~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 23 August 2012

တစ်ကယ်ကို လေးစားပါတယ် Myanmar Football Club Great fan



“ချစ်မြတ်နိုးမှုဆိုတာ ရင်ဘတ်ထဲက ပေါက်ဖွားလာတာ။ လုပ်ယူလို့ မရဘူး။ ခိုင်မာတယ်။ မြဲမြံတယ်။ ဘ၀ရဲ့ နောက်ဆုံး အချိန်ကို ချစ်တဲ့သူတွေနဲ့ အတူ ကုန်ဆုံးချင်တာပါ။ အဲဒီ ချစ်တတ်သူတွေမှာ သား၊ သမီးတွေ ပါမယ်။ မြေး၊မြစ်တွေပါမယ်။ ကျွန်တော့် အတွက်တော့ နည်းနည်းတောင် ထူးဆန်းချင်ပါတယ်။ ဟုတ်တယ်လေ။ ကျွန်တော်က ရန်ကုန်ယူနိုက်တက်နဲ့ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းချင်နေတာ”

နာမည်က ဦးမြင့်သိန်းတဲ့။ အသက်က (၆၄)နှစ်။ နေတာက ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၁-လမ်း၊ အိမ်နံပါတ် (၁၂၆)မှာ။ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်း ပွဲစဉ်တွေကို ကိုယ်ပိုင်အစီအစဉ်နဲ့ လိုက်ပါ အားပေးကြည့်ရှုနေသူ။

သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့မိတယ်။ ပထမတော့ အမှုမဲ့၊ အမှတ်မဲ့ပေါ့။ နောက်တော့ သူက ရန်ကုန်ယူနိုက်တက် ကစားသမားတွေရဲ့ ပုံတွေနဲ့ ပြုလုပ်ထားတဲ့ Vinyl လေး တစ်ခုလာပေးတယ်။

“သား…. အတွက် …..လက်ဆောင်တဲ့” ကြည့်လိုက်တော့ အလျား ၂ ပေ အမြင့် ၁ ပေ အရွယ်ရှိ Vinyl တွေ။

“ပုံတွေက မရှိဘူးလေ … ရန်ကုန်ယူနိုက်တက် Table Calendar ထဲက ပုံတွေကို သုံးပြီး လုပ်ထားတာ … နည်းနည်းတော့ ၀ါးနေတယ်တဲ့”

အဘ ဘာဖြစ်လို့ အဲဒါတွေ လုပ်တာလဲလို့ ကျွန်တော်က မေးတော့ သူ(ဦးမြင့်သိန်း) ပြန်ဖြေသွားတာက ရင်ဘတ်ထဲကို နင့်နေအောင် ဒိုင်းကနဲ ပြေးဆောင့်တယ်။

“ရန်ကုန်အတွက် အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီလေ။ ကစားသမားတွေ အားတက်အောင် လုပ်ပေးချင်တယ်။ ပရိသတ်ကလည်း အရေးကြီးတယ်။ ဒါကြောင့် Vinyl လေးတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ပြီး ကွင်းထဲမှာ လာကြည့်တဲ့ ပရိသတ်တွေကို ဝေတယ်။ နောက်ပွဲတွေလည်း လာအားပေးဖို့ ပြောတယ်။ ချမ်းသာလို့တော့ မဟုတ်ပါဘူး။ အဘက အသက် (၆၄)နှစ်ရှိပြီ။ ပင်စင်လစာ ၃၂၀၀၀ ရတယ်။ အဲဒီပိုက်ဆံနဲ့ Vinyl လေးတွေ လုပ်ခဲ့တာပါ။ ရန်ကုန်အသင်းပွဲတွေကိုတော့ နီးနီးဝေးဝေး ဘယ်တော့မှ မလွတ်ဘူး။ ပွဲတိုင်း လိုက်ကြည့်တယ်။ မနှစ်က ရန်ကုန်အသင်း ချန်ပီယံ ဖြစ်တော့ အရမ်းပျော်တယ်။ ဒီနှစ်လည်း ချန်ပီယံ ထပ်ဖြစ်စေချင်တယ်။ နောက်ဆုံး အချိန်ထိ အားပေးသွားမှာပါ”

ကျွန်တော့်ကိုယ် ကျွန်တော် ရှက်မိပါတယ်။ ဒီလို ပရိသတ်မျိုးတွေ ရှိနေတာကို မသိခဲ့တဲ့ အတွက်၊ မဖော်ထုတ် ပေးခဲ့တဲ့အတွက်။ သူက ရန်ကုန်အသင်းက ဘယ်သူနဲ့မှလည်း မသိပါဘူး။ ဒါပေမယ့် ရိုးရိုးလေးပါပဲ။ သူကြိုက်တဲ့ အသင်းကို သူရိုးရိုးလေး အားပေးတယ်။ ဘာအရောင်မှ မပါဘူး။ သူ့ရဲ့ ပင်စင် လစာလေးတွေကို ရန်ကုန်အတွက် အသုံးပြုတယ်။ အသက် (၆၄)နှစ်အရွယ် အဘိုးအို တစ်ဦးရဲ့ ရန်ကုန်အသင်းအပေါ် ရူးသွပ်မှုက ကျွန်တော့်ကို မင်သက်မိစေပါတယ်။ သူ့စိတ်ကူးလေးနဲ့ သူနိုင်သလောက် ၀န်ကိုထမ်းပြီး ရန်ကုန်အသင်း ပရိသတ်တွေ ကွင်းထဲရောက်လာအောင် ကြိုးစားတယ်။ သူ(ဦးမြင့်သိန်း) ဟာ တကယ့်ကို အာဂလူပါ။ ရန်ကုန်အသင်း ပရိသတ်တွေထဲမှာ ဒီလိုလူမျိုး ရှိနေတာ အရမ်းကို ဂုဏ်ယူမိပါတယ်။
 


    • Wunna Zaw အဲဒီ ဗီနိုင်း ကျွန်တော့်ဆီမှာ လည်ရှိတယ်။
       

    • U Bo Htun ဆောရီးဗျာ...... ပုံကအရင်တက်ပြီး စာက နောက်ကျသွားတယ်..... ဖတ်ကြည့်လိုက်ပါဦးနော်..... အရမ်းကို ဂုဏ်ယူဖို့ ကောင်းတဲ့ ကျွန်တော်တို့ရဲ့ Great fan ပါ။
       

    • Wunna Zaw အဲဒီ ဗီနိုင်း က ဦးမြင့်သန်းလုပ်ပေးထားတာလေ။ မန်းလေး သွားတုန်းက ကားမှာ ပါတဲ့ လူတွေကို တစ်ယောက်တစ်ခုစီပေးထားတာ။
       

    • Mahar Dote ကျွန်တော်သိတယ်ဗျ အဲ့အဘ က ကျွန်တော်တို့နဲ့အတူ မုံရွာလည်းလိုက်ဘူး ကြည့်ဘူးတယ်။ မန်းလေးလည်းလိုက်တယ်။ တဂယ့်ကို ၀ါသနာပါတဲ့သူပါ ။ လုံးဝကို အမာခံပရိတ်တစ်ဦးပါပဲဗျာ ဗိုလ်တထောင်မှာပဲနေတာဗျ .. :)
       

    • Wunna Hlaing တကယ်ကိုလေးစားလောက်ပါတယ်....ဦးမြင့်သိန်းတစ်ယောက် အသက်ရှည်ပြီးကျန်းမာစွာနဲ့နောင်နှစ်ပေါင်းများစွာတိုင် အားပေးနိုင်ပါစေ....။
       

    • Phyo Pyae ဟိုက် ရှာလပတ် .... အဲ့ဒါ တားတို့နဲ့ချီးယားစ်လုပ်တဲ့ သားတို့အရမ်းခင်တဲ့ အစ်ကိုကြီးလေ ....;D
       

    • Phyo Pyae လူငယ်တွေကိုလည်းအရမ်းအလေးထားတာ ... အသင်းကိုလည်းအရမ်းချစ်တာ ....း)
       

    • Phyo Pyae မုံရွာတုန်းကတောင် သားတို့လူငယ်တွေက ဘဘကြီးကို nick name လေးတစ်ခုတောင်ပေးလိုက်သေးတယ် ...." ချကွာ ကိုကြီး " လို့ ဟီးဟီး ....:P
       

    • Phyo Pyae သားတို့အသင်းမှာ ဘဘဦးမြင့်သိန်းလိုမျိုး တခြားသောအသက်ကြီးထဲကဘဲ အဘွားအရါယ် ဒေါ်လေးအရွယ် ပရိသတ်တွေရှိပါသေးတယ်ခင်ဗျာ .... :)
       

    • Phyo Pyae သူတို့တွေရဲ့ အသင်းကိုချစ်တဲ့စိတ်ဓာတ်ကတော့ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်တို့လိုလူငယ်တွေတောင်လိုက်မမှီနိုင်ပါဘူးဗျာ..... :D
       

    • Freddy NaymyoLatt တစ်ကယ့်ကို လေးစားပါတယ်ဗျာ
       

    • Lay Mu မနေ့က တို့လည်းလက်ဆောင်တစ်ပုံရတယ် အဲဒီအဘပေးတာပေါ့
       

    • Aung Paing ကျနော်တို့အသင်း ဇေယျာနဲ့ကစားဖို့ မုံရွာကိုသွားတုန်းက ဒီအဘနဲ့ဆုံဖူးတယ်...သူက အသင်းဘတ်စ်ကားပေါ် တက်လာပြီး ဇေယျာကိုအနိုင်ကစားပေးဖို့ တောင်းဆိုတာဗျ...ကစားသမားတွေတောင် အတော်အံသြသွားတယ်...သူတို့ လုံးဝထင်မထားတဲ့ပုံစံနဲ့ အားပေးတာကို ကြုံလိုက်ရတာပဲလို့ ပလေယာတွေကပြောတယ်....အဘပုံစံက အရမ်းရှင်းတယ်...ပလေယာတွေဆီက၊ အသင်းဆီက ဘာအခွင့်အရေးမျှ မယူဘူး...သူက အသင်းအောင်မြင်ရင် ကျေနပ်နေတဲ့ လူမျိုး....တကယ်ကိုစိတ်ထားရှင်းတဲ့ လူမျိုး..
       

    • Kha Yan Pyar သမီးလဲချစ်တယ်(ရန်ကုန်အသင်းကို)
       

    • Kue Thart မနှစ်က ရန်ကုန်အသင်း ချန်ပီယံ ဖြစ်တော့ အရမ်းပျော်တယ်။ ဒီနှစ်လည်း ချန်ပီယံ ထပ်ဖြစ်စေချင်တယ်။ နောက်ဆုံး အချိန်ထိ အားပေးသွားမှာပါ.... Right .....
       
    • Ye Htut Min: Respect ဦးမြင့်သိန်း တစ်ကယ့်ကို လေးစားပါတယ်ဗျာ
       

 
Orginal Link ==> https://www.facebook.com/photo.php?fbid=427389147306781&set=p.427389147306781&type=1&comment_id=1176533&ref=notif&notif_t=photo_reply

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................