~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 20 August 2012

အပတ်စဉ် ဗေဒင် ~Aug 19th 2012မှ Aug 25th 2012 (ရာသီဖွား) ဆရာစံဇာဏီဘို

အပတ်စဉ် ဗေဒင် ~Aug 19th  2012မှ Aug 25th 2012 (ရာသီဖွား)


မိဿရာသီ
Aug 19th မှ Aug 25th ကြား
ဆုံးဖြတ်ထားပြီးသော ကိစ္စအား ရှေ့တိုးဆောင်ရွက်ပါ။ တစ်ပါးသူ ဝေဖန်စကားအား နားမဝင်ပါနှင့်။ တွေးခေါ်ဆောင်ရွက်မှု၏ အခြေခံသည်ပင် တစ်ပါးသူနှင့် မူကွဲနေ၏။ ဤကဲ့သို့ ကွဲလွဲစွာ ဆောင်ရွက်ခြင်းသည်ပင် ဤကာလ၏ အောင်မြင်မှုသော့ချက် ဖြစ်သည်။ မပြောလိုသော စကားများ ပြောရခြင်းရှိလင့်ကစား ဆန္ဒများအောင်မြင်မည်။ ချဲ့ထွင်လိုက်သော လုပ်ငန်းများမှ ကောင်းသောအကျိုးဆက် ရမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ကျန်းမာရေးညံ့မည်။ မပေါ့အပ်။


ပြိဿရာသီ
Aug 19 th မှ Aug 25 th ကြား
အခွင့်ကောင်းများ ရောက်ရှိလာမည်။ အပြောင်းအလဲကြားမှ တိုးတက်မည်။ ရည်စူးမျှော်လင့်မထားသော အကျိုးဆက်ကောင်းရရှိမည်။ အတွေ့အကြုံသစ်များကြုံမည်။ မတော်တဆ ထိခိုက်မှုဖြစ်တတ်သည်။ အကြီးအကဲများ ၏သြဝါဒကို ခံယူရလိမ့်မည်။ အမှားထောက်ဝေဖန်သူများကြောင့် အနှောင့်အယှက်များဖြစ်တတ်သည်။ အိမ်ရှိသက်ကြီးများ ကျန်းမာရေးချူချာမည်။ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ကိုယ်ကိုင်ခါမှ ပျက်မည်။ အိမ်တွင် သုံးသော နာရီရပ်မည်။ ၎င်း ရပ်တန့်နေသော နာရီ၊ မိနစ်ဂဏန်းနှင့် ထီထိုးပါ။ သူတစ်ပါးအကြံအားလက်ခံခြင်းကြောင့် အမှားအယွင်း၊ အညံ့အဆိုးကြားမှ လက်တစ်လုံးကြား လွတ်ကင်းသွားလိမ့်မည်။


မေထုန်ရာသီ
Aug 19 th မှ Aug 25 th ကြား
ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမည်။ လူဟောင်းများနှင့် ပြန်လည်ပတ်သက်ရမည်။ ငွေကြေး အရှုပ်အထွေးများကြား ငြိတွယ်တတ်သည်။ အလုပ်အဆင့် တိုးတက်မည်။ မြှုပ်နှံထားသည်များမှ အကျိုးအမြတ်ရရှိမည်။ အခက်အခဲကြားမှ တက်လမ်းကြုံမည်။ ကြိုတင်မှန်းဆချက်နှင့် လက်တွေ့ ဖြစ်ပေါ်မှုတို့ ကွာဟမည်။ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်းများ နှင့်ပတ်သက်၍ ငွေကုန်ကြေးကျများမည်။ အင်္ဂါနံပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ခြင်းမပြုရ။ အရှုံးပေါ်တတ်သည်။ အစာအိမ်ဝမ်းဗိုက် ဒုက္ခပေးမည်။ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ် ဂရုစိုက်ရမည်။


သိဟ်ရာသီ
Aug 19th မှ Aug 25th ကြား
ကိုယ်ရေးကိုယ်တာကိစ္စအတွက် စိုးစေ့မှ အချိန်မပေးနိုင်။ အချိန်နှင့်အမျှ တစ်ပါးသူကိစ္စများကို တစ်မျိုးပြီးတစ်မျိုး ဖြေရှင်းနေရမည်။ မလိုအပ်ဘဲ အကျယ်ချဲ့သောကြောင့် အလုပ်နှေးကွေးခြင်း၊ အကုန်အကျများခြင်း ရှိမည်။ သူတစ်ပါးအဆင့်ဆင့် အကျိုးအမြတ်ရရှိခဲ့ပြီး ကိုယ့်အလှည့်ရောက်မှ အကျိုးအမြတ် အလွန်နည်းပါးသည့် ဈေးကွက်ဈေးခွင်တစ်ခုအား ဝယ်ယူမိ၍ စိတ်သောကဖြစ်ရမည်။ ပြဿနာများ၊ အမှုအခင်းများကြား ရှောင်တိမ်းမရ လိုက်လံဖြေရှင်းပေးရခြင်း၊ သက်သေလိုက်ရခြင်း ကြုံမည်။ ဆောင်ရွက်သမျှ လူသိထင်ရှားဖြစ်နေမည်။


ကန်ရာသီ
Aug 19 th မှ Aug 25 th ကြား
အရာရာအဆင်ပြေနေသည့်ကြားမှ ပြဿနာများရုတ်ချည်းဖြစ်ပေါ်လာတတ်သည်။ ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားသော ပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ထိတ်ထိတ်ပျာပျာဖြစ်တတ်သော အခြေအနေရှိမည်။ အမည်တွင် (အ၊ ဥ၊ သ၊ ဟ) ပါသောသူများ၏ အကောက်ကြံမှု၊ အနှောင့်အယှက်ပေးမှုများရှိမည်။ မမျှော်လင့်သော တိုက်ကွက်နှင့် ထိုးနှက်ခံရခြင်းရှိမည်။ စိတ်အေးလက်အေးနှင့် ဖြေရှင်းပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားမည်။ အလုပ်စီးပွားရေးပိုင်းတွင် မျှော်လင့်ထားသည်ထက်ပို၍ အဆင်ပြေမည်။ ရည်မှန်းထားသည်ထက်ပိုမိုသော အလုပ်အခွင့်အလမ်းများ ပေါ်ပေါက်မည်ဖြစ်ပေရာ နိုင်နိုင်နင်းနင်းလုပ်နိုင်ပါ့မလားဟု စိတ်ကူးရောက်ကာ မပျော်ပိုက်သလို ဖြစ်မည်။ ရဲရဲရှေ့တိုးဆောင်ရွက်ပါ။


ဗြိစ္ဆာရာသီ
Aug 19 th မှ Aug 25 th ကြား
ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့မည်။ ရေနှင့် ပတ်သက်သောအန္တရာယ်ဂရုစိုက်ရမည်။ အပျော်လွန်၍ အန္တရာယ်ကြုံခြင်းကို ကိုယ်တိုင်တွင်လည်းကောင်း၊ ဝန်းကျင်တွင်လည်းကောင်းကြုံမည်။ ငွေမြှုပ်နှံက ပြန်ဖော်ရခက်လောက်အောင်မြှုပ်သွားမည်။ ဝယ်ယူထားသော ပစ္စည်းများ အရှုံးပေါ်မည်။ ဆုံးဖြတ်ချက်များ မှားယွင်းတတ်သည်။ ညအချိန်မတော်သွားလာခြင်းများရှောင်ပါ။ လူမှား၍ ရန်ပြုခံရတတ်သည်။ အပျော်လွန်သော သူများနှင့် ပြဿနာခိုက်ရန်ဖြစ်တတ်သည်။


ဓနုရာသီ
Aug 19th မှ Aug 25th ကြား
ရည်မှန်းချက်သစ်နှင့် ရှေ့တိုးလုပ်ဆောင်သော ကိစ္စများမှ အောင်မြင်မှုများ ဆက်တိုက်ဖြစ်လာမည်။ ကာလရှည်ကြာ ဆောင်ရွက်ထားသော ကြိုးပမ်းမှုများမှ ကောင်းသော အကျိုးဆက်များ ရရှိမည်။ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ လုပ်ငန်းတိုးတက်မည်။ ကောင်းသောဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရမည်။ မိသားစုတွင် ခြံ၊ ကား၊ အခန်း အလဲအလှယ် အပြောင်းအလဲများရှိမည်။ အရပ်ဝေး တိုင်းတစ်ပါးမှ ပညာရပ်များ လေ့လာဆည်းပူးရန် ကြုံမည်။ ပြောင်းလဲလာသော အခြေအနေကို စနစ်တကျ အသုံးချ၍ အဆင့်မြင့် အောင်မြင်မှုများ ရရှိမည်။


ကုမ်ရာသီ
Aug 19 th မှ Aug 25 th ကြား
အားနာယုံလွယ်မှုအပေါ် အခွင့်အရေးယူသူများ နှင့်တွေ့မည်။ စွန့်စားပြီးလုပ်ကိုင်ရသောကိစ္စများရှောင်ပါ။ အလောတကြီး ရင်းနှီးမြှုပ်နှံခြင်းများ မပြုရ။ လူလိမ်လူကောက်ပွဲစားများနှင့် ပတ်သက်မိ၍ မိသားစုတွင် ဆုံးရှုံးနစ်နာစရာများကြုံမည်။ ပစ္စည်းလာရောက်ပေါင်နှံသူများရှိမည်။ လက်မခံရ။ အနာခံရမည်။ အလောတကြီး ရင်းနှီးမြှုပ်နှံမှုများမပြုရ။ အခြေအနေအရပ်ရပ်ကို ကိုယ်တိုင်သုံးသပ် ဆုံးဖြတ်ချက်ချပါ။ တစ်ပါးသူပြောဆိုသော စကားအပေါ်ယုံကြည်ကိုးစားဆုံးဖြတ်က အမှားများဆက်တိုက်ကြုံမည်။ နှစ်ဖက်မစဉ်းစားဘဲ အရင်ပြောလာသူစကား နားဝင်ယုံကြည်ခြင်းကြောင့် ဆုံးဖြတ်ချက်မှားမည်။


မိန်ရာသီ
Aug 19th မှ Aug 25th ကြား
ဆောင်ရွက်သမျှ အလုံးစုံ ထွန်းထွန်းပေါက်ပေါက်ရှိမည့် အချိန်ကာလကောင်း ဖြစ်သည်။ ဆုံးဖြတ်ချက်ရှိမည့် အချိန်ကာလကောင်းဖြစ်သည်။ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ စိတ်ကြည်လင်မည်။ အတွေးအခေါ် ပြတ်သားမည်။ အရာရာအပေါ် အချိန်ကိုက်တိကျစွာ ဆောင်ရွက်နိုင်မည်။ စတင်လိုက်သော ကိစ္စများသည် မည်မျှအခက်အခဲရှိစေ ဆုံးခန်းတိုင်မည်။ အလုပ်ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ ခရီးသွား၍ အကျိုးရှိမည်။ အပြောင်းအလဲသစ်များ ဆောင်ရွက်နိုင်မည်။ မြှုပ်နှံထားသော ငွေကြေးမှ အကျိုးအမြတ်ကောင်းရမည်။ စွန့်စားလုပ်ကိုင်ရန် ဝန်မလေးသင့်။


ကရကဋ်ရာသီ
Aug 19th မှ Aug 25th ကြား
အခက်အခဲများကို ကျော်လွှား၍ လိုရာဆန္ဒ၊ ရည်ရွယ်ချက်ကို ရှေ့တိုးဆောင်ရွက်နိုင်လိမ့်မည်။ ကိုယ်စွမ်းကိုယ်စနှင့် ကြိုးပမ်းဆောင်ရွက်သော ကိစ္စများမှ အကျိုးဆက်ကောင်း ရရှိမည်။ စုပေါင်းတွဲလုပ်သော လုပ်ငန်းများမှ ကောင်းကျိုးရရှိမည်။ ကာလအတန်ကြာ ကွဲကွာနေသူများနှင့် ပြန်လည်ပေါင်းစည်းရမည်။ ပဋိပက္ခများ အေးငြိမ်းသွားမည်။ လုပ်ငန်းတိုးချဲ့၍ အောင်မြင်မည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ လက်လွန်ထားသော ငွေကြေးများ ပြန်လည်ရရှိမည်။ မတော်တဆ ထိခိုက်မှု ဂရုစိုက်ရမည်။ နေအိမ်ဝန်းကျင်အနီးအပါးတွင် မီးလန့်ခြင်းရှိမည်။ အိမ်တွင် လျှပ်စစ်မီးအန္တရာယ် ဂရုစိုက်ရမည်။


မကာရရာသီ
Aug 19th မှ Aug 25th ကြား
ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်။ လက်လွန်ထားသော ငွေကြေးများ၊ ကြန့်ကြာနေသော ရပိုင်ခွင့်များအတွက် ပြန်လည်ပြောဆို ဆောင်ရွက်ရန် အခါကောင်း ကျရောက်သည်။ ပြောင်းလဲလာသော အခြေအနေနှင့် တိုးတက်မှုများကို ဆက်တိုက်ဖန်တီးနိုင်မည်။ စကားအပြောအဆို မှားယွင်းတတ်သည်။ စိတ်မြန်လက်မြန် ပြောဆိုခြင်း မပြုသင့်။ ငွေကြေးအပေးအယူ အရှုပ်အထွေးများကြား လိုက်လံဖြေရှင်းပေးရမည်။ ဖြေရှင်းပြီးပြတ်သွားပြီဟု ယူဆထားသော ပြဿနာဟောင်းများ ပြန်လည်ပြောဆိုရခြင်း ရှိမည်။ ဆုံးဖြတ်ထားပြီး အရာအား ပြန်လည်ပြင်ဆင်ရန် မသင့်။


ဆရာစံဇာဏီဘို

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................