~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 4 August 2012

Cisco သင်တန်းတွေ အကြောင်း ဆွေးနွေးရအောင် . . .

Cisco သင်တန်းတွေ အကြောင်း ဆွေးနွေးရအောင် . . .
ဒီပို့စ်က Networking လေ့လာချင်၊ သင်တန်းတက်ချင်သောပုဂ္ဂိုလ်များအတွက် အထောက်အကူဖြစ်စေရန် MyanmarITPro မှ ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်။ ဒါကိုလေ့လာဖတ်ရှုသောအားဖြင့် Networking သင်တန်းတွေတက်ရောက်သင်ကြားနိုင်ကြပါစေ...

နက်ဝက်(Cisco) သင်တန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးချင်ပါတယ် . . .
(မည့်သူ တစ်ဦးတစ်ယောက်ကိုမျှ စော်ကားလိုခြင်းမရှိပါ)
ကျွန်တော် နက်ဝက် သင်တန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ် . . . ခုလို ဆွေးနွေးလို့ ဆရာကြီးလားဆိုတော့ မဟုတ်ပါဘူး . . . စကားပလ္လင် စခံထားပါမယ် . . .
ဆရာ့ဆရာ ကြီးတွေ လည်း ၀င်ပြောပေးကြပါဗျာ . . .
ကျွန်တော် တို့ မြန်မာပြည်မှာ က အယူအဆ တစ်ခု လွဲမှားနေတယ် လို့ ကျွန်တော်ထင်ပါတယ် . . .
အဲ့ဒိလွဲမှားမှုကို မေးခွန်းသုံးခုနဲ့ စတင်ဆွေးနွေးချင်ပါတယ် . . .
ဆွေးနွေးလိုတဲ့ အချက် (၃) ချက် အဓိက ရှိပါတယ် . . .

နံပါတ် ၁ ။ ကတော့ packet tracer ထဲမှာ နက်ဝက် diagram ကို ရှုပ်ရှက် ခတ်အောင် ဆွဲထားပြီးသင်တာနဲ့ လေ့ကျင့်ခိုင်းတာနဲ့ ICND 1 and 2 စာအုပ်ကြီးကို detail ဖတ်ပြပြီးသင်တာနဲ့ သင်တန်းတစ်ခုဟာ ပြီးပြည့်စုံမယ်လို့ထင်ပါသလား . . . လေးလေးနက်နက်ပြောရရင် ထိရောက်မှုရှိမယ် လို့ ထင်ပါသလား . . . .

နံပါတ် ၂ ။ ကတော့ CCNA ကို ၆ လ ၁ နှစ် လောက် သင်ဘို့ လိုမယ် ထင်ပါသလား . . .

နံပါတ် ၃ ။ မြန်မာပြည်က သင်တန်းတွေက ဘာဖြစ်လို့ အချိန်ဆွဲပြီးသင်နေကြတာပါလည်း . . .
မည်သူ တစ်ဦး တစ်ယောက်မှ မပြောခင် ကျွန်တော် အမြင်လေးကို ပြောချင်ပါတယ် . . .

နံပါတ် ၁ ။ မေးခွန်းကို ပြောချင်ပါတယ် . . . တကယ်တော့ Networking (cisco) မှာ basic concept က အဓိကပါ . . . basic concept မိဘို့ အရိုးရှင်းဆုံးလေးကို ဘဲ ကြေညက်အောင်လုပ်သင့်ပါတယ် . . . basic concept အရိုးရှင်းဆုံးလေးကို ကြေညက်ရင် complex တွေဟာ တဖြေးဖြေးချဲ့သွားလို့ရပါတယ် . . . နောက်တစ်ခုက စာအုပ်ကြီးတွေ detail ဖတ်နေမယ့် အစား . . . မြင်သာထင်သာအောင် ဥပမာပေးသင့်ပါတယ် . . .
တခါတုန်းက ကျွန်တော် အသိ (နက်ဝက် ကို ဘာမှ မသိတဲ့လူ) တစ်ယောက်ကိုACL အကြောင်းရှင်းပြဘူးပါတယ် . . .
ကျွန်တော် က သူ့ကို စာတွေဖတ်ပြပြီး ရှင်းပြတာ မဟုတ်ပါဘူး . . . မြို့ တစ်မြိုကို ကုန်ကားတွေ ၀င်ထွက်ပုံနဲ့ ရှင်းပြပေးတာပါ . . . ဥပမာပေးပုံကို အောက်ပိုင်းမှ ဆက်လက်ဆွေးနွေးပေးပါမယ် . . . ဒီနေရာမှာ ဆိုလိုချင်တာက . . . စာအုပ်တွေကို detail ဖတ်နေမယ့် အစား . . . ထိရောက်တဲ့ ပြင်ပ လူနေမှု ပုံစံ နဲ့ ထိထိရောက်ရောက် ဥပမာ ပေးခြင်းက ပို ပြီး ထိရောက်မှု ရှိမယ် ထင်ပါတယ် . . . အဲ့လိုပြောလို့ စာအုပ်တွေက မလိုဘူးလားဆိုတော့ လိုပါတယ် . . . တချို့ အချက်အလက်တွေ ဥပမာ OSPF တို့ BGP တို့ Neighbor ဖြစ်ဘို့ အဆင့်တွေ အဲ့ဒါမျိုးတွေတော့ ထုတ်နှုတ်မှတ်သားဘို့ လိုပါတယ် . . . အတော်အတန်သိသွားတဲ့ သူတယောက်ဟာ လည်း ကိုယ့်ဟာကို self reading လုပ်သင့်ပါတယ် . . . ဆိုလိုချင်တာက စစ သင်ချင်းမှာ လိုရင်းတိုရှင်း အနှစ်ကိုမပြောပြဘဲ ကြက်တူတွေ စာရွတ်သလို ခရေစိတွင်းကျဖတ်နေဘို့ မလိုဘူးလို့ ထင်ပါတယ် . . .

နံပါတ် ၂ ။ မေးခွန်းကတော့ CCNA ကို တကယ် သင်မယ် ဆိုရင် ၁ လ တည်း နဲ့ သင်လို့ရပါတယ် . . . ကျွန်တော့ အမြင် အကောင်းဆုံးက တော့ ၂ လ သင်တန်း ဆိုတာ အကောင်းဆုံးပါဘဲ . . . ၆ လ ၁ နှစ် သင်နေရင် သင်တဲ့ လူလည်း ပျင်းသွားပါ့မယ် . . . .

နံပါတ် ၃ ။ မေးခွန်းကိုတော့ ကျွန်တော် မဖြေချင်ပါဘူး . . . ဆရာ့ဆရာတွေဘဲဖြေပေးပါ . . .
အားလုံးရဲ့ဆွေးနွေးမှုကို ကြိုဆိုပါတယ် . . .

Reply by Aung Ht on July 2, 2012 at 2:29pm
ထင်တာနဲနဲ ၀င်ပြောပါမယ်။ သင်တန်းတွေကများတော့ တကယ်သင်ပေးနိုင်မဲ့သင်တန်းမျိုးကို ရှာစေချင်ပါတယ်။CCNA Course ကို ၂လနဲ့ သင်လို့ရပါတယ်... ဒါပင်မဲ့ သင်တန်းသား က အခြေခံ networking နားလည်ထားဘို့လိုပါတယ်... အခြေခံမရှိလို့ အစကနေစသင်တဲ့သင်တန်းမျိုး ကတော့ ၆လကြာနိုင်ပါတယ်။ကျန်တော်လည်း ရန်ကုန်က သင်တန်းတွေရဲ့ ဈေးကြီးပြီး အာနဲနဲ့များမှုကို ကောင်းကောင်းခံခဲ့ရသူတဦးပါ။
လွန်ခဲ့တဲ့ ၃ ၄နှစ်တုန်းက CCNA, linux, နဲ့ တချို့ Microsoft အတွက် ၅သိန်း၆သိန်းအထက်လောက် ကုန်ခဲ့ပါတယ်။ ပိုက်ဆံပေါလို့တတ်ခဲ့တာမဟုတ်ပါဘူး ... ပညာလိုချင်သူမို့ ကောင်းနိုးရာရာ မေးပြီး ရှာတတ်ခဲ့တာပါပဲ။ ...ထိုက်သင့်တဲ့ ဈေးနဲ့ တန်အောင် မပေးနိုင်ဘူးလို့ခံစားခဲ့ရပါတယ်။
ဆရာတွေက လုပ်ငန်းခွင်သုံး ကို မြင်အောင် မပြနိုင်ကြဘူး၊ Cisco router လေးနဲ့ စမ်းရင် ဟုတ်ပြီထင်နေသူတွေလည်း တွေ့ဘူးပါတယ်။
အခုတော့ ဘယ်သင်တန်းတွေ popular ဖြစ်တယ်မသိတော့ဘူး.... CCNP level လောက်ကို ကောင်းကောင်းသင်နိုင်တဲ့ သင်တန်းရှိရင် လည်း ပြောပါဦး...

Reply by pyiphyomgmgsoe on July 2, 2012 at 2:41pm
ကျွန်တော် ကြွားပြောတာ မဟုတ်ပါဘူး . . . ကျွန်တော် CCNP လုပ်တာ ၇ လလောက်ဘဲကြာပါတယ် . . . သင်ပေးတဲ့ ဆရာတော်တာလည်း ပါပါတယ် . . . သူနဲ့ Routing ကို ၁၀ ရက်ထဲနဲ့ အပြတ်သင်တာပါ . . . နောက် သူနဲ့ အတူနေပြီး bootcamp လို ၁ လလောက် စမ်းဖြစ်ပါတယ် . . . နောက်ပြီး ကိုယ့်ဟာကို စာဖတ်တာ ၁ လလောက်ကြာပါတယ် . . . self study ကို bootcamp လို ကိုယ့်ဟာကို လုပ်တာပါ . . . feb 2012 မှာ routing ဖြေဖြစ်ပါတယ် . . . switching ကို 28 may 2012 မှာဖြေပါတယ် . . . TShoot ကို 5 june 2012 မှာဖြေပါတယ် . . . ဒီကြားထဲ ကျွန်တော် personal တွေ ရှုပ်သွားလို့ ခနရပ်ထားခဲ့တာရှိပါသေးတယ် . . . . စာမေးပွဲဖြေတာ လွယ်ပါတယ်လို ပြောတဲ့လူရှိပါမယ် . . . ဟုတ်ပါတယ် . . . လွယ်ပါတယ်လို့ ပြန်ပြောပါ့ရစေ . . . ဒါပေမဲ့ နလပိန်းတုန်း ကျက်ဖြေ အဆင့်မျိုးတော့ မဟုတ်ခဲ့ပါဘူး . . .
Cisco အကြောင်းဆွေးနွေးမယ် ဆို welcome ပါ . . . အရမ်းသင်ယူချင်ပါတယ် . . .
ဒီနေရာမှာ အားလုံးရဲ့ အတွေ့အကြုံလေးတွေကို မျှဝေစေချင်ပါတယ် . . .

Reply by pyiphyomgmgsoe on July 2, 2012 at 2:56pm
ko Aung Ht
အခြေခံ မရှိလည်း 6 လ မကြာနိုင်ပါဘူး တကယ် လိုသာ ကွန်ပျူတာ ဖွင့်တတ်ပိတ်တတ် စာရိုက်တတ် မယ် . . . အင်တာနက် အီးမေးလေး သုံးနိုင်တဲ့ အဆင့်မျိုးဆိုရင် . . . သင်မဲ့သူဟာလည်း လိုချင်စိတ်တကယ်ရှိမယ် တကယ် လိုက်လုပ်မယ် ဆို ၂ လထဲနဲ့ တော်တော် လေး တတ်အောင် သင်နိုင်ပါတယ် . . . ကျွန်တော် လျောက်ပြောနေတာ မဟုတ်ပါဘူး . . . CCNA မှာ တကယ် တမ်း ခွဲခြမ်းကြည့်ရင် ဘာတွေ ၆လလောက်သင်စရာတွေ ပါနေလို့ပါလည်း . . .

၁။ OSI 7 Layer and TCP/IP
၂။ Routing
၃။ Switching
၎။ Access List
၅။ NAT
၆။ WAN (Frame-relay)
၇။ IPV6
၈။ DHCP
အဲ့လောက်ဘဲပါတာပါ . . .
Routing နဲ့ Switching ကို ထပ်ခွဲရင်ဗျာ
Routing မှာ . . .
Static Route and Default Route
RIP
EIGRP
OSPF
Switching မှာဆိုရင်
Vlan
STP
VTP
ဒီလောက်ဘဲပါတာလေ . . .
Access List မှာဆိုရင်
Standard ACL
Extended ACL
IP Access LIst
NAT မှာကရော ဘယ်နှစ်ခုပါနေလို့လည်း . . .
ကျန်တာတွေကလည်း နည်းနည်းလေးပါ . . . .
ကွန်ပျူတာ အခြေခံနည်းနည်းရှိတဲ့ သူတောင် ၂ လဆို ကောင်းကောင်းပြီးနိုင်ပါတယ် . . . .
ဒါကျွန်တော့ အမြင်ပါ . . .
နောက်တစ်ခု က မြန်မာပြည်မှာ CCNA သင်တန်းမှာ VPN တို့ BGP တို့ကို bonus ပေးတာ မြင်ဘူပါသလား . . .

Reply by Aung Ht on July 3, 2012 at 8:48am
သင်တာတော့ သင်လို့ရတာပေါ့ဗျာ...
oversea မှာ ကျန်တော်ကြုံရသလောက် ဒီသင်တန်းတွေက ၁ပတ်သင်တန်းတွေဘဲ... ၁ ပတ်သင်ပင်မဲ့ လည်း ဈေးက ဒေါ်လာ ၄ ထောင် ၅ထောင် အနည်းဆုံးပဲ ...
CCNP တဘာသာ တပတ် .... ၃ဘာသာ ဆို ၃ပတ်ပဲ သင်တန်းမှာ ကြာချိန်ကိုပြောပါတယ်။
ဒီမှာအလုပ်တဘက်နဲ့မို့ အပြင်သင်တန်းတွေက ၁ပတ်သင်တန်းတွေများတယ်... ရုံးတွေက လုပ်ငန်းလို အပ်ချက် အတွက် အချိန်ရော ငွေပါအကုန်ကျခံပြီး လွှတ်တော့ ၁ပတ်လောက်ပဲ သင်တန်းလွှတ်နိုင်ကျတယ်... ဘာသင်တန်းမဆို ၁ပတ်သင်တန်းများတယ်။
အဲ့လိုမဟုတ်ဘဲ ကျောင်းတတ် Diploma ရ... CCNA ဖြေခွင့်ပေးတဲ့ကျောင်းတွေက ၆လ ၁နှစ်တော့ ကြာတာပါပဲ...
ကို pyiphyomgmgsoe CCNP ကို ၇လဆိုတော့ လေးစားပါတယ်ဗျာ... ဆရာကောင်းနဲ့လည်း တွေ့တော့ ကံကောင်းတာပေါ့ ..




.

credit http://www.sawlinux.net/2012/07/cisco.html

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................