(၁) Software တစ်ခုလုံးကို အသေးစိတ် လေ့လာဖို့မလိုသေးပါဘူးဗျ

Photoshop ထဲမှာပါတဲ့ menu တွေ၊ tool တွေနဲ့ photoshop ရဲ့ လုပ်ထုံးလုပ်နည်းတွေကို တစ်ခုချင်း အသေးစိတ်လေ့လာဖို့ မလိုပါဘူး။ စတင်လေ့လာမယ်ဆိုရင် photoshop ရဲ့ သဘောသဘာဝနဲ့ သူက ဘယ်လိုလုပ်ပေးမှရတယ်ဆိုတာ အကြမ်းဖျင်းသိဖို့လိုတယ်။ ဥပမ- ဓာတ်ပုံတွေကို ဖွင့်ကြည့်လို့ရတယ်။ အရွယ်အစား၊ Resolution ပြောင်းနိုင်တယ်။ အလင်းအမှောင်နဲ့ မှန်ကန်တဲ့ အရောင်တွေချိန်ပေးလို့ရတဲ့အပြင် လိုချင်တဲ့အရွယ် ဖြတ်တောက်ပြီး ပုံထုတ်နိုင်တယ်။
Photoshop ရဲ့ အနှစ်သာရက Vector နဲ့ Text တွေ သူ့ရဲ ဟန်ကတော့ Layer ပုံရိပ်အလွှာတွေ အများကြီးဖွင့်ပြီး အလုပ်လုပ်နိုင်တာပဲ။ နောက်တစ်ခါ Selection နဲ့ Mask ကလည်း အများကြီး အထောက်အကူပြုပါတယ်။ ဒီဇိုင်နာတွေကတော့ Layer များစွာနဲ့ အလုပ်လုပ်တတ်ဖို့အထိ ကျွမ်းကျင်ဖို့လိုပါတယ်။

အားလုံးကို နားလည်အောင်လေ့လာပြီးမှ အလုပ်စလုပ်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်ကစပြီး အခြေခံမှ စလုပ်သွားပါ။ ဥပမာ- ဓာတ်ပုံအရွယ်အစားပြောင်းတာကို Image size မှာ လိုအပ်တဲ့ အလျား၊ အနံ၊ resolution ဖြည့်ပေးတာမျိုး၊ ဒီနေရာမှာတင် အတိုင်းအတာ ယူနစ်တွေ၊ resolution အကြောင်း၊ resample, Aspect ratio…Background စတာတွေ အရင်သိသွားမယ်။ နောက်တစ်ခါကျတော့ ပုံကောင်းဖြစ်လာဖို့ Adjustment ထဲက လုပ်ဆောင်ချက်တွေကို တစ်ခုချင်းစမ်းသပ်လေ့လာသွားပါ။ ဒီမှာတင် ဓာတ်ပုံရဲ့အလင်းအမှောင်ချိန်တာ၊ အရောင်ပြင်တာနဲ့ ပြတ်သားမှု (Sharpen) တွေ ဘယ်လိုလုပ်ပေးရင် ကောင်းလာမယ်ဆိုတာ တစချင်းသိလာမယ်။ နောက်တစ်ဆင့်ကျမှ Layer တွေအကြောင်း၊ Layer Adjustment တွေဘယ်လိုလုပ်ပေးရတယ်ဆိုတာ လေ့လာပါ။ တစ်လက်စတည်း Selection, mask ရဲ့ အသုံးဝင်ပုံတွေ လေ့လာထားဖို့လည်း လိုပါတယ်။ အခုပြောတဲ့ အဆင့်ဆင့်အတိုင်း လေ့လာမယ်ဆိုရင် Photoshop ကို သက်သက်သာသာ ပျော်ရွင်စွာနဲ့ နားလည်သဘောပေါက်သွားပါလိမ့်မယ်။

Photoshop ကိုတစ်နေ့ပြီးတစ်နေ့ နှစ်ပေါင်းများစွာ လေ့လာနေရင်တောင်မှ လုပ်ဆောင်ချက်အသစ်တွေ Tool အသစ်တွေ၊ အဓိကသိဖို့လိုတာတွေ၊ လှည့်စားချက်တွေက အမြဲ ရှာဖွေတွေ့ရှိလာနေပါလိမ့်မယ်။ ဒါမှ တစ်နေ့ တစ်ခြား တိုးတက်သိမြင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Photoshop ကို အခုချက်ချင်း အကုန်အသေးစိတ်သအောင် မကြိုးပါနဲ့။ လုပ်ချင်တာကနေ တစ်စတစ်စလေ့လာသွားပါ။

(၂) Phototshop ထဲမှာ ဘာမဆို လုပ်နိုင်တဲ့ နည်းလမ်းများစွာရှိနေပါတယ်။

Photoshop ရဲ့ လုပ်နည်းလုပ်ဟန်ဟာ တစ်ချို့က လွယ်လွယ်လေး၊ ပိုကောင်းလာတာတွေလည်းရှိ၊ စိတ်တိုင်းကျ ပြည့်စုံသွားတာလည်းရှိပါတယ်။ လူတိုင်းကတော့ ကိုယ်လုပ်နေတာကို အမြန်ဆုံးနည်းလမ်းနဲ့ ပြီးသွားချင်ကြတာပါပဲ။ ကိုယ့်လုပ်မယ့်အလုပ်ကို ဖြစ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေလုပ်ကြည့်ပါ။ ကိုယ်နဲ့စိတ်ကြိုက်ဖြစ်မယ့် နည်းတစ်ခုခုကတော့ တွေ့မှာသေချာပါတယ်။ ဥပမာ- ရောင်စုံဓာတ်ပုံတစ်ပုံကို Black and White ပုံအဖြစ် ပြောင်းပေးတဲ့နည်းလမ်းအများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လုပ်ပုံခင်ျးတူမှာမဟုတ်ပါဘူး။ လုပ်ငန်းပေါ်မူတည်ပြီး နည်းလမ်းကောင်းတွေ တွေ့ရမှာဖြစ်ပါတယ်။

(၃) အမြဲတမ်း အသုံးပြုနေရမယ့် Shortcut Keys တွေကို မှတ်ထားပါ။

Control Key နှိပ်ပြီး A နှိပ်လိုက်ရင် Select All, C နှိပ်လိုက်ရင် Selection ကို Copy ယူမယ်၊ V နှိပ်လိုက်ရင် Selection ကို Paste လုပ်မယ်၊ S နှိပ်လိုက်ရင် Save လုပ်မယ်… စသည်ဖြင့် Shortcut key တွေကို များများသုံးပါ။ အလျှင်စလို လုပ်စရာမလိုတောင်မှ Shortcut တွေ သုံးနိုင်ဖို့ လေ့လာထားပါ။

(၄) နှစ်သက်စရာကောင်းတဲ့ Filter တွေသုံးပါ
စဦသင်တဲ့တွက် မှော်ဆန်လောက်တဲ့ အံ့ဖွယ်ပုံတွေ မလုပ်တတ်သေးခင် တော်တော်ကိုမြန်ဆန် အလုပ်ပြီးမယ့် Filter တွေကို စတင်သုံးကြည့်ပါ။ Photoshop ထဲမှာ မူရင်း Filter တွေပါရှိသလို အပြင်ကရလာတဲ့ Plugin, Filter တွေကိုလည်း ထပ်ထည့်ပေးနိုင်ပါတယ်။ အဆင့်ပေါင်းများစွာလုပ်ရမယ့် အလုပ်တွေကို Filter နဲ့ဆိုရင် ခလုတ်တစ်ချက် (ဒါမှမဟုတ်) အနည်းငယ်လောက်ပဲ လိုပါတယ်။ Filter တွေတစ်ခုချင်း ဘယ်လိုလုပ်ပေးနိုင်တယ်ဆိုတာ အချိန်ရသမျှမှတ်ထားပါ။ လုပ်ဆောင်ချက် တစ်ဆင့်ချင်းကို မှတ်ထားပေးနိုင်တဲ့ Action ရဲ့ လုပ်ပေးပုံကလည်း မြန်ဆန်တိကျပါတယ်။

(၅) Photoshop က ပုံမကောင်းတာတွေကို ကြည့်နေမှာမဟုတ်ဘူး

ပုံကောင်းတစ်ပုံဖြစ်ဖို့ (၁) အလင်းအမှောင်ကောင်းရမယ်၊ (၂) ပြတ်သားမှုကောင်းရမယ်၊ (၃) မှန်ကန်တဲ့ အရောင်အသွေးရှိရမယ်၊ (၄) Composition ကောင်းအောင် Crop ဖြတ်တတ်ရမယ်။ Photoshop က ဒီအချက်လေးစလုံးကို ပြည့်ပြည့်စုံစုံ လိုလေးသေးမရှိလုပ်ပေးမှာ ဖြစ်ပါတယ်။ Photoshop ရဲ့ Adjustment လုပ်ဆောင်ချက်တွေနဲ့ Crop tool နဲ့တင်ရနေပါပြီ။

(၆) Layer Mask ကလည်း အသုံးဝင်ပါတယ်

ပုံတစ်ပုံမှာ တစ်ပြင်လုံးကို ပြုပြင်မွမ်းမံရတာရှိသလို ပုံအစိတ်အပိုင်းတစ်ခုကိုပဲ Adjustment လုပ်ပေးရတာရှိတယ်။ ဒီနေရမျာ နေရာသတ်မှတ်ပေးနိုင်တဲ့ ကိရိယာတွေက Selection tool ဖြစ်ပါတယ်။ Marquee tool, Lasso tool, Magic Wand နဲ့ Selection menu တို့ Selection area Wand နဲ့ Selection menu တို့က Selection area ကိုဖြစ်စေတယ်။ Selection area ပြင်ပက နေရာတွေက Mask area ဖြစ်တယ်။

Selection area အပြင်ဘက်မှာတော့ လုပ်ဆောင်ချက်တွေ မသက်ရောက်စေတဲ့ Mask area ဖြစ်နေတယ်။ Layer တစ်ခုချင်းပေါ်မှာ Selection area တွေ၊ Mask area တွေ သတ်မှတ်၊ တိုးချဲ့ပြင်ဆင်ပေးလို့ရတယ်။ မြန်တာကတော့ Quick mask သုံးတာ၊ Refine Edge သုံးတာဖြစ်တယ်။ မသိမဖြစ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်လို့ လေ့လာ့အသုံးချပါ။

(၇) Content aware Fill ကလည်း အစွမ်းထက် ကိရိယာ တစ်ခုပါ
Selection are တစ်ခုထဲမှာ နီးစပ်ရာနေရာက Pixel တွေ ၀င်ရောက်ဖြည့်ပေးတဲ့ နည်းလမ်းပါ။ ပုံထဲမှာ မလိုချင်တဲ့၊ ဖျောက်ချင်တဲ့ နေရာကို Selection Tool တစ်ခုခုနဲ့ ရွေးချယ်ထားလိုက်ပါ။ Shift+F5 (သို့) Edit> Fill> content aware ၀င်ပြီး OK နှိပ်ပါ။ ရိုးရှင်းလှပေမယ်လို့ အရမ်းကို အလုပ်ဖြစ်ပါတယ်။ မျက်လှည့်ပြလိုက်သလိုပါပဲ။ ပျောက်သွးတယ်။ သေသေသပ်သပ် ဖြစ်ကျန်ရစ်ပါတယ်။

(၈) အလုပ်လုပ်ရာမှာ လောဘမကြီးပါနဲ

Photoshop ထဲမှာ သေချာတဲ့ အလုပ်တွေကျတော့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြီးတယ်။ စမ်းကြည့်ရမယ့် အလုပ်တွေရမရ မသေချာသေးတာတွေကျတော့ နည်းနည်းချင်းလုပ်ကြည့်ပါ။ တစ်နောချင်းစေ့စပ်သေချာအောင်စစ်းဆေးပြိး ပြောင်းလဲမှုတွေကို နည်းနည်းစီ အကြိမ်များများလုပ်တာ ပိုကောင်းပါတယ်။ ဥပမာ- အရောင်တစ်ခုချယ်မယ်၊ အရောင်သွင်းမယ်ဆိုရင် Opacity နည်းနည်းနဲ့ ၃၊ ၄ ကြိမ်လုပ်ပေးပါ။ ၁၀၀% ရအောင် ၂၅% နဲ့ လေးကြိမ်လုပ်ပေးတာမျိုးပေါ့။ ဒါက စမ်းကြည့်နေရတဲ့ အလုပ်တွေကိုပဲပြောတာ။ နောက်တစ်ခါ Layer တစ်လွှာထဲမှာပဲ Subject တွေကို စုပြုံမထားပဲ Layer များများဖွင့်ပြီး အလုပ်လုပ်ပါ။ ဒါမှ မျက်ရင် တစ်လွှာပဲ ပျက်မယ်။ အလုပ်တစ်ခုလုံး အစအဆုံး ပြန်လုပ်ရတဲ့ ဒုက္ခလည်း ကင်းမယ်။

(၉) ဘာပဲလုပ်လုပ် Photoshop ဆိုတာ အထောက်အကူပြု ကိရိယာသာ ဖြစ်တယ်

ဓာတ်ပုံနဲ့ဆိုင်တဲ့ အရာရာတိုင်းကို Photoshop က လုပ်ပေးနိုင်တယ်ဆိုတာကို တရားသေ မှတ်မထားပါနဲ့။ အခြစ်ရာတွေ၊ ပုံဟောင်းတွေကို ပုံကောင်းဖြစ်သွားအောင် လုပ်တာဟာ Photoshop Tool တွေသုံးပြီး လူကလုပ်တာပါ။ Photoshop က အသုံးချလို့ရတဲ့ ကိရိယာသာဖြစ်တယ်။ ဓာတ်ပုံတွေကို ပိုကောင်းသွားအောင် အကူအညီ ရရုံသက်သက်ပါ။ လူကပဲ ခိုင်းစေဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။