~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 12 August 2012

နေတဲ့ဝန်းကျင်မှာ ပျော်မွေ့စေဖို့

နေတဲ့ဝန်းကျင်မှာ ပျော်မွေ့စေဖို့
 Photo: နေတဲ့ဝန်းကျင်မှာ ပျော်မွေ့စေဖို့

ကျွန်မတို့ လူသားတွေအားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေး သောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ် စပြီးကိုယ့်တာဝန်နဲ့ ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ် နေ့စဉ် လူမှုဘ၀မှာ အတူနေတဲ့မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက်လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ 
အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစုတာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ်ပြောဆိုတာလေး တွေ ရှိတတ်တယ်။ လူကြီးသူမတွေကတော့အိမ်က ပြဿနာအလုပ်ထဲမသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ် မသယ်လာနဲ့လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူးဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကိုအချင်းချင်း သတိပေး ပြောတတ်ကြတယ်။ 

မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီးဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက်တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရ ဖြစ်တယ်။အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာ
တွေလဲရှိတယ်။အစည်းအဝေးတွေမှာ ကောင်းမိ ကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းခုန်တာရှိတယ်။စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ်တွေဖြစ်ကြ၊ ထချ ကုန်တာတွေလဲ ရှိတယ်။

ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာပြောရိုးပြောစဉ် အတိုင်း လူတစ်ဖက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့အချိန်မှာ တစ်ဘက်လူက ကြည့်ရိုး ကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတစ်ယောက်ကိုအနုတ်လက္ခဏာကနေ ကြည့်မိပြီးရင်အပေါင်းလက္ခဏာ ဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။ အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ် ကောင်းနေပြန်ရော။လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက
်ပုံတွေက လေ့လာလေ၊ နက်နဲလေ။မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော် နက်နဲတဲ့ ကိစ္စ။ တစ်ခါတလေဒေါသ ထွက်သွားမိတဲ့ ကိစ္စတစ်ခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေလူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့ လူသားတွေဟာ
တစ်ဦးတစ်ယောက်တည်းပဲ အပူအပင် ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ် ကာလတစ်ခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်နေကြရဦးမှာပဲဖြစ်ပါတယ်။

ကျွန်မဟာ ပင်ကိုသဘာဝအရ စိတ် အတော်ဆတ်တဲ့သူ ဖြစ်ပါတယ်။ငယ် တဲ့အရွယ်မှာတုန်းကတော့ ဘယ်သူဘာလာပြောပြောပြန်ပြော လိုက်ရမှကျေနပ်တတ် သူတစ်ဦးလည်း ဖြစ်ခဲ့တယ်။နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မ သည်းမခံနိုင်တဲ့ ကိစ္စလေးတွေတချို့ ကလဲ ရှိတတ်တယ်။ တချို့ ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ငြိမ်နေရင် ပြီးပေမယ့် တချို့ ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ် ထင်ပါတယ်။စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်အရွယ်၊အခြေအနေတစ်ခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးမှာအရေးကြီးတဲ့ အချက်အလက်တွေကိုလည်း 
တွေ့ရှိခဲ့ပါတယ်။ တစ်ဦးနဲ့ တစ်ဦးနားလည်မှု၊ သည်းခံမှု စတဲ့ အရာတွေသာ မရှိခဲ့ရင် ဒီကမ္ဘာလောကကြီးမှာလည်းအားလုံးဟာ မိတ်ဆွေဆိုတာ မရှိပဲ ရန်သူတွေပဲ ပို များပြားလာမယ်လို့ ထင်မိပါတယ်။ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးကအပြောလွယ်သလောက် အလုပ် အလွန်ခက်တဲ့ ကိစ္စပါ။

မိဘနဲ့ သားသမီးအကြား၊ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်း တွေအကြားမှာ တောင် နားလည်မှုလွဲမှားရာက ဆက်ဆံရေး အဆင်မပြေ တာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်း ရနိုင်တာတော့မဟုတ်ပါ။ အပြန်အလှန် နားလည်မှု ရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး
 ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တစ်ဖက်သားက ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းအရင်းစတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။


သူ့နေရာကနေ တစ်ချက် ပြန် ၀င် စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့်ကျင့်သုံးလို့ ရနိုင်တဲ့အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှု နည်းမှာ အမှန်ပါပဲ။အဖွဲ့နဲ့ အလုပ် လုပ်လာတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ကိုယ့်ကြောင့် တစ်ဖွဲ့လုံးထိခိုက်သွားမလားဆိုတဲ့ အတွေးဟာ အတော်ကို တွေးသင့် စဉ်းစားဆင်ခြင်သင့်တဲ့အပိုင်းပါပဲ။ ငါ သာတယ်၊ သူ သာတယ်ဆိုတဲ့ အတွေးထက် ဒီနေရာလေး တိုးတက်အောင်
ဆက်လက် ရပ်တည်နိုင်အောင် အဖက်ဖက်က ၀ိုင်းဝန်းရင်း ဖေးမမှ ရေရှည် ရပ်တည်ပြီးအောင်မြင်မှုရမှာ အမှန်ပါ။ ဒီတော့ ကျွန်မတို့က ဘာလုပ်ကြမလဲ ရောက်နေတဲ့နေရာမှာအားလုံးနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပြီး ကိုယ်ကြိုက်တာ မကြိုက်တာကို ညှိနှိုင်းတိုင်ပင်ပြီး နေထိုင်သွားကြမယ်ဆိုရင် ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး နေထိုင်မှုဝန်းကျင်မှာလည်း ပျော်မွေ့လာမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။
ကျွန်မတို့ လူသားတွေအားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန...
့်စင်ရေး၊ စားရေး သောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ် စပြီးကိုယ့်တာဝန်နဲ့ ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ် နေ့စဉ် လူမှုဘ၀မှာ အတူနေတဲ့မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက်လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။
အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစုတာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ်ပြောဆိုတာလေး တွေ ရှိတတ်တယ်။ လူကြီးသူမတွေကတော့အိမ်က ပြဿနာအလုပ်ထဲမသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ် မသယ်လာနဲ့လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူးဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကိုအချင်းချင်း သတိပေး ပြောတတ်ကြတယ်။

မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီးဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက်တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရ ဖြစ်တယ်။အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာ
တွေလဲရှိတယ်။အစည်းအဝေးတွေမှာ ကောင်းမိ ကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းခုန်တာရှိတယ်။စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ်တွေဖြစ်ကြ၊ ထချ ကုန်တာတွေလဲ ရှိတယ်။

ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာပြောရိုးပြောစဉ် အတိုင်း လူတစ်ဖက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့အချိန်မှာ တစ်ဘက်လူက ကြည့်ရိုး ကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတစ်ယောက်ကိုအနုတ်လက္ခဏာကနေ ကြည့်မိပြီးရင်အပေါင်းလက္ခဏာ ဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။ အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ် ကောင်းနေပြန်ရော။လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက
်ပုံတွေက လေ့လာလေ၊ နက်နဲလေ။မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော် နက်နဲတဲ့ ကိစ္စ။ တစ်ခါတလေဒေါသ ထွက်သွားမိတဲ့ ကိစ္စတစ်ခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေလူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့ လူသားတွေဟာ
တစ်ဦးတစ်ယောက်တည်းပဲ အပူအပင် ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ် ကာလတစ်ခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်နေကြရဦးမှာပဲဖြစ်ပါတယ်။

ကျွန်မဟာ ပင်ကိုသဘာဝအရ စိတ် အတော်ဆတ်တဲ့သူ ဖြစ်ပါတယ်။ငယ် တဲ့အရွယ်မှာတုန်းကတော့ ဘယ်သူဘာလာပြောပြောပြန်ပြော လိုက်ရမှကျေနပ်တတ် သူတစ်ဦးလည်း ဖြစ်ခဲ့တယ်။နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မ သည်းမခံနိုင်တဲ့ ကိစ္စလေးတွေတချို့ ကလဲ ရှိတတ်တယ်။ တချို့ ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ငြိမ်နေရင် ပြီးပေမယ့် တချို့ ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ် ထင်ပါတယ်။စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်အရွယ်၊အခြေအနေတစ်ခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးမှာအရေးကြီးတဲ့ အချက်အလက်တွေကိုလည်း
တွေ့ရှိခဲ့ပါတယ်။ တစ်ဦးနဲ့ တစ်ဦးနားလည်မှု၊ သည်းခံမှု စတဲ့ အရာတွေသာ မရှိခဲ့ရင် ဒီကမ္ဘာလောကကြီးမှာလည်းအားလုံးဟာ မိတ်ဆွေဆိုတာ မရှိပဲ ရန်သူတွေပဲ ပို များပြားလာမယ်လို့ ထင်မိပါတယ်။ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးကအပြောလွယ်သလောက် အလုပ် အလွန်ခက်တဲ့ ကိစ္စပါ။

မိဘနဲ့ သားသမီးအကြား၊ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်း တွေအကြားမှာ တောင် နားလည်မှုလွဲမှားရာက ဆက်ဆံရေး အဆင်မပြေ တာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်း ရနိုင်တာတော့မဟုတ်ပါ။ အပြန်အလှန် နားလည်မှု ရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး
ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တစ်ဖက်သားက ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းအရင်းစတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။


သူ့နေရာကနေ တစ်ချက် ပြန် ၀င် စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့်ကျင့်သုံးလို့ ရနိုင်တဲ့အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှု နည်းမှာ အမှန်ပါပဲ။အဖွဲ့နဲ့ အလုပ် လုပ်လာတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ကိုယ့်ကြောင့် တစ်ဖွဲ့လုံးထိခိုက်သွားမလားဆိုတဲ့ အတွေးဟာ အတော်ကို တွေးသင့် စဉ်းစားဆင်ခြင်သင့်တဲ့အပိုင်းပါပဲ။ ငါ သာတယ်၊ သူ သာတယ်ဆိုတဲ့ အတွေးထက် ဒီနေရာလေး တိုးတက်အောင်
ဆက်လက် ရပ်တည်နိုင်အောင် အဖက်ဖက်က ၀ိုင်းဝန်းရင်း ဖေးမမှ ရေရှည် ရပ်တည်ပြီးအောင်မြင်မှုရမှာ အမှန်ပါ။ ဒီတော့ ကျွန်မတို့က ဘာလုပ်ကြမလဲ ရောက်နေတဲ့နေရာမှာအားလုံးနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပြီး ကိုယ်ကြိုက်တာ မကြိုက်တာကို ညှိနှိုင်းတိုင်ပင်ပြီး နေထိုင်သွားကြမယ်ဆိုရင် ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး နေထိုင်မှုဝန်းကျင်မှာလည်း ပျော်မွေ့လာမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။



credit Myanmar ICT

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................