~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday, 10 August 2012

အိအိမွန် နဲ့ အိအိချွန် ညီအစ်မ နှစ်ဦးက ဇာတိမြို့မှာ စာသင်ကျောင်း နဲ့ ကျောင်းစာကြည့် တိုက် ဆောက်လုပ် လှူဒါန်း ( Respect )

အိအိမွန် နဲ့ အိအိချွန် ညီအစ်မ နှစ်ဦးက ဇာတိမြို့မှာ စာသင်ကျောင်း နဲ့ ကျောင်းစာကြည့် တိုက် ဆောက်လုပ် လှူဒါန်း
 
အိအိမွန် နဲ့ အိအိချွန် ညီအစ်မနှစ်ဦး က သူတို့ နှစ်ဦးမွေးဖွား ကြီးပြင်းခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦး မြို့
နယ်ရှိ ထန်းတောဗော ဓိကျေးရွာ မှာ စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း နဲ့ ရေပေးဝေ လှူဒါန်း ခြင်း အပြင် စာကြည့်တိုက်ဆောက် လုပ် လှူဒါန်းပေး ပြီး စာ သင်ကျောင်း ရှိ အိမ်ရာ များ ကို ပါ အဆင့်မြှင့် တင်ပေးသွား မှာဖြစ်တယ် လို့ အိအိမွန် နဲ့ အိအိချွန် ညီအစ်မနှစ်ဦး ကပြော လာပါတယ်။
 
”ငယ်ငယ်တုန်း ကနေခဲ့တဲ့ ကျောင်းလေး မှာ ညီအစ် မနှစ်ယောက် ရ ထား တဲ့ အနု ပညာ ကြေးတွေ ကို စုပြီးတော့ လှူဒါန်းဖြစ် တာပါ။ ငယ်ငယ်တုန်း ကတော့ ကျောင်းတက် ဖို့ အတွက် ဒုက္ခတွေ လည်းရောက်ခဲ့ ရတယ်။ စာ သင် ချိန်တွေ ကို လည်း ကောင်းကောင်း မသင်ခဲ့ရဘူး။ အဲဒါကြောင့် အခု လာတဲ့ ကလေးတွေကို ကျွန်မတို့ လို မဖြစ်စေချင် ဘူး။ မြို့မှာဆိုရင် တအား တိုးတက်နေပြီ။ ကျွန်မတို့ တက်ခဲ့ ရတဲ့၊ နေခဲ့ရတဲ့ကျောင်းလေး ကို လည်း တိုးတက်စေ ချင်တဲ့ အတွက် ထောက်ပံ့ လှူဒါန်း ပေးတာပါ” လို့ အိအိ မွန် ကပြော ပါတယ်။ စာ သင်ကျောင်း နဲ့ ကျောင်း စာကြည့် တိုက် အစစ အရာ ရာ အားလုံးကို ဆောက်လုပ်ပြီးစီး သွားပြီဖြစ် တဲ့အတွက် ဖွင့်ပွဲ ကိုတော့ သြဂုတ် ၁၅၊ ၁၆ ရက်လောက် မှာ ပြုလုပ် သွား ဖို့ရှိမှာ ဖြစ်တယ် လို့ အိအိမွန် က ဆက်လက်ပြောပြ ပါတယ်။
 
”အားလုံး ကိုတော့ ဆောက်လုပ် ပြီး စီး သွားပြီ။ ဖွင့်ပွဲ လုပ်ဖို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဗိုလ် ချုပ် သာအေး ကိုယ်တိုင် လာ ဖွင့်ပေးမှာ ဆိုတော့ သူ့ကိုစောင့် နေ တာပါ။ သူအားတဲ့ ရက် အပေါ် ကို မူတည် ပြီးတော့ လုပ်ရမှာပါ” လို့ပြော ပါတယ်။ အိအိ မွန်၊ အိအိ ချွန် ညီအစ်မနှစ် ဦးအနေ နဲ့ ပရိ သတ် တွေ ဆီက ရရှိတဲ့ အနုပညာငွေကြေးနဲ့ တတ် နိုင် သလောက် လှူဒါန်းမှုတွေ ကိုပြုလုပ် သွား မှာဖြစ်တဲ့ အတွက် ပရိသတ်တွေ ရဲ့ ကျွေးမွေး တဲ့ အနု ပညာငွေကြေး များ ကို အလဟဿ မဖြုန်းတီးပြစ်ပါ ဘူး လို့ အိအိမွန် ကပြောပါ တယ်။
 
 ”အခု လို ပရိသတ်တွေ ဆီကရတဲ့ အနုပညာငွေကြေးနဲ့ လှူရတာ ဆိုတော့ တအား လည်းဝမ်းသာ တယ်။ ဒီထက်မက လည်း ထပ် ပြီးတော့ လှူဒါန်း ချင်တယ်။ ကိုယ် တတ်နိုင် သလောက်တော့ လှူဒါန်းချင် တယ်။ အခု ကျောင်း မှာ ကျောင်းဆေးခန်းလေး လိုအပ် တယ်။ အဲဒါလေး ကိုလည်း ထပ်လုပ်ဖို့ အတွက် စီစဉ်နေပါ တယ်” လို့ အိအိမွန် က လှူဒါန်း မှု နဲ့ ပတ်သက် ပြီး ပြောပြခဲ့ ပါတယ်။

ထက်လူ
Popular Journal
    • 7 people liked this.

Glad you liked it. Would you like to share?


Showing 6 comments

  • Aungsann07062012 1
    ဇာတိမြေကိုတော်တော်လေး သိတတ်တာဘဲ။ ငယ်ရွယ်သူလေးတွေဖြစ်ပေမယ့် သိပ်လေးစားဘို့
    ကောင်းတယ်။
  • tkm 1
    ဒါတောင်နာမည်မကြီးသေးဘူးနော်
    ကျန်တဲ့ရုပ်ရှင်လောက ကလူတွေအတုယူသင့်တယ်
  • အားမာန်1
    တကယ်တော်ပါတ်ယ်။ တခါမှမတွေ့ဖူးပါဘူး။ အနုပညာလမ်းကြောင်းပေါ်ရောက်တာတောင်သိပ်မကြာ
    သေးဘူး။ လူမှုရေးအလုပ်တော်တော်လုပ်တာ ချီးကျူးပါတယ်။ ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်း ပေးပါတယ်။ အားပေးနေမယ်။
  • Bbzaw 1
    ထန်းတောဗောဓိ ကျေးရွာ မဟုတ်ပါဘူး ဆရာသမား တို့ရယ်..... တင်းတိန်ရံကျေးရွာ က ထန်းတောဗောဓိ ကျောင်းပါ ဗျာ.........။ ရွာနားနီးချင်းတွေပါ ဗျာ...။ ခုတော့ နိုင်ငံကျော်တွေပေါ့ မုဒိတာ ပွားမိပါတယ်...။
  • Myo Myint 1
    သာဓု၊သာဓု၊သာဓုပါဗျာ၊ဒီလိုအသိအလိမ္မာရှိတဲ့ကလေးတွေကိုယ့်သားသမီးဖြစ်ရင်ဘယ်လောက်ကောင်းမလဲလို့တောင်စဉ်းစားမိပါတယ်၊ဒီလိုစိတ်ကောင်းရှိတဲ့ကလေးတွေဒီထက်အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
  • Thaingiyehtun 1
    I deeply respect both of you.
Reactions:

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................