~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 18 August 2012

(1)ပျောက်သွားတဲ့ဖိုင်(hidden ဖိုင်)တွေကို Manual နည်းနဲ့ ပြန်ရှာခြင်း။(2)Run Command တွေ ဖန်တီးခြင်း။(3)USB Write Protected Error အတွက် ဖြေရှင်းနည်း

ဖွယ်ဖွယ်ရာရာ နည်းပညာ လေ့လာစရာများ စုစည်းမှု


filename.exe Virus ထိလို့ ပျောက်သွားတဲ့ဖိုင်(hidden ဖိုင်)တွေကို Manual နည်းနဲ့ ပြန်ရှာခြင်း။

ဒီ Virus က စက် သို့မဟုတ် Memory Stick ထဲကို ဝင်ရောက်လာပြီ ဆိုရင် လက်ရှိဖိုင်တွေကို နောက်က Extension ကို .exe ( eg: originalfilename.exe )နဲ့ ပြောင်းလိုက်ပါတယ်။ မှုလဖိုင်ကိုတော့ Hidden လုပ်ထား လိုက်ပါတယ်။ပုံမှန်အနေနဲ့ ပျောက်သွားတဲ့ ဖိုင်ကို ပြန်တွေ့ ချင်တယ်ဆိုရင် Folder Option ထဲက View Tab အောက်မှာ Show Hidden Files and Folders ကို အမှန် ခြစ်ပေးလိုက်ရင် ပြန်တွေ့ နိုင်ပါတယ်။ ဒါပေမယ့် .exe Virus ဝင်ရောက် လာပြီ ဆိုရင်တော့ အထက်ပါ နည်းလမ်းနဲ့ ပြန်ဖော်လို့ မရတော့ ပါဘူး။ နောက်တစ်ခုက Virus ကို ရှင်းပြီးချိန်မှာတောင် Show Hidden Files and Folders ကို အမှန်ခြစ် လုပ်ရင်တောင် Hidden ဖိုင်တွေကို ပြန်မမြင်ရတော့ပါဘူး။

Registry ထဲ ဝင်ရောက် ပြန်ရှာခြင်း။

Registry Editor ကိုဖွင့်ဖို့အတွက် Run ကိုခေါ်ပါ။

( Win+R )Run Dialog Box မှာ regedit လို့ ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။

Registry Editor ထဲမှ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows \CurrentVersion\Explorer\Advanced\Folder\Hidden\SHO WALL ကိုသွားလိုက်ပါ။ အဲဒီက Check Value ကို Double Click နှိပ်ပါ။ Value Data ကို 0 ကနေ 1 ကိုပြောင်းလိုက်ပါ။ဒါဆိုရင်တော့ .exe Virus ဖွက်ထားတဲ့ Hidden ဖိုင်တွေကို မှုန်ဝါးဝါး အနေအထားနဲ့ ပြန်လည်မြင်တွေ့ နိုင်ပြီ ဖြစ်ပါတယ်။
Control Panel ထဲမှာ Folder Options ပျောက်နေလား။


Control Panel ထဲမှာ Folder Options ပျောက်နေရင် နည်းလမ်း (နှစ်) လမ်းနဲ့ ပြန်ဖော်ယူရပါ့မယ်။ registry ထဲဝင်ပြီး ပြင်ရတဲ့ နည်းလမ်းများသည် အဆင်မပြေရင် ကွန်ပြူတာစနစ်ကို ထိခိုက်နိုင်ပါတယ်။ Folder Options ပျောက်ရတဲ့ အကြောင်းရင်းက အများကြီးပါ။ အများဆုံး ဖြစ်နိုင်တာက ဗိုင်းရပ်စ် ကြောင့်ပါ။


ပထမ နည်း



  • Run box မှာ regedit ရိုက်ထည့်ပါ။
  • HKEY_CURRENT_USER ကနေ Software> Microsoft>Windows>Current Version>Policies>Explorer ကို တစ်ဆင့်ချင်း ဖွင့်ပါ။
  • Explorer ကို ကလစ်လုပ်ပြီး တဖက် မြင်းကွင်းမှာ ပေါ်လာတဲ့ စာသားတွေထဲက “No Folder Options” ကိုရှာပါ။ တွေ့ရင် မောက်စ်ကလစ် နှိပ်ပြီး DWORD value ကို 00000000 လို့ပြင်ပါ။
  • ကွန်ပျူတာကို restart ပြန်လုပ်ပါ။

ဒုတိယ နည်း




  • ၄င်းသည် Group Policy Setting ကြောင့် ဖျောက်ထားခြင်း ဖြစ်နိုင်ပါတယ်။
  • ကွန်ပျူတာကို Administrator အနဲ့ ဖွင့်ပါ။ ဒါမှမဟုတ် ဖွင့်ထားတဲ့ အနေအထားသည် administrator အဖြစ် သုံးနိုင်ရပါမယ်။
  • Run box မှာ regedit ရိုက်ထည့်ပါ။၎င်းသည် Group Policy ကို ဖွင့် ခြင်းဖြစ်ပါတယ်။
  • Group Policy (box) ထဲမှာ Local Computer Policy>User Comfiguration> Adminsitrstive Templates Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။
  • ညာဘက်မြင်ကွင်းမှာ ‘Hide specified Control Panel applets’ ကို စစ်ကြည့်ပါ။ ၄င်းတွင် Enable ဖြစ်နေပါက ကလစ် နှစ်ချက်နှိပ်ပြီး Disabled လို့ ပြင်ပါ။ Ok ကိုနှိပ်ပါ။
  • ထို့အတူ ‘Show only specified Control Panel ကိုစစ်ပြီး Enabled ဖြစ်နေပါက Disabled ကို ရွေးချယ်လိုက်ပါ။Ok ကိုနှိပ်ပြီး Group Policy မှ ပြန်ထွက်ပါ။
  • Control Panel ကိုဖွင့်ပါ။Menu က view ကိုဖွင့်ပြီး Refresh ကို ကလစ်လုပ်ပါ။


ထိုသို့ ပြုလုပ်ရာမှာ Group Policy (box) အတွင်း Enables စသည် မတွေ့ပါက Folder Options ပျောက်ရခြင်းသည် အခြား အကြောင်း ကြောင့် လို့ မှတ်ယူရပါမယ်။Windows XP Home ကဲ့သို့ OS မှာ မပါတာမျိုး ရှိပါတယ်။ ၄င်းအတွက် Rigistry Editor မှာ စောစောကလို Explorer သို့ တစ်ဆင့်ချင်း ဝင်ပါ။၎င်းတွင် DisallowCpl ရဲ့ တန်ဖိုးကို စစ်ကြည့်ပါ။ အဲဒီမှာ တန်ဖိုး (0) ဆိုရင် Policy Disabled ဖြစ်ပြီး တန်ဖိုး (1) ဆိုရင် Policy Enabled ဖြစ်ပါတယ်။
'
===================================================

Run Box ကနေ Command တွေရိုက်ပြီး လှမ်းခေါ်လို့ရတယ်။တစ်ကယ်လို့ Run Box ထဲမှာ note-pad လို့ ရိုက်ရင် Note-pad Program ပေါ်လာမယ်။ဒါပေမယ့် Third Party သီးခြား Program တစ်ခုကို Run ထဲကနေ ခေါ်ကြည့်တဲ့အခါ အဲဒီ Command ကမရှိဘူးဆိုပြီး Error ကျလာလိမ့်မယ်။ Run Command တွေက သူ့မှာ ရှိတာတွေပဲ သုံးလို့ရမှာပါ။ဒါကြောင့် ကိုယ်သုံးနေတဲ့ Window မှာ စိတ်ကြိုက် Program တွေ၊ File တွေကို ထည့်သွင်းပြီး Run Command တွေ ဖန်တီးကြရပါမယ်။

Run Command တွေ ဖန်တီးခြင်း။

Start ထဲက Run ထဲမှာ regedit လို့ ရိုက်ပြီး Registry Editor ကိုဖွင့်ပါ။ ပြီးလျှင် ..HKEY-LOCAL-MACHINE\SOFT-WARE\Microsoft\Windows\Current Version\App Paths သို့ ရောက်အောင် သွားပါ။ App Paths ထဲရောက်လျှင် Right-Click နှိပ်ပြီး New ထဲက Key ကို Click လိုက်ပါ။

Registry Editor ရဲ့ ဘယ်ဘက်အခြမ်းမှ App Paths အောက်မှာ New Key#1 ဆိုပြီး Folder အသစ်တစ်ခုပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ New Key#1 ကိုယ်ကြိုက်တဲ့ နာမည်ပြောင်းပြီး နောက်မှာ .exe ထည့်ပေးရပါမယ်။ဥပမာ gtalk ကို Run Command လုပ်ချင်ရင် Key နာမည်မှာ gtalk.exe လို့ပေးရမယ်။ဒီ Key က Run ထဲမှာ ရိုက်ရမယ့် Command ပါပဲ။
ဒီ Key ကို Click နှိပ်လိုက်ပါ။ပြီးလျှင် ညာဘက်ဘေးက Default registry key ဆိုတဲ့ String Value ကို Right-Click နှိပ်ပြီး Modify ကိုရွေးလိုက်ပါ။Value Data အောက်မှာ ကိုယ် Run ချင်တဲ့ File ရဲ့ လမ်းကြောင်းကို File နာမည် အထိ အတိအကျ ပြည့်ပြည့်စုံစုံ ထည့်ပေးရမယ်။ ရှေ့ က ဆိုခဲ့တဲ့ gtalk ကို Run ချင်တာဆိုရင် အဲဒီ gtalk ကို Run ပေးမယ့် .exe ရှိတဲ့ လမ်းကြောင်းကို အတိအကျ ထည့်ပေးရမယ်။ပြီးရင် OK ကိုနှိပ်ပါ။

အဖြူရောင် လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး New ထဲက String Value ကိုယူပါ။
နာမည်ကို Path လို့ပေးပြီး ၎င်းကို ကိုယ် Run ချင်တဲ့ File ရှိတဲ့ လမ်းကြောင်းကို ပေးရမယ်။ဒီလိုဆိုရင် အားလုံးပြီးပါပြီ။ သတိထားရမှာက Default Registry Key က ကိုယ် Launch လုပ်ချင်တဲ့ File အထိ ထည့်ပေးရမှာဖြစ်ပြီး Path ကတော့ File ရှိနေတဲ့ Directory ထဲပဲ လမ်းကြောင်း ထည့်ပေးရမှာပါ။ ဒီလောက်ဆိုရင် ကိုယ်တိုင် Run Command တွေ စိတ်ကြိုက်ထည့်လို့ ရပါပြီ။

=====================================================

USB အတွက် ဖြေရှင်းစရာ နည်းလမ်း၊၊

USB အသုံးပြုတဲ့အခါမှာ အဖြစ်များတဲ့ ပြဿနာလေးတစ်ခုဖြစ်ပါတယ်။ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USB ကိုတွေ့ ပြီး ဘာမှကူးလို့မရ၊ ဘာမှလုပ်လို့မရတဲ့ အခါမျိုးမှာ ရှင်းဖို့ နည်းလမ်းလေးပါ။

Start > Run (or) Win+r >regedit ကိုသွားပါ။

HKEY_LOCAL_MACHINE>>SYSTEM Current Control Set>>Control ကိုရှာလိုက်ပါ။

Control ပေါ်မှာ right click နှိပ်ပြီး New>>Key ကို ရွေးလိုက်ပါ။

Storage Device Policies အမည်တပ်လိုက်ပါ။

Storage Device Policies ကို Click ခေါက်ပြီး ညာဘက်မှာ right click နှိပ်ကာ New မှ DWORD ကို Click ပေးပြီး Write Protect ဟု အမည်ပေးလိုက်ပါ။

Write Protect မှာ Doulble click (or) right click နှိပ်ပြီး Modify မှ Value ကို 0 ထည့်ပေးလိုက်ပါ။

Registry Editor ကိုပိတ်ပြီး USB ကိုပြန်ထည့်ကာ အသုံးပြုနိုင်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................