~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 19 August 2012

စဉ်းစားစရာ..ခေါင်းဆောင်ဆိုတာ ကိုယ်ဘာဖြစ်ချင်သလဲ ဆိုတာထက် ပြည်သူတွေ ဘာဖြစ်ချင်သလဲ..

စဉ်းစားစရာ

လူသားကောင်းကျိုး လုပ်ဆောင်တဲ့ နေရာမှာ သူ့လူမျိုး၊ ကိုယ့်လူမျိုး ၊ သူ့ဘာသာ ၊ ကိုယ့်ဘာသာ ၊ ကိုယ့်ခေါင်းဆောင် သူ့ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်တွေအောက်က ကျွန်တော်တို့ ထွက်ဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ပြည်သူတွေ ကောင်းစားဖို့ နိုင်ငံတော်ကြီး တိုးတက်ဖို့ဆိုရင် ဘာဖြစ်လို့ ခေါင်းစဉ်တွေ အောက်က လူတွေ မထွက်နိုင်ကြရတာလဲ ၊ စဉ်းစားစရာပါ။ တစ်ဦးတစ်ယောက်ထပ် ပိုတဲ့အရာတိုင်းဟာ မူတွေကွဲပြား လုပ်ဆောင်ချက်တွေ မတူညီတာတွေ ရှိကြတာ သဘာဝပါဘဲ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုတော့ အများအကျိုး လုပ်ဆောင်နေကျတယ်လို့ ကြွေးကြော်ကြတယ်။ ဒါပေမဲ့ ကိုယ့်လိုဘဲ အများအကျိုး လုပ်ဆောင်နေတဲ့ လူတွေကို တို့နဲ့ မတူ ရန်သူ အမြင်ကွဲပြားရင် မတူ ခြားနားလှတယ်လို့ သတ်မှတ်ကြလား၊ စဉ်းစားစရာ။

ဒီလိုဘဲ ဘာသာရေး အမည်ခံပြီး ဘာသာတရား အသိတွေ ခေါင်းပါးနေရင် ဘာသာတရားရှိတဲ့ လူလို့ ဆိုနိုင်မလား၊ စဉ်းစားစရာ။ ဗုဒ္ဓဘာသာ လို့ အမည်ခံထားပြီ ဘာသာတရားရဲ့အနှစ်သာရတော့ ဘယ်သူမှ တကယ်လိုက်ပါ လုပ်ဆောင်တာ မရှိခဲ့ဘူးဆိုရင် ဗုဒ္ဓဘာသာလို့ ဆိုနိုင်မလား၊ စဉ်းစားစရာ။ အဲ့ဒီလိုဘဲ ဟိန္ဒူဘာသာ ၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ် ဘာသာ ရယ်လို့ ခေါင်းစဉ်တွေ အောက်မှာ အမည်တွေခံ၊ အာဃတတွေ ထားပြီး အပြိုင် ရန်ဆွယ်နေမည့်အစား အဲ့ဒီ ဘုရားတွေ ဟောခဲ့တဲ့ ငြိမ်းချမ်းရေး တရားတွေကို သူထပ်ငါ အပြိုင် ဘာလို့ မလုပ်နိုင်ကြရတာလဲ ၊ စဉ်းစားစရာ။ အဲ့ဒီ ဘုရားတွေအကုန်လုံးက လောကကြီး ငြိမ်းချမ်းဖို့ဘဲ ဟောခဲ့ကြတာ လမ်းညွှန်ခဲ့ကြတာ မဟုတ်လား။ ဒါဆို ဘာဖြစ်လို့ မငြိမ်းချမ်းနေကျတာလဲ ၊ အဖြေက ရှင်းပါတယ်။ ဘာသာရေး အမည်ခံတွေ ပေါများနေပြီး ၊ ဘာသာရေး အသိတွေ ခေါင်းပါးနေပြီဆိုတာ သေချာနေလို့ပေါ့။

ဒီလိုဘဲ နိုင်ငံရေးမှာလည် ဘယ်ပါတီ ညာပါတီတွေ မှိုလိုပေါက်နေပါစေ ။ သူတို့ အားလုံးရဲ့ ရည်ရွယ်ချက် ၊ ရည်မှန်းချက်က နိုင်ငံတော်ကြီး တိုးတက်ဖို့ ဆိုရင် ဘာကြောင့် အခုချိန်ထိ သူတို့ လက်တွဲ မလုပ်ဆောင်နိုင်ကြရတာလဲ၊ စဉ်းစားစရာ။ မတူကွဲပြားတဲ့ ခေါင်းစဉ်တွေအောက်မှာ တခုတည်းသော ရည်ရွယ်ချက်က နိုင်ငံတော်ကြီး တိုးတက်ဖို့ ပြည်သူတွေ ချမ်းသာရာ ရဖို့ ဆိုရင် ဘာကြောင့် မညီညွတ်ကြရတာလဲ ၊ စဉ်းစားစရာ။

ဒီလိုဘဲ ခေါင်းဆောင်နဲ့ ပြည်သူကြားမှာလဲ ကိုယ့်အဆင့်ကို တကယ် နားလည်းကြရဲ့လားဆိုတာ ၊ စဉ်းစားစရာ။ တကယ်တော့ ခေါင်းဆောင်တွေဆိုတာ အရှင်သခင်မဟုတ်သလို ပြည်သူတွေ ဆိုတာ ကျေးကျွန်တွေ မဟုတ်ကြဘူး။ ဒါဆို ဘယ်သူတွေက အရှင်သခင်ဖြစ်သင့်လဲ ၊ စဉ်းစားစရာ။
 တကယ်တော့ ခေါင်းဆောင်ဆိုတာ ကျေးကျွန်ဖြစ်ပြီး အရှင်သခင်ဆိုတာ ပြည်သူလူထုဖြစ်တယ်။ ဒါဆို အရှင်သခင်ဖြစ်တဲ့ ပြည်သူတွေကို ကျေးကျွန်းဖြစ်တဲ့ ခေါင်းဆောင်တွေက ဘာကြောင့် အသက်အိုးအိမ်း စည်းစိမ်းကို မကာကွယ်ပေးနိုင်ရတာလဲ၊ စဉ်းစားစရာပါ။ ခေါင်းဆောင်ဆိုတာ ကိုယ်ဘာဖြစ်ချင်သလဲ ဆိုတာထပ် ပြည်သူတွေ ဘာဖြစ်ချင်သလဲ ဘာလုပ်ဆောင်ပေးစေချင်လဲဆိုတာ အဓိက လုပ်ဆောင်ပေးတက်တဲ့ ခေါင်းဆောင်မျိုး ဖြစ်ရဲ့လာဆိုတာ ၊ စဉ်းစားစရာ။

နောက်ဆုံး အနှစ်ချူပ် စဉ်းစားကြည့်လိုက်ရင် ခေါင်းစဉ်တွေ အမည်ခံပြီး ခေါင်းစဉ်အောက်က အနှစ်သာရ တွေကို လုပ်ဆောင်ကြဖို့မေ့နေကျတယ်။ ငါဆိုတဲ့ အတ္တတွေထားပြီး ကိုယ်စီ မာန်မာနတွေ ထားနေကြအုံးမယ်ဆိုရင် ………………
.
Credit မိုးထက်မြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................