~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 17 August 2012

မိမိရဲ့ကွန်ပြူတာမှာ သူတပါးတွေ မသိစေချင်တဲ့ Folder , File , Hard Disk တွေကို လုံခြုံစွာ Lock ချပေးနိုင်တဲ့ Universal Sheld 4.6 Software

Universal Sheld 4.6

http://2.bp.blogspot.com/-8aRI31CNBVk/Tmqyj1XCEYI/AAAAAAAACLI/zU2CA7ogI0k/s200/universalshield.png
                        ကျွန်တော်အခုမျှဝေပေးမယ့် Software လေးကတော့ Universal Shield 4.6 လို့

အမည်ရတဲ့ Security Software လေးတစ်မျိုးပါဘဲ။ မိမိရဲ့ကွန်ပြူတာမှာ သူတပါးတွေ မသိစေချင်တဲ့
Folder , File , Hard Disk တွေကို လုံခြုံစွာ Lock ချပေးနိုင်တဲ့ Software လေးတစ်ခုပါ။ ဒါလေးကို ကျွန်
တော် MMiTD မှာလည်းတင်ထားပါတယ်။ MMiTD က ကျွန်တော့်ရဲ့ ဘော်ဒါကြီးတွေအကြောင်းကိုဟာသ
လေးနဲ့ဇာတ်လမ်းဆင်ပေး ရေးထားတဲ့ Post လေးကိုလည်း အမှတ်တရ ကျွန်တော့ Site လေးမှာမူရင်းအ
တိုင်းပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။



ဂိုး…………………………………..
          တနင်္ဂနွေ နေ့လည် 2နာရီခွဲခန့်ဖြစ်ပါသည်။ ကျွန်တော်တို့ MMiTD မှ Member ၀င်များဖြင့် အခြေခံဖွဲ့စည်းထားသော Scorpion F.C ဖူဆယ် ဘောလုံးအသင်းကလေး ကစေားနေကျ အချိန်ဖြစ်ပါသည်။ ကျွန်တော်လည်း ထုံးစံအတိုင်း 15မိနစ်လောက်ကွင်းထဲ
တွင်တောင်ပြေးမြောက်ပြေးနှင့် ပတ်ပြေးပြီး မကစားနိုင်တော့သောကြောင့်ကွင်းဘေး
တွင် ငုတ်တုတ်ထိုင်ကာ ဘေးမှနေပြီး အင်မတန်ကျွမ်းကျင်သည့်ပါးစပ်ဖြင့်သာကန်နေ
သည်။ ထိုအချိန်တွင် ရုံပေါက်ဝမှ ကားယားကားယားဖြင့် ကျွန်တော့်ထံသို့ ဦးတည်လာ
နေသူတစ်ဦး။မည်ကဲ့ သို့မှ မလိုက်ဖက်သော စတိုင်ဘောင်းဘီအနက်နှင့်လည်ကတုံး
အဖြူကိုတောဆန်ဆန် ၀တ်ဆင်လာသူက အသားမည်းမည်းနဲ့ Dr.Ox……….

Phyo: ဟေးးးး ဒေါက်ကြီး ဘယ်ကနေမျက်စိလည်လမ်းမှာလာတာတုန်းဟ။

Dr.Ox: အေးကွ ငါလည်းဒီနားကို လာကြောင်ရင်းနဲ့အဲအဲဟုတ်ပါဘူးအကြောင်းတစ်ခုရှိလို့
             လာရင်းနဲ့ ဒီအချိန်ဆို မင်းဒီမှာရှိမယ်ထင်လို့ဝင်လာတာကွ။ ဒါနဲ့ထက်ဇော်ကြီး

        တစ်ယောက်လည်း လာမကန်ဘူးလား။ ငါလည်းသူ့ကို အကြွေးပေးဖို့ ရှိတယ်။ သူက
               လည်း ငါ့မြင်တာနဲ့ အကြွေးကြီးလှိမ့်တောင်းနေတော့သူ့ကိုပုန်းနေရတယ်။

Phyo: ဒါလည်းဟုတ်တာဘဲဗျ။ ရန်ပုံငွေ လုပ်သင့်တယ်ဆိုပြီး စကားစတာခင်ဗျားရယ်

            ကျွန်တော်ရယ် ကိုလကျာ်ကြီးရယ်ထိပ်ဆုံးကပါတယ်။အခုခင်ဗျားတစ်ယောက်

             တည်းပတ်ပြေးနေတယ်။ဟိုးတစ်လောကတော့သူလာလာကန်တယ်ဗျ။အခုတော့

             ပျောက်ချက်သားကောင်းနေတယ်

Dr.Ox: ငါလည်းပေးမှာပါကွ အခုလည်းဘိုင်ကတော်တော်လေးကိုကျနေလို့သူ့ကိုရှောင်နေ
             ရတယ်။အဲဒါနဲ့စပ်စပ်ပြီးမင်းဆီရောက်လာတယ်ဆိုလည်းမမှားဘူးပေါ့ကွာ။

             မင်းမှာ ဂွင်ကောင်းကောင်းဘာတွေရှိလည်း။ အခုငါ့မှာ အရေးကြီး အကြောင်း

             ရှိနေလို့ ငွေ လိုနေတယ်။

Phyo: ဟိုက်ရှားပါး လုပ်စမ်းပါဦးဗျ။ ခင်ဗျားလို ဘောစိက ငွေလိုနေတယ်ဆိုတော့ စိတ်ဝင်

             စားသွားပြီ။ ပြောပါဦး ငွေလိုတဲ့အကြောင်းလေးရှင်းပြပါဦး။

Dr.Ox: ဒီလိုကွ ငါ့ရဲ့ FM အသစ်လေးကိုလက်ဆောင်ပေးချင်လို့။

Phyo: ဘာလဲဟ FM အသစ်ကလေးဆိုတာ။

Dr.Ox: လဖွတ်ဒီကောင်ကလည်းတော်တော်ဒုံးဝေးတဲ့ကောင်ဘဲကွာ။FMဆိုတာ           

             Female ကိုပြောတာကွ။

Phyo: တိန်…. သေရောကွာ ။ ဟ ဒေါက်ကြီးရ Girlfriend လုပ်စမ်းပါဗျ။ ဘယ်ကနေ 

             Female ဖြစ်သွားတာတုန်း။

Dr.Ox သူများတွေသုံးတိုင်း လိုက်သုံးနေရင် ဒေါက်ကြီးဘယ်ဟုတ်တော့မလည်းကွ။ ဒါ
           ကြောင့်သူများတွေမသုံးတဲ့ FM ဆိုပြီးအတိုကောက် သုံးလိုက်တာလေမမိုက်

            ဘူးလား အဲဒီ FM လေးကို လက်ဆောင်ပေးချင်လို့ကွ အရေးပေါ်ဆိုတော့ဘယ်လို

           လုပ်ရမှန်းမသိဘူးဖြစ်နေတာ။မင်းက မဟုတ်တဲ့ နေရာတွေမှာအင်မတန်အကြံအဖန်

           ကောင်းတော့မင်းဆီဝင်လာတာဘဲကွ။

Phyo: ကောင်းပါ့ ဒေါက်ကြီးရာ ခင်ဗျားက အကြောင်းပေါ်မှာ ကျွန်တော့်ဆီဝင်လာတဲ့သ
              ဘောပေါ့ ဟုတ်လား။ ခင်ဗျားက MMiTD မှာရန်ပုံငွေထည့်ဖို့တော့ပိုက်ဆံမရှိ

              ဘူးFM လေးကိုလက်ဆောင်ပေးဖို့ကျတော့ကြံဖန်နေတယ် ။ တကယ်တော်တဲ့

            လူဘဲဗျ။ အေး ဒါလည်းမဆိုးဘူးဗျ။ ကျွန်တော့်မှာခိုင်လုံတဲ့သတင်းရက်ကွက်က

             သတင်းတစ်ခုရထားတယ်။

Dr.Ox: အေးလုပ်စမ်းပါဦးဟ။ စိတ်ဝင်စားတယ်။

Phyo: ကိုထက်ဇော်ကြီး က Laptop တစ်လုံးအပူတစ်ပြင်း ငှားသုံးဖို့ရှာနေတယ်ဗျ။တစ်

             လကိုသုံးသောင်းနဲ့ သုံးလငှားမယ်ဆိုလားမသိဘူး။

Dr.Ox: သူ့မှာရှိတဲ့ Dell Core i7 ကြီးက ဘယ်ရောက်သွားလို့တုန်း။ ဟိုးတစ်လောက
              သူ့ရဲ့ ခြောက်ယောက်မြောက်ကောင်မလေးက လက်ဆောင်ပေးထားတဲ့ဟာကြီး

              လေ

Phyo: အဲဒီ Laptop ကြီးက သူ့ရဲ့ အခု ခုနှစ်ယောက်မြောက် ကောင်မလေး

              ဖြစ်လာတော့မယ် LA ကကောင်မလေးကို ပိုးကြေးပန်းကြေးအနေနဲ့ငှားထား

               တယ်ဗျ။ အခုတော့ တကယ်တမ်း အလုပ်လုပ်ဖို့လည်းလိုရော ကိုထက်ဇော်ကြီး

               တစ်ယောက်ပျားတုတ်နေတယ်ဗျ။

Dr.Ox: ဟဟဟဟဟ ထက်ဇော်ကြီးက ဘယ်ကနေ နိုင်ငံခြားကကောင်မလေးနဲ့တွေ့သွား

                ရတာတုန်းကွ။ပိုင်သကွာ အမေရိကန်ကကောင်မလေးနဲ့တောင် ငြိတော့မယ်ပေါ့
                ဟုတ်လား။

Phyo: ဘယ်က အမေရိကန်ကကောင်မလေးလည်းဗျ။ LA ဆိုတာ လက်ပွတ်တာ အောက်

             ပိုင်းလို့ အတိုချုန်းပြီးပြောတာ။ ကျွန်တော်လည်း ခင်ဗျား FM လို့ ပြောသလိုမျိုး

             အားကျပြီး ပြောကြည့်လိုက်တာလေ။

Dr.Ox: ဟားဟားဟား ဒါဆိုတောသူလေးပေါ့ ဟုတ်လား။

Phyo: တောသူလေးဆိုပေမယ့် လည်းလျှော့မတွက်နဲ့နော် တော်တော်လေးတော့လည်း
            လန်းသားဗျ။ စကားတွေကလည်းဘေးကားကုန်ပြီဗျ။ခင်ဗျားကလည်းတော်တော်
           အမေးအမြန်းထူတာဘဲ။ အဲဒါနဲ့ဘဲ ကိုထက်ဇော်ကြီးက Laptopတစ်လုံးငှားဖို့လိုက်
            ရှာနေတာပေါ့ဗျာ။ ခင်ဗျားမှာလည်း လက်တော့ရှိနေတာဘဲ ငှားလိုက်ပါလား။
             အခုသူက ငွေလျှံနေတာနော်။ ခင်ဗျားက ငှားလိုက်ပြီဆိုတာနဲ့ ကိုးသောင်းတစ်ခါ
              တည်းပေးလိုက်မှာ။

Dr.Ox: မဆိုးဘူးကွ။ မိုက်တယ်။

Phyo: ဒါဆိုလည်း အခုသွားပေးလိုက်လေဗျာ။တော်ကြာနေ သူများဆီကငှားလိုက်မှဖြင့်
            ဂွင်ကောင်းကောင်းလေးလွတ်သွားဦးမယ်။

Dr.Ox: မဖြစ်သေးဘူးကွ။ အခု ငါ့ရဲ့ Laptop ထဲမှာ ဘယ်သူမှတွေ့လို့မရတဲ့ လိျု့ဝှက်ချက်
              တွေပါတယ်။ ပြီးတော့ ငါ့ရဲ့ ကောင်မလေး ပုံလေးတွေလည်းပါတယ်။ ဒီပုံတွေကို
               ထက်ဇော်ကြီးတွေ့သွားလို့မဖြစ်ဘူး။ ငါ့ရဲ့ ကောင်မလေးတွေက အရမ်းချောနေ
                ဒီလူကြီးငါ့ကိုမနာလိုဖြစ်နေဦးမယ်။နောက်မှဘဲသွားပေးတော့မယ်ကွာ။

Phyo: အေးကောင်းတယ် ။ နောက်မှသွားပေးမယ်ဆိုပြီး ခင်ဗျား နေ့ညရွေ့နေရင်တော့
           သေချာတယ်။ ဂွင်ကောင်းကောင်းလွတ်ပြီ။ ခင်ဗျား USB နဲ့ဖြစ်ဖြစ် DVD

            နဲ့ဖြစ်ဖြစ်ကူးယူထားပါလား။

Dr.Ox: အဲလိုလည်းလုပ်လို့မရဘူးကွ။တခိျု့ ငါ့ရဲ့ Data တွေက အများကြီးဟ။

              အကုန်ပေါင်းလိုက်ရင် 100GB လောက်ရှိတယ် လိျု့ဝှက်ချက်တွေ။

Phyo: အင်း………………… ဟက်ကင်းတွေထင်ပါ့ဗျာ။
          ကျွန်တော့်မှာ အကြံကောင်းတစ်ခုရှိတယ်။ ခင်ဗျားရဲ့ Data တွေကိုလည်း

          ဘယ်သူမှမဖွင့်နိုင်အောင် ပြီးတော့ ခင်ဗျားလည်းအခုချက်ခြင်း ကိုထက်ဇော်ကြီး

          ဆီကို သွား ပြီးLaptop ငှားနိုင်အောင်လို့ ခင်ဗျားရဲ့ Data တွေကို Universal

         Shield နဲ့ပိတ်ထားလိုက်ပါလား။ဒါဆို တစ်ချက် ခုတ် နှစ်ချက်လောက်ပျက်ပြီဗျ။

Dr.Ox: ဟားးးးးး ကောင်းလိုက်တဲ့အကြံကွာ။ ပိုင်သကွ။ ဒါပေမယ့် မင်းရဲ့

              Universal Shieldက Window 7 ရောရရဲ့လားကွ။

Phyo: ရတာပေါ့ဗျာ။ သိပ်ရတာပေါ့။ ကိုချစ်ကြီးဆီကနေ တောင်းထားတာ။

Dr.Ox: ဟေ ကိုချစ် ဆီက ဟုတ်လား ဒါဆိုရင်တော့ စိတ်ချသွားပြီဟေ့။
             အချစ်လေးဆီကဆိုရင်တော့ အကြွင်းမဲ့ စိတ်ချသွားပြီ။ OK
              မင်းမှာအခုပါလာလား။

Phyo: ပါတာပေါ့ဗျာ။ ရော့ရော့ရော့ USB ခင်ဗျား ကိုယ့်ဖာသာကိုယ်ဘဲ ဆက်ဆွဲ
             လိုက်တော့ ။ ကျွန်တော် ဘောပွဲကြည့်လိုက်ဦးမယ်။ ထုံးစံအတိုင်း ငါတို့
               အသင်းရှုံးနေပြန်ပြီ။

                                    နှစ်မိနစ်ခန့်အကြာ


Dr.Ox: ကဲ ပြီးသွားပြီ ပြည့်ဖြိုးရေ ကျေးဇူးအများကြီးတင်တယ်ကွာ။

             ငါထက်ဇော်ကြီးဆီပြေးလိုက်ဦးမယ်။ တော်ကြာနေငါ့ထက်လက်ဦးသွားတဲ့ကောင်

              နဲ့တိုးနေဦးမယ်။ သွားပြီ ဟေ့။

Phyo: ဟေ့ဟေ့ဟေ့ ဒေါက်ကြီး နေဦးဗျ ခင်ဗျား ပိုက်ဆံ ရရင် ကိုထက်ဇော်ကြီးဆီမှာ
              MMiTD အတွက် ရန်ပုံငွေထည့်သွားဦးနော်။ ပြီးတော့ခင်ဗျားကျွန်တော့်ကို
              ချယ်လ်ဆီးပွဲ အကြွေးဆပ်ရဦးမယ်။ မှတ်မိသေးလား ကြက်ဆီထမင်း။

Dr.Ox: တော်ပြီကွာ စိတ်ပြောင်းသွားပြီ မထည့်တော့ဘူး FMလေးကိုလည်း

             မပေးတော့ဘူးကိုယ့်ဖာကိုဘဲ အိမ်မှာ ဂရမ်းလေး နဲ့ ချမ်းအရှည်လေးထောင်ပြီး

              ဇိမ်နဲ့နှပ်နေ တော့မယ်ကွာ။ဟီးဟီးဟီး

Phyo: တိန် သေရောကွာ ခံလိုက်ရပြီ။ အေးအေးအေး တွေ့မယ်ဒေါက်ကြီးခင်ဗျား

            နောက်တစ်ခေါက်ခင်ဗျားနဲ့တွေ့လို့ကတော့………………..

ဒီလိုနဲ့ဘဲ Dr.Ox ကြီးတစ်ယောက် ကွင်းထဲကနေထွက်ခွာသွားပါတယ်ဗျာ။ Dr.Ox ကြီး အသုံးပြုသွားသော Universal Shield အား MMiTD မှ သူငယ်ချင်းများအားလုံး အလားတူ လှိျု့ဝှက်ချက်များ ဖွက်ထားနိုင်ရန် ရည်ရွယ်ပြီး ကျွန်တော်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်ဗျာ။












ကျွန်တော်ဒီနေရာလေးကနေစပြောပါ့မယ်။ အပေါ်ကအဆင့်တွေကလွယ်လို့မပြော
ပြတော့ပါဘူး။ ဒီအဆင့်လေးကတော့ Install လုပ်နေချိန်မှာဘဲ Password ရိုက်ရမှာ
ပါ။ တူညီတဲ့ Password နှစ်ခုကို ရိုက်ပေးပါ။သေချာရိုက်ပါ မမေ့ပါစေနဲ့။



Install လုပ်ခြင်းပြီးဆုံးသွားပါပြီ။ Restart ချလိုက်ပါ။


ဒါလေးကတော့ ကျွန်တော်တစ်ခါတည်းထည့်သွင်းပေးထားတဲ့ Patch File လေးပါ
ဒါလေးကို မဖွင့်ခင် Antivirus ကိုပိတ်ထားပေးပါ။ ပြီးသွားပြီဆိုရင် Patch File ကို
ကူးပြီး C ထဲက Program File ထဲက Universal Shield ဆိုတဲ့ Folder ထဲကိုကူးထည့်
ပေးလိုက်ပါ။

ကူးထည့ပြီးသွားပြီဆိုရင် ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်။ Patch ဆိုတာလေးကို
နှိပ်ပေးပါ။ Successful ဆိုပီးတက်လာပါလိမ့်မယ်။ဒါဆို Full Version ဖြစ်သွားပါပြီ။

Universal Shield ကိုနှိပ်ပြီးဖွင့်ပေးပါ။ အခုလိုပေါ်လာပြီဆိုရင် show Tips at startup
ကိုအမှန်ခြစ်လေးဖြုတ်ပေးပါ။ ပြီးရင် Close ကိုနှိပ်ပေးပါ။



သင့်ရဲ့ Folder ကိုဖွက်ထားမှာဖြစ်တဲ့အတွက် Hide ကိုရွေးပေးပါ။

ကျွန်တော်က နမူနာ Folder ကိုဖွက်ထားမှာဖြစ်လို့ Folder ကိုရွေးပေးတာပါ။ File တွေ
Hard Disk တွေကိုလည်း ဖွက်ထားနိုင်ပါတယ်။

ကျွန်တော်က Data D: ထဲက Universal ဆိုတဲ့ Folder ကို နမူနာ ဖွက်ပြမှာဖြစ်တဲ့အတွက်
Add to List ကိုနှိပ်ပြီး ရွေးပေးထားတာဖြစ်ပါတယ်။

ပုံမှာမြင့်ရတဲ့အတိုင်း Lock ချပြီးသွားပါပြီ။ ဒီနေရာမှာ နည်းနည်လေးပြောပြချင်တာ
လေးကတော့ Password Change မလားလို့မေးတဲ့ Message Box ကျလာပါလိမ့်မယ်
အဲဒါလေးကိုတော့ မိမိတို့စိတ်ချ ပြောင်းနိုင်ပါတယ်။ မပြောင်းချင်ဘူးဆိုရင်လည်း အဲဒီ
Message Box ကို ပိတ်ပေးနိုင်ပါတယ်။

Unlocked လုပ်ချင်ရင်လည်း အဲဒီ သော့လေးကိုဘဲနှိပ်ပြီး လုပ်နိုင်ပါတယ်။နောက်ထပ် Folder တွေ File တွေ Hisk Disk တွေကို Lock ချချင်တယ်ဆို၇င်တော့ Protect ကိုနှိပ်ပြီးအပေါ်မှာကျွန်တော်ပြခဲ့တဲ့
အဆင့်အတိုင်းလုပ်ဆောင်နိုင်ပါတယ်ဗျာ။
ဒီSoftware လေးကို ကျွန်တော်ကြိုက်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ ဘာတွေလည်းဆိုတော့
၁။ Unlock လုပ်ပြီးသွားလို့ မေ့ပြီး Lock ပြန်မချမိဘူးဆိုရင်တော့ ပြသာနာမရှိပါဘူး
ကွန်ပြူတာ Restart ကျသွားပြီးရင် အလိုလို Lock ကျသွားမှာဘဲဖြစ်ပါတယ်။

၂။ ဒီ Software ကိုဖြုတ်ချင်တယ် (Uninstall) ဆိုရင်တောင်မှ သူ့ရဲ့ Password ကိုသိမှဘဲUninstall လုပ်
ခွင့်ပေးမှာဘဲဖြစ်ပါတယ်ဗျာ။
ဒီလောက်ဆိုရင်တော့ အားလုံးအဆင်ပြေပြေသုံးနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ဒေါင်းရအဆင်ပြေအောင်
 Link သုံးမျိုးနဲ့တင်ပေးထားပါတယ်ဗျာ။အဆင်ပြေတဲ့ Link ကနေဒေါင်းယူနိုင်ပါတယ်။







ကျွန်တော်လည်းတစ်ခါတည်းကြော်ငြာချင်ပါသေးတယ်။ ကျွန်တော်တို့ဘောလုံးအသင်း
လေးမှာ ပါဝင်ကစားချင်တဲ့ ဖူဆယ်ကိုကျွမ်းကျင်ပိုင်နိုင်စွာကစားနိုင်တဲ့ သူငယ်ချင်းများအား
လုံးကိုဖိတ်ခေါ်ပါတယ်ဗျာ။MMiTD ဘောလုံးအသင်းလေးသီးသန့်ဖွဲ့ချင်လို့ပါ။
ဒီဇာတ်လမ်းလေးမှာ မကျေနပ်တဲ့ အချက်လေးတစ်ချက်ရှိပါတယ်။ဘာလဲဆိုတော့ ကိုထက်
ဇော်ကြီးနဲ့ Dr.Ox နှစ်ဦးစလုံးဟာ အခုအချိန်မှာ ကောင်မလေးတွေ ကိုယ်စီနဲ့ ဝိုင်းဝိုင်းလည်
နေတဲ့ ဆော်ကြည်ဘဲကြီးတွေဖြစ်နေချိန်မှာ။ ကျွန်တော်ပြည့်ဖြိုး လေးတစ်ယောက်မှာ
တော့ အသည်းကွဲနေရရှာပါတယ်ဗျာ။
ကိုချစ် ကိုယ့်ညီလေးကိုကြည့်နေနိုင်ရက်တယ်ဗျာ။ ပေးသမျှအကြံတွေကလည်း
အချုပ်ထဲကျမယ့် အကွက်တွေနဲ့ အမျိုးသမီးရေးရာရောက်မယ့်အကွက်တွေချည်းဘဲ
ဪ ................... လောကကြီး လောကကြီး မတရားလိုက်တာနော်။.............


                                          Credit Pyaephyo.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................