~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 17 August 2012

Canon - EOS 1100D ကင်မရာ Quality အားသာချက် | အားနည်းချက် အကြောင်း

အလင်းရောင်အားနည်းတဲ့ နေရာမှာ အကောင်းမွန်ဆုံး ရိုက်ကူးနိုင်မည့် Canon EOS 1100D

 
ကင်မရာ နှစ်သက်သူများအတွက် Canon EOS 1100D ကင်မရာကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။ အဆိုပါ ကင်မရာက
ဒီဇိုင်းအနေနဲ့ သေသပ် လှပမှုရှိပြီး ဈေးနှုန်းချိုသာတဲ့အပြင် image qualityလည်း ကောင်းမွန်တာကြောင့် လူကြိုက်များကြောင်း သိရပါတယ်။

...

Canon EOS 1100Dမှာ ၂.၇ လက်မရှိတဲ့ LCD Screen ပါဝင်ပြီး resolution မြင့်တဲ့ 12-megapixel sensorကို အသုံးပြုထားပါတယ်။
ကင်မရာကို စတင် အသုံးပြုသူများ Functionတွေကို အလွယ်တကူ သိရှိ နားလည်စေရန် Feature Guide functionလည်း ပါဝင်ပါတယ်။
အရောင်အနေနဲ့ အနက်ရောင်၊ အညိုရောင်၊ မီးခိုရောင်နဲ့ အနီရောင်ဆိုပြီး ထုတ်လုပ်ထားတဲ့အတွက် ကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Lensကတော့ 18-55mm kit lensကို အသုံးပြုထားတာ တွေ့ရပါတယ်။

Design

အကြမ်းခံနိုင်အောင် ပြုလုပ်ပေးထားပြီး အနည်းငယ် လုံးချောတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ Body တစ်ခုလုံးကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ အပေါစား plastic အမျိုးအစားဖြင့် ပြုလုပ်ထားတယ်လို့ ထင်ရပေမယ့်လည်း တကယ် ထိတွေ့ အသုံးပြုရမယ့် နေရာမျိုးတွေကိုတော့ ညီညာ ချောမွတ်မှု ရှိစေတဲ့ အကောင်းစား rubberတွေကို အသုံးပြုပေးထားတာ တွေ့ရပါတယ်။ အလေးချိန်ကိုလည်း လျှော့ချထားတဲ့အတွက် ပေါ့ပေါ့ပါးပါး သယ်ဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ISO Range မြင့်မား

Canon 1100Dမှာ autofocus systemနဲ့ ISO sensitivity ပြလုပ်နိုင်ပါတယ်။ အမြင့်ဆုံး ISO Rangeကတော့ ISO 1600 ရှိတဲ့အတွက် အကောင်းမွန်ဆုံး ပုံတွေကို ရိုက်ကူးနိုင်ပြီး အလင်းရောင် အားနည်းတဲ့ နေရာမျိုးမှာ ရိုက်ကူးပါက image quality ကျမသွားအောင်
ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။ 9-point AF systemကို အသုံးပြုနိုင်ပြီး focus points ဘယ်လောက် သေးငယ်နေပါစေ သေချာတဲ့ focusကို အလျှင်မြန်ဆုံး ဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Noiseများ နည်းအောင်လည်း အထူး ပြုလုပ်ထားပါတယ်။

စွမ်းဆောင်ရည် မြင့်မား

ရိုက်ကူးနေရမှာတော့ အရမ်းကို မြန်ဆန်သွက်လက်တာ တွေ့ရပါတယ်။ 0.2 စက္ကန့်အတွင်း ဓာတ်ပုံများကို ရိုက်ကူးနိုင်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အရှိန်နဲ့ ပြေးလွှားနေတဲ့ အရာသတ္ထုတွေကို ရိုက်ကူးတဲ့နေရာမှာလည်း တိကျမြန်ဆန်မှုကို တွေ့ရပါတယ်။အဲဒီလို ရိုက်ကူးနိုင် ဖို့အတွက် Ai Servo modeကို အသုံးပြုနိုင်ပြီး subjectsကို track လုပ်ပေးနိုင်ပြီး focus မြန်ဆန်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

အားသာချက်

Canon EOS 1100Dရဲ့ အားသာချက်ကတော့ တောက်ပပြီး တိကျပြတ်သားတဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့အတွက် image qualityမှာ
အကောင်းဆုံးဖြစ်ပါတယ်။ ISO မြင့်မားတဲ့အတွက် noise levelကိုလည်း အမြင့်ဆုံး လျှော့ချပေးနိုင်ပါတယ်။ ကင်မရာကို စပြီး အသုံးပြုမည့်
beginnersများအတွက် user-friendly button ပါဝင်ခြင်းကလည်း သူရဲ့ အားသာချက်လို့ ဆိုနိုင်ပါတယ်။

အားနည်းချက်

အားနည်းချက်ကတော့ Bodyကို အကောင်းစား သတ္ထုဖြင့် ပြုလုပ်ထားပေမယ့်လည်း အပေါစား plasticနဲ့ ပြုလုပ်ထားတယ်လို့ ခံစားရခြင်းပါပဲ။ နောက်ပိုင်း နောက်ပိုင်းမှာ scroll wheel ပါဝင်ခြင်း မရှိပါဘူး။

ဝယ်ယူနိုင်မည့်နေရာ

Canon EOS 1100Dကို ကြိုက်နှစ်သက်လို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ဈေးနှုန်း USD 520 ၀န်းကျင်ဖြင့် Canon Showroom ဖုန်း 09-732-050-43သို့ ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

Full Specifications
» 12.2MP APS-C CMOS Sensor
» 4272 × 2848 Output Size
» Canon EF-S Lens Mount
» JPEG, Raw, Raw + JPEG File Format
» ISO 100-6400
» Shutter Speeds 30-1/4000 sec
» Single, Continuous, Self timer Drive Mode
» Pentamirror Viewfinder
» LCD 2.7in, 230k-dot
» Live Mode
» Movie Mode 720p HD,
» Rechargeable Li-ion Battery LP-E10
» 9-point AF system
 
 
 
 
credit ICT Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................