန်မာ့အလုပ်သမားဝန်ကြီးဌာနနဲ့ Singapore နိုင်ငံပူးပေါင်း၍ National Skill Standard Authority ထူထောင်ခြင်း

မြန်မာ့အလုပ်သမားဝန်ကြီးဌာနနဲ့ Singapore နိုင်ငံပူးပေါင်း၍ National Skill Standard Authority ထူထောင်ခြင်း


မြန်မာနိုင်ငံသည် ပြည်တွင်းရှိကျွမ်းကျင်အလုပ်သမားများလုံလောက်စေရေး၊ ဖြစ်ပေါ်တိုးတက်လာမည့်စီးပွားရေးအနာဂတ်အတွက်ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စင်္ကာပူနိုင်ငံ၏ အလုပ်သမား စံသတ်မှတ်ချက်စည်းမျဉ်းပုံစံများအတိုင်း ကျင့်သုံးရန်ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံ အလုပ်သမား ဒုတိယ၀န်ကြီး ဦးမြင့်သိန်းသည် ပြီးခဲ့သောရက်ပိုင်းအတွင်းက စင်္ကာပူနိုင်ငံရှိ Highler Learning Institutes များနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်တွင်းရှိအလုပ်သမားများကို တကယ်အကျိုးပြုမည့် Vocational Training သင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာများပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် Singapore Polytechnic ၏ ကျောင်းအုပ် Mr. Tan Hang Cheong ကို နေပြည်တော်သို့ အထူးဖိတ်ခေါ်ပြီး စင်္ကာပူ၏နည်းပညာကျွမ်းကျင်မှု၊ တိုးတက်မှုဗျူဟာများကို မြန်မာပြည်တွင်လည်း ဘယ်လိုအသုံးချနိုင်မည့်နည်းလမ်းများကိုတိုင်ပင်ခဲ့ကြပါသည်။


“ကျွန်တော်တို့ တိုင်းပြည်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတော့မယ်ဆိုရင် Certified ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားတွေလိုပါတယ်။ အထူးသဖြင့် ASEAN အပြည့်အ၀ Integrate ပူးပေါင်းဖို့ရာမယ် ၂၀၁၅ အမှီ အရည်အချင်းပြည့်ဝတဲ့ လုပ်သားတွေ Industry တိုင်းမှာရှိနေရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့က နိုင်ငံတော်က သတ်မှတ်ပေးတဲ့ National Certification ပုံစံမျိုးကို စဉ်းစားနေပြီး အလုပ်သမားတွေလည်း ASEAN တွင်း လွတ်လပ်စွာသွားရောက်လုပ်ကိုင်နိုင်အောင်၊ နိုင်ငံခြားကုမ္ပဏီတွေလည်း ကျွန်တော်တို့ အလုပ်သမားတွေကို ယုံကြည်စိတ်ချအောင် ပြုလုပ်ပေးဖို့ကြိုးစားနေပါတယ်။” ဟု ဆွေးနွေးပွဲနဲ့ပတ်သက်၍ ဦးမြင့်သိန်းက ယခုလိုပြောကြားပါသည်။


(PHOTO CREDIT: CNA)

World Bank အဆိုအရ သူ သန်း ၆၀နီးပါးရှိသည့် မြန်မာနိုင်ငံတွင် ၉၀ ရာခိုင်နှုန်းကတော့ မူလတန်းပညာရေးပြီးဆုံးပါသည်။ သို့သော် ၃၀ရာခိုင်နှုန်းခန့်သာ High School တက်နိုင်ပြီး ကျောင်းပြီးပါသည်။ ပြည်တွင်းရှိ လုပ်ငန်းခွင်သုံးပညာရပ်များသင်ကြားပို့ချပေးသည့် သင်တန်းများမှာ အမျိုးပေါင်းစုံလင်စွာရှိသော်လည်း သေချာစိစစ်မပြုစုမခွဲခြားထားသဖြင့် အလုပ်သမားကော အလုပ်ရှင်များပါအခက်အခဲတွေ့လေ့ရှိနေပါသည်။ “၀န်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ဌာန၊ သူတို့လုပ်ငန်းအတွက် ၀န်ထမ်းတွေကို Training တွေစေလွှတ်ပါတယ်။ သင်ယူစေပါတယ်။ ဒါတွေဟာ တစ်သီးတစ်ခြား သတ်သတ်မှတ်မှတ်မရှိတဲ့အတွက် ကျွန်မတို့ စံသတ်မှတ်တဲ့ စနစ်တစ်ခုကိုလိုအပ်နေပါပြီဟု” Electrical နဲ့ Welding courses တွေကို ပို့ချပေးနေသည့် သင်တန်းကျောင်း၏တာဝန်ရှိသူ ဒေါ်ခင်မာအေးက လည်းဖြည့်စွက်ပြောကြားပါသည်။

လက်ရှိ အလုပ်သမားဥပဒေသည် ၁၉၅၀ခုနစ်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေတွင် National Standards တင်းတင်းကျပ်ကျပ် ထားရှိရန်မပါဘဲ ပုဂ္ဂလိကကုမ္ပဏီများကို တိုက်တွန်းယုံမျှသာဖော်ပြထားပါသည်။ ထို့အတွက် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကို ယခုကဲ့သို့ အလုပ်သမားဥပဒေသစ်မူကြမ်းတင်သွင်းပြီး ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် အလုပ်သမားဝန်ကြီးဌာနသည် Singapore’s Workforce Skills Qualifications (WSQ) စနစ်ကို နမူနာယူ၍ဆောင်ရွက်မှာပါ။ အဆိုပါစနစ်သည် တစ်တိုင်းပြည်လုံးရှိ Industry တိုင်း (ဥပမာ – Engineering, HR, Tourism, Accounting) စသည်တို့တွင်အကျိုးသက်ရောက်မည်ဖြစ်ပြီး တိကျတဲ့ Training, Test and Certification တွေကိုကွပ်ကဲပေးမည့်စနစ်ဖြစ်ပါသည်။

ဤပထမအဆင့်တွင် Singapore Polytechnic သို့ မြန်မာပြည်မှ အသစ်ဖွဲ့စည်းလိုက်သည့် National Skill Standard Authority (NSSA) ဌာနမ မြန်မာ့ဝန်ထမ်း ၃၀ ကိုစေလွှတ်၍ Polytechnic မှ ကျွမ်းကျင်ပညာရှင်များမှ လိုအပ်သည့်ဘာသာရပ်များ လုပ်ထုံးများကို သင်ကြားပို့ချပေးမှာဖြစ်ပါသည်။ ဒုတိယအသုတ်ကိုတော့ စက်တင်ဘာလထဲတွင် ရန်ကုန်မြို့မှာ Workshop တစ်ခုထပ်လုပ်ပေးမှာပါ။
နေပြည်တော်တွင်ကျင်းပပြုလုပ်သော ပူးပေါင်းဆောင်ရွက်မှုအကျိုးတူ လက်မှတ်ရေးထိုးမှုအခမ်းအနားတွင် Singapore Polytechnic ၏ကျောင်းအုပ် Mr. Tan Hang Cheong မှ ယခုလိုပြောကြားသွားပါသည်။

“ဘာသာစကားနဲ့ လုပ်ငန်းခွင်လုပ်ထုံး ယဉ်ကျေးမှုကွာဟချက်တွေကတော့ အဓိကကျော်လွှားရမဲ့အတားအဆီးတွေဖြစ်ပါတယ်။ ဒါပေမဲ့ Right Attitude၊ ကြိုးစားတဲ့စိတ်ဓါတ်ထားမယ်ဆိုရင် လာရောက်သင်ယူတဲ့လူတွေအားလုံး သင်ကြားပေးရတဲ့ ဆရာတွေအားလုံးအတွက် အကျိုးအများကြီးဖြစ်ထွန်းမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ ကျွန်တော်တို့က ယခုလိုလာပြီးကူညီသင်ကြားပြသပေးရာမှာ သင်ပေးဖို့သက်သက်သာမဟုတ်ပါဘူး၊ ကျွန်တော်တို့လည်း Myanmar လူမျိုးတွေဆီက အများကြီးသင်ယူရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ဇွဲရှိရှိပူးပေါင်းလုပ်ဆောင်မှုတွေကြိုးစားစိတ်ထက်သန်မှုတွေကိုလည်းလေးစားပါတယ်။” ယခုပြုလုပ်မဲ့ ပူးပေါင်း Project ကို စင်္ကာပူနိုင်ငံ၏အကြီးဆုံး ပရဟိတအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် Temasek Foundation မှ ဒေါ်လာ ၂သိန်း ထောက်ပံ့ပေးသွားမှာပါ။ “အာရှတစ်ခွင်လုံးမှာ Vocational Training (လုပ်ငန်းခွင်သုံးဘာသာရပ်သင်တန်း) တွေလိုအပ်နေပါတယ်။

 Academic တက္ကသိုလ်တွေကနေ ဘွဲ့လွန်ပညာရှင်တွေ အသိပညာရှင် Scholar တွေမွေးထုတ်နေယုံနဲ့မပြီးပါဘူး၊ တကယ်ပူးပေါင်းလုပ်မဲ့ အတတ်ပညာရှင်၊ ကျွမ်းကျင်သူတွေအများကြီးရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်” ဟု Temasek Foundation CEO Benedict Cheong က လည်း အခုလိုပြောကြားသွားခဲ့ပါတယ်။

MyanmarJobsDB အနေနဲ့လည်း မြန်မာ့အလုပ်သမားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့် Human Resources အပြည့်အ၀ရှိရေးအတွက် တတ်နိုင်သမျှ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ လိုအပ်သည်များကိုလည်းအကြံပေးဝေဖန်စေလိုပါသည်။ အားလုံးပဲ အလုပ်အကိုင်ကောင်းများရရှိပြီး အဆင်ပြေနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။



Reference: CNA

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................