~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday, 6 August 2012

About Cisco Company History

About Cisco Company History
 
Networkလောကမှာ ခေတ်စားနေတဲ့ Cisco အကြောင်းကို ကျွန်တော်သိ့သလောက် မျှဝေချင်ပါတယ်။ ပထမဆုံးအနေနဲ့တော့Cisco Company အကြောင်းကို အရင်စရေးပါမယ်။ နောက်မှ Cisco Certification အကြောင်းနဲ့CCNA သင်ခန်းစာလေးတွေ တင်ပေးသွားပါ့မယ် ။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် အမှားလေးတွေ ပါခဲ့ရင် နားလည်ပေးကြပါလို့အရင်ဆုံးပြောချင်ပါတယ် ။ တော်တော်များများကတော့Cisco လို့ ပြောလိုက်ရင် Router တွေ Switch ကိုပဲ မျက်စီထဲ မြင်မိကြတယ် ထင်ပါတယ်။
 
တစ်ကယ်တော့Cisco Company က Router တွေ Switch တွေအပြင် အခြား Product တွေလဲ အများကြီးရှိ ပါသေးတယ်။Cisco Company ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ San Jose မြို့မှာအခြေစိုက် တည်ရှိပါတယ်။Standlford University Computer Operation Dept မှာ တာဝန်ထမ်းဆောင်နေကြတဲ့ LenBosack နဲ့ Sandy Lerner တို့ လင်မယားနှစ်ယောက်ကနေပြီးRichard Troiano ဆိုတဲ့ သူနဲ့ ပူပေါင်းပြီး Cisco System ကို 1984 ခုနှစ်မှာ တည်ထောင်ခဲ့ကြပါတယ်။ Cisco ဆိုတဲ့ နာမည်လေးကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြို့တစ်မြို့ ဖြစ်တဲ့ San Francisco မြို့နာမည်ထဲက Cisco ကို ယူထားတာပါ။ နောက်တစ်ခုCisco ရဲ့ Logo လေးကလဲ San Francisco ရဲ့ Golden Gate တံတားပုံလေး ကို ပုံစံယူထားပါတယ်။
 
Ciscoရဲ့ ပထမဆုံး Product ကတော့ Multiple Protocol Router Software ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီsoftware က Standford ရဲ့ ၀န်ထမ်းတစ်ဦး ဖြစ်တဲ့ William Yeager ဆိုတဲ့သူ ရေးသားခဲ့တာပါ။




အဲဒီ SoftwareကိုမှBosackက သင့်လျော် အောင် ပြန်ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပထမဦးဆုံးIP Router ကိုတော့ 1976 ခုနှစ်မှာ Virginia Strazisar က တီတွင်ခဲ့တာပါ ။ Cisco ကRouter တွေကို ထုတ်လုပ် ရောင်းချခဲ့ တဲ့ အဖွဲ့အစည်းတွေထဲမှာ ပထမဆုံး မဟုတ်ခဲ့ပေမဲ့လည်းMultinetwork Protocol ကို Support လုပ်တဲ့ Router တွေကို အောင်မြင်စွာ ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ပထမဆုံး အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ ရပါတယ်။ Cisco က Routing ပိုင်းသာမဟုတ်ပဲ အခြားသောNetwork ပိုင်းဆိုင်ရာ ပစ္စည်းတွေရဲ့ ဈေးကွက်ထဲကိုလဲ ထိုးဖောက်ဝင်ရောက်နိုင် ခဲ့ပါတယ်။အဲဒါကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်။ အဲဒီနောက် 2003 ခုနှစ်မှာCisco က Netwoking နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ နေရာမှာ နာမည်ကြီးပြီးHome Networking ဈေးကွက်ကိုလဲ ဦးဆောင်နေတဲ့ Linksys ကိုဝယ်ယူခဲ့ပါသေးတယ်။ တစ်ခြားဝယ်ယူမှုတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူးလို့ ပြောလို့ရပါတယ်။

Cisco Company ရဲ့ ပထမဦးဆုံး CEO နှစ်ယောက်ကတော့ John Morgridge နှင့် John Chambersဖြစ်ပါတယ်။ အခု လက်ရှိ CEO ကတော့ အားလုံးသိ့နေတဲ့ John Chambers ပေါ့ဗျာ ။





ကျွန်တော်Cisco Product တွေကို ပုံနဲ့ပဲ ပြပေးထားပါတယ်။

ဒါတွေကတော့Internet Backbone တွေမှာ သုံးကြပါတယ်။


တစ်စုံတစ်ခုအမှားအယွင်းပါခဲ့ရင်လဲ နားလည်ပေးကြပါဗျာ။ ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်တယ် ဆိုရင်တော့Online မှာ မွှေလိုက်နှောက်လိုက်ကြပေါ့ဗျာ ။ www.cisco.comမှာလဲ သွားပြီး လေ့လာလို့ ရပါတယ်။




credit http://www.tramyanmar.net/2011/11/about-cisco-company-history_30.html
Reactions:

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................