~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 6 August 2012

Myanmar Computer Professionals Association ( MCPA )

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်မည့် MCPA Day ၏ Career Fair တွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း။

၁။ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် ရန်ကွန်ပျူတာတက္ကသိုလ်နှင့် ပူးပေါင်း၍ MCPA Day အခမ်းအနားကို ပူးတွဲပါ (က) အတိုင်း ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၁၆) ရက်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ထို MCPA Day အခမ်းအနားတွင် ကွန်ပျူတာပညာရှင်များ၏ IT နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ Seminar များ၊ IT ပညာရှင်များမှ Career Development ဆိုင်ရာ စာမေးပွဲများ၊ IT ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြသော ရှေ့ဆောင်ကုမ္ပဏီများမှ မိမိတို့လုပ်ငန်းကို သိရှိစေရန်အတွက် လိုအပ်လျှက်ရှိသော IT လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်ကျင်းပသည့်၊ ကျောင်းသားကျောင်းသူများမှ မိမိတို့၏ အဖွဲ့အစည်းအကြောင်းကို သိရှိစေရန် ရည်ရွယ်ကျင်းပသည့် Career Fair ကိုလည်း စည်စည်ကားကား ပြုလုပ်သွားမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ လုပ်ငန်းနယ်ပယ်အသီးသီးရှိ အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီးများနှင့် ကွန်ပျူတာ တက္ကသိုလ်၏ ထူးချွန်ထက်မြက်၍ နိုးကြားတက်ကြွသော လူငယ်ပညာတတ်များကို ဆုံစည်းစေရန် ရည်ရွယ်ကျင်းပသည့် Career Fair တွင် ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားသည့် ကုမ္ပဏီများသည် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း- ၆၅၂၂၇၆ သို့ အကြောင်းပြန်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။






MCPA Day Career Fair Information for Companies
၁။ Career Fair တွင်ပါဝင်ရန် Registration Fees မှာ ၅၀,၀၀၀ ကျပ် ဖြစ်ပြီး ပါဝင်လိုသည့် ကုမ္ပဏီများသည် ၃၀-၇-၂၀၁၂ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်းတွင် စာရင်းပေးသွင်းရမည်။
၂။ ကုမ္ပဏီတစ်ခုလျှင် စားပွဲ(၁)လုံးနှင့် ကုလားထိုင်(၃)လုံးပေးပါမည်။ ကုမ္ပဏီ Logo ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park, email – office@mcpamyanmar.org, yrcpaoffice@ gmail.com သို့ ၅-၈-၂၀၁၂ နောက်ဆုံးထား၍ လူကိုယ်တိုင် (သို့) မေးလ်ဖြင့် ပေးပို့ရမည်။
၃။ MCPA Day Career Fair တွင် ပါဝင်မည့် ကုမ္ပဏီများသည် ကုမ္ပဏီဝတ်စုံ (သို့) မြန်မာဝတ်စုံ (သို့) အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ရမည်။ ကုမ္ပဏီ၏ Product များရောင်းချခြင်း၊ ကြော်ငြာခြင်းမပြုလုပ်ရပါ။ Model များ ခေါ်ခွင့်မရှိပါ။ ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်းမပြုလုပ်ရပါ။
၎။ ပထမဦးဆုံးစာရင်းသွင်းသည့် ကုမ္ပဏီ(၅၀)ခုကိုသာ လက်ခံပါမည်။ ကုမ္ပဏီတစ်ခုလျှင် (၃)ဦးအထိသာ လိုက်ပါနိုင်ပါသည်။ HR ဆုံးဖြတ်ပိုင်ခွင့်ရှိမန်နေဂျာအဆင့်နှင့်အထက်အဆင့်ရှိ အုပ်ချုပ်သူများသာ လာရောက်ရန် အထူးတိုက်တွန်းပါသည်။ ကုမ္ပဏီများအတွက် Vinyl ကို အသင်းမှစီစဉ် ဆောင်ရွက် ပေးပါမည်။ မိမိအစဉ်အစီဖြင့် Vinyl များယူဆောင်ရန် မလိုပါ။
၅။ Career Fair တွင် ပါဝင်မည့် ကုမ္ပဏီများသည် ပြပွဲအကြိုအစည်းအဝေးကို (၉-၈-၂၀၁၂ ) နေ့ ညနေ(၃း၀၀) နာရီတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်းတွင် တက်ရောက်ရပါမည်။ လည်ဆွဲကဒ်များကို ၎င်းအစည်းအဝေးတွင် ထုတ်ပေးပါမည်။
၆။ ကျောင်းသားများကို လက်ကမ်းပေးဝေနိုင်မည့် ပစ္စည်းများ
(1) Company Profiles
(2) Flyer for Job Position and Employer Expection
(3) Small Gifts (ဥပမာ -အရုပ်ကလေးများ၊ ဘောလ်ပင်များ၊ Keychains များ၊ စာအုပ်များ စသဖြင့်)
၇။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(လှော်ကား)သို့ မိမိအစီအစဉ်ဖြင့် ၁၆-၈-၂၀၁၂နေ့ (၉း၀၀)နာရီ နောက်ဆုံးထား၍ လာရောက်ရမည်။
၈။ Career Fair ပြီးပါက အခမ်းအနားပိတ်ပွဲသို့ တက်ရောက်ရမည်။ ပိတ်ပွဲတွင် အခမ်းအနားနှင့် ပတ်သက်သည့် အကြံပေးခြင်းများ ပြောကြားနိုင်ရန် စီစဉ်ထားပါသည်။
ခန့်မှန်းကျောင်းသားအရေအတွက် (၁,၀၀၀) ကျော်
ကျင်းပမည့်နေရာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)
ဆက်သွယ်စုံစမ်းရန် အဆောင်(၄)၊ အခန်း(၄)၊ MICT Park, လှိုင်တက္ကသိုလ်နယ်မြေ
ဖုန်း - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀

Myanmar Computer Professionals Association ( MCPA )
www.mcpamyanmar.org/

======================================================




မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများ ကျင်းပခဲ့ခြင်း
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၇) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉းဝဝ မှ ၁၂းဝဝ) နာရီအထိ၊ MICTDC (Conference Hall) တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ အသင်းခွဲများရှိရာ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးခဲ့ပါသည်။

 စစ်ဆေးခဲ့သော စာမေးပွဲများမှာ-
  1. MCPA Certified Fundamental Software Engineer (FSE)
  2. MCPA Certified Network Associate (NA)

တို့ဖြစ်ပြီး ဖြေဆိုသူဦးရေစုစုပေါင်း ( ၁၀၄ ) ဦး ဖြေဆိုခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအသိအမှတ်ပြုစာမေးပွဲများကို အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသော ကျောင်းသူ/ ကျောင်းသားများ၊ အသင်းဝင် များအတွက် အရည်အချင်းကို အသိအမှတ်ပြု ခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်ပါသည်။






Myanmar Computer Professionals  Association www.mcpamyanmar.org  

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................