~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 15 August 2012

(1)Windows 7 တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ (1)Windows XP တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ

Windows 7 တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ




  တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေထည့်လို့မရတော့တာမျိုး၊ ထုတ်လို့မရတော့တာမျိုး virus ကိုက်တာမျိုးလေးတွေရှိတက်ပါတယ်။ အဲ့လိုအခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ်။ အောက်ကနည်းလေးကတော့ USB driver ကို NTFS နဲ့ Format ချနည်းလေးပါ။


(၁) ပထမဆုံး USB driver ကိုတပ်လိုက်ပြီးရင် My Computer ကို Right Click နှိမ့်ပြီး Manageကိုသွား။


(၂)အဲ့ဒါဆိုရင် computer management ကိုရောက်မယ်။အဲ့ဒီကိုရောက်ရင် System Tools က Device Driver ဆိုတာလေး တွေ့ပါမယ်။ အဲ့ဒါကိုကလစ်လိုက်ရင် အဲ့ဒီမှာ ကိုယ့် USB Driver ကိုတွေ့ပါလိမ့်မယ်။


(၃)တွေ့ပြီဆိုရင် USB Driver ကို Right Click ထောက် Properties ကိုသွား။ ရောက်ရင် Tag မှာ Policies ကိုရွေး၊ အဲဒီမှာ ၂ ခုတွေ့လိမ့်မယ်။"Optimitze for quick removal" နဲ့ "Optimize for Better performance" ဆိုပြီးတွေ့ပါလိမ့်မယ်။ "Optimize for performance" ကိုရွေးပေးလိုက်ပါ။


(၄)ဒါဆို USB driver ကို format ချဖို့ enables ဖြစ်သွားပါပြီ။


(၅)အားလုံးပြီးရင် OK ပေါ့။ ပြီးရင် My Computer ကိုသွား USB Driver ပေါ် Right Click နှိမ့်ပြီး Format ချကြည့်ပေါ့။ချတဲ့နေရာမှာ files system ကိုကြည့်လိုက် NTFS format optionကိုတွေ့လိမ့်မယ်။ ဒါဆိုရင် USB driver ကို NTFS နဲ့ Format ချလို့ပြီးသွားပါပြီ။ အားလုံးအဆင်ပြေစွာ အသုံးချနိုင်ကြပါစေ။
အားလုံးအဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ
 ===================================================



USB stick ကို Format ချနည်းလေးပါ။

မင်္ဂလာပါ။
USB stick ကို format ချရင် window was unable to format လို့ပြနေတယ်ဆိုတဲ့ ကိုအေးမင်းမေးထားတဲ့ USB format ချနည်းလေးကိုတင်ပေးလိုက်ပါမယ်နော်။ command ကနေချနည်းနဲ့ Software သုံးပီးတော့ ချနည်းနှစ်ခုကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။ ပထမဆုံးတော့ My Computer ကိုအရင်ဖွင့်ပါ။ ပီး၇င် မိမိ Drive letter ကိုအရင်မှတ်ထားလိုက်ပါ။ ဥပမာ E: တို့ F: တို့ပေါ့နော်။
ပီးရင် window+r ကိုနှိပ်ပီး run box ကိုခေါ်လိုက်ပါ။ ပီး၇င်တော့ cmd လို့ရိုက်ပီးတော့ command box ကိုခေါ်လိုက်ပေါ့နော်။ပီးရင် Format Drive:/fs:fat လို့ရိုက်ပီးတော့ Enter ခေါက်ပေးလိုက်ပါ။ အော်တို formatကျသွားပါလိမ့်မယ်။
နောက်တစ်နည်းကတော့ ကျွန်တော် software လေးတစ်ခု တင်ပေးလိုက်ပါ့မယ်။ သူကတော့ Portable လေးပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုတ်ဆွဲသွားပါနော်။ အားလုံးအတွက် ကိုဖိုးအေး။
 
 
..
..
 
 ================================================
..
.
 Windows XP တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ
USB ကို ဖွင့်လို့မရတော့ဘူး format လဲချလို့မရတော့ဘူး ဆိုရင်
Removable Storage Devices တွေထဲ USB လို့ ခေါ်ကြတဲ့ flash Drive လေးကို အခုခေတ်မှာ တော်တော်များများ အသုံးပြုလာကြပါတယ် ၊
ဈေးနှုန်းသက်သာပြီး computer အသုံးပြုသူတွေကိုများစွာအထောက်အကူပြုတဲ့ဒီပစ္စည်း လေးဟာတခါတရံ မှာ virus တွေရဲ့တိုက်ခိုက်မှုကိုခံရပြီး သုံးမရလောက်အောင် အခြေအနေမျိုးကိုရောက်သွားတတ်ပါတယ်။
USB ဟာ virus တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကိုခံရပြီဆိုရင် အချို့ devices တွေက memory size ပါပြောင်းသွားပါတယ်၊(ဥပမာ - memory 2GB ကနေ 6MB ကို)။
ဒီလိုဖြစ်သွားပြီဆိုရင်တော့ ပြန်လည်ပြုပြင်ဖို့မလွယ်ပါဘူး၊ဒါပေမဲ့ သူ့ သက်ဆိုင်ရာ software ရှိမယ်ဆိုရင်တော့ ရနိုင်မှာပါ။

ဒါကအလွန်ဖြစ်ခဲပြီး၊အရည်အသွေးညံ့တဲ့ USB တွေမှာသာဖြစ်လေ့ရှိတာပါ၊
အခု ကျနော်ပြောချင်တာက USB တွေမှာ အဖြစ်အများဆုံးပြဿနာ၊
အဲဒါက - USB stick ကို ကွန်ပျူတာ မှာ တပ်ပြီး ရင် *ကွန်ပျူတာက USB stick ကို သိပါတယ် ၊ဒါပေမဲ့ USB ကို ဖွင့်လို့မရတော့ဘူး format လဲချလို့မရတော့ဘူး ဆိုတဲ့ပြဿနာပါ။
* ပထမဆုံး HP USB Disk Storage format tool / V2.1.8 လေးနဲ့ အရင်စမ်းသုံးကြည့်ပါ။ အဆင်မပြေရင်တော့ အောက်ကနည်းလေးနဲ့လုပ်ကြည့်ပါ၊
ပြုလုပ်နည်းလေးကတော့ computer ကို windows ခွေထည့် boot တက်ပြီး usb ကို format ချလိုက်၊ ပြီးရင် memory size ပြန်ပြီး သတ်မှတ်ပေး လိုက်ရုံပါပဲ။ ဒါကို မလုပ်တတ်သူများအတွက်ကတော့---

၁.USB ကို computer မှာ အရင်ဆုံး တပ်ပါ၊
၂.windows ခွေကိုထည့်ပါ၊( for windows XP )
၃.computer ကို restart လုပ်ပါ၊
၎.windows တင်ပုံတင်နည်းအတိုင်းပဲဆက်လုပ်သွားပါ၊
၅.windows တင်နည်းကိုမသိရင် အောက်ကနည်း အတိုင်းလုပ်ပါ၊

အပေါ်က နံပါတ် ၁.။ ၂.။ ၃.။အတိုင်း restart လုပ်ပြီးတာနဲ့ လက်ကို enter key ပေါ်မှာအဆင်သင့်တင်ထားပြီး computer မှာ Press any key to boot from to CD လို့ ပေါ်လာတာနဲ့ enter ကို နှိပ် ပါ။(တစ်ချက်ထဲနဲ့ နှိပ်လို့ မရရင် ဆက်သာနှိပ်ပါ တစ်ချို့စက်တွေမှာ keyboard က computerကrestartလုပ်လုပ်ချင်းမှာချက်ချင်းအလုပ်မလုပ်နိုင်တာကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်၊ မှတ်ချက်--computer ရဲ့ bios setup ထဲမှာ first boot device ကို [CD ROM] ထားပြီးဖြစ်ရပါမယ်။ ပြီးရင် computer က သူ့ဟာသူ windows setup လုပ်နေပါလိမ့်မယ်၊ခနစောင့်ပါ၊ Setup is loading file ပြီးတာနဲ့ Enter=Continue မှာ Enter နှိပ်ပါ၊ခနစောင့်ပါ၊ F8=I agree မှာ F8 ကိုနှိပ်ပါ၊ ESC=Don’t Repair မှာ ESC ကိုနှိပ်ပါ၊ ENTER=Install မှာ ENTER ကိုနှိပ်ပါ၊
အဲဒီမှာ ဘယ်မှာ install လုပ်မလဲ မေးရင် မိမိ တပ်ထားတဲ့ USB ကိုရွေးပေးပြီး Format ချပေး ပါ။ F=format မှာ F ကို နှိပ် ပေါ့။ပြီးရင် computer က သူ့ဟာသူ restart လုပ်သွားပါလိမ့်မယ်။ windows ခွေပြန်ထုတ်၊ USB ပြန်ဖြုတ်၊ ဒါပါပဲ။

 ဒီနည်းနဲ့မှအဆင်မပြေသေးဘူး USB က free space အရမ်းနည်းနေလို့ မရဘူးဆိုရင်တော့Computer မှာ USB တပ်ပြီး windows နောက်တစ်ခု အသစ်တင်၊အဲဒီကျမှပဲ ပုံမှန်အတိုင်းပဲပြန်ပြီး Format ချပေတော့။အားလုံးအဆင်ပြေသွားမှာပါ။
နောက်တစ်နည်းကတော့ NTFS နဲ့ Format ချကြည့်ပါ ။ USB drive ကို computerမှာတပ် ။ ပြီးရင် My Computer > Right Click > Manage > System Tools > Device Manager ညာဘက်ခြမ်းမှာ Disk drives ကို click ရင် ကိုယ့်USB Drive ကို တွေ့ပါမယ်။
ကိုယ့်USB ကို right click > Propereties > Policies > Optimize for performance ကိုရွေး ok လိုက်။ ပြီးရင် My Computer ကို သွား USB Drive ပေါ် မှာ Rightclick နှိပ် file system မှာ NTFS ကို ရွေး quick format > start ခနစောင့် format complete ဆိုရင် ok လိုက်တော့။

USB အတွက် ရတက်အေးနိုင်ကြပါစေဗျာ။
ကျနော် ရေးတဲ့ ဒီစာက computer ကို အခုမှစတင်လေ့လာနေသူတွေအတွက်အလွယ်ကူဆုံးနားလည်ရန်ရည်ရွယ်ရေးသားခြင်းသာဖြစ်ပါတယ်၊ ကျနော် IT ပညာရှင်မဟုတ်ပါ။ကိုယ်တွေ့ ကြုံခဲ့ရသမျှ အခြားသူများလဲသိစေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်ပါခင်ဗျာ။ Computer ကျွမ်းကျင် ဆရာများနဲ့ သိပြီးသူတွေအတွက် sorry ပါ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................