~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 2 August 2012

(1) SQL Injection Attack အကြောင်း web hack| (2) Footprinting ဆိုတာ

ဒီပို့စ်ကိုတော့ Operation Rohingyar Group ကနေ နည်းပညာအလိုငှာ ကူးယူတင်ပြထားပါကြောင်း။ Sql injection attack ဆိုတာ လက်ရှိ web လောကကို အန္တရယ် အပေးဆုံး code injection attack တမျိုးပါ ။ xss attack ပြီးရင် လူသုံးအများဆုံးလို့  ကျွန်တော်ထင်ပါတယ် ။ ဒီအကြောင်းရေးရတဲ့ ရည်ရွယ်ချက်ကတော့ သူတပါးအကျိုးမဲ့စေရန်မဟုတ်ပဲ မိမိကြုံတွေ့ လာရင် ကာကွယ်နိုင်အောင်ပဲဖြစ်ပါတယ် ။ မြန်မာအချင်းချင်းပြန်ရိုက်မယ့် တုတ်မျိုးတော့ ဖြစ်မှာ ကျွန်တော်ကြောက်ပါတယ်။ ဒီတော့ နည်းပညာတရပ်အနေနဲ့တာ လေ့လာစေချင်တဲ့ ဆန္ဒနဲ့  မျှဝေလိုက်ပါတယ်ခင်ဗျား။
sql injection ကို သုံးဖို့  တခြားဘာ tool မှ ထွေထွေထူးထူးမလိုပါဘူး ။ browser တခုရှိနေရင်ပဲ ရပါပြီ ။ sql injection attack ကို စတင်လေ့လာတော့မယ်ဆိုရင် sql database နဲ့  query တွေအကြောင်းကို မသိလို့ မဖြစ်ပါဘူး ။ဒါကြောင့် ဒီ အကြောင်းက အရင် စတင်ပါ့မယ် ။

website တခုကို စတင် တည်ဆောက်တော့မယ်ဆိုရင် database ဆိုတာက အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ ။ ဘာလို့ ဆိုတော့ website ရဲ့  data တွေ ၊ user တွေ ၊ post တွေ စတဲ့ အရေးကြီးအချက်အလက်တွေကို စုစည်းထားတဲ့နေရာဖြစ်လို့ပါ။ နောက်အပိုင်းကျမှသေချာရှင်းလင်းပြပါ့မယ် ။ database တခုမှာ table တခုကနေ များစွာ အထိပါဝင်နိုင်ပါတယ် ။ table တခုစီမှာ သက်ဆိုင်ရာ coloum တွေရှိပြီး coloum တခုစီရဲ့အောက်မှာdata တွေပါဝင်တဲ့ row ( တချို့က record လို့ ခေါ်ပါတယ်) တွေရှိပါတယ် ။ ဒီလောက်ပဲ မှတ်ထားပါအုံး ။

ကဲ...sql အကြောင်း စလိုက်ကြရအောင် ။ sql ဆိုတာ sever scripting language တခု ပါ ။ database တခုကို query တွေ သုံးပြီး table တွေကို ဖျက်မယ်၊ ပြင်မယ်၊ထပ်တိုးမယ်။ data တွေကို ဖျက်မယ်၊ပြင်မယ်၊ထပ်တိုးမယ်။ စတာတွေကို sql query တွေသုံးပြီး ပြုပြင်ပြောင်းလဲတဲ့ language တခုပါ ။ ဥပမာ ... vulnerability ရှိနေတဲ့ ဆိုဒ်တခုကို injection ထိုးလို့  ပေါက်ပြီဆိုရင် site admin ရဲ့ acc တွေကိုဖျက်မယ် ပြင်မယ် username နဲ့  password တွေကိုပြင်မယ်၊ အစားထိုးမယ် ။ ဒါတွေကို လုပ်ဆောင်ကြရပါမယ် ။ အဲလိုလုပ်ဆောင်ဖို့ ဆိုရင် အခုပြောမယ့် sql query တွေကိုနားလည်ထားရပါမယ် ။တကယ်လို့  မိမိ site ကို hack ခံထိပြီဆိုပါတော့၊ database ကို ဝင်လို့ ရသေးရင် ဒီ query တွေသုံးပြီး ပြန်ယူနိုင်ပါတယ်။နောက်ဆုံး မိမိဆိုဒ်ကို injection ပြန်ထိုးပြီး ပြန်ယူနိုင်ပါတယ် ။ ဒီတော့ ဒီနေရာကစပြီး သေချာနားလည်အောင် လေ့လာရမှာဖြစ်ပါတယ် ။

SQL select statement ကနေ စကြရအောင် ... အောက်က query လေးကိုကြည့်ပါ ။

select coloum_name
from table_name

ဒါက column တွေကိုပြသအောင်လုပ်တဲ့ query ပါ ။ column_name နေရာမှာ column ရဲ့  အမည်ကို ထည့်ရမှာဖြစ်ပြီး column အားလုံးကိုခေါ်ကြည့်မယ်ဆိုရင် * (ခရေပွင့် သင်္ကေတ) လေးကိုထည့်ပေးပါ ။ဒီကောင်က အားလုံးကိုမှတ်ပါဆိုတဲ့ အဓိပ္ပါယ်ပါ ။ table_name နေရာမှာ table ရဲ့ အမည်ကို ရေးရမှာပါ။

ကျွန်တော်တို့  database က table တခုရဲ့  အမည်က smf_1users ဆိုပါစို့ ဗျာ ။ smf_1users ဆိုတဲ့ table ရဲ့ ကော်လံတွေနဲ့ data တွေကို ခေါ်ကြည့်ချင်တယ်ဆိုရင်.............

select *
from smf_1users

ဒါဆိုရင် smf_1users ဆိုတဲ့ table ရဲ့  ကော်လံ အားလုံးနဲ့ row အားလုံး ကျလာပါလိမ့်မယ် ။လက်တွေ့လုပ်ဆောင်ကြည့်ချင်တယ်ဆိုရင် မိမိ database ရဲ့  php my admin ကိုသွားပါ ။ အဲဒီမှာ query ဆိုတဲ့ tab ကို နှိပ်ပြီး command တွေကို ရေးပြီး လေ့ကျင့်နိုင်ပါတယ် ။ database မရှိတဲ့သူများကတော့ w3school.com မှာလေ့ကျင့်ဖို့ နေရာပေးထားပါတယ်။ အသေးစိတ်လဲရေးသားထားပါတယ် ။web သမားတိုင်း w3school ဆိုရင်သိကြမှာပါ ။ beginner များကတော့ www.w3school.com လို့  ရိုက်ပြီး လေ့လာနိုင်ပါတယ် ။

ဒီတခါတော့ SQL where clause အကြောင်းလေးလေ့လာကြရအောင်......အသုံးပြုမယ့် syntax လေးကတော့ ဒီလိုပါ။

select*
from table_name
where column_name + operator +values

ထုံးစံအတိုင်း select * ဆိုတာကတော့ ကော်လံတွေ အကုန်လုံးကို ခေါ်ကြည့်ဖို့ command ပါ ။ table_name နေရာမှာ မိမိကြည့်မယ့် table ရဲ့ အမည်ကိုထည့်ပါ ။ where ဆိုတဲ့ command ကတော့ ကော်လံတခုရဲ့  အောက်ကတိတိကျကျသိထားတဲ့ row တခုကို ခေါ်ကြည့်ဖို့ပါ ။ ရှုပ်သွားပြီထင်ပါတယ်။အောက်မှာထပ်ရှင်းပါ့မယ်။

( စာကြွင်း ။ ။ Sql query command တွေကိုရေးတဲ့အခါမှာ တိတိကျကျရေးသားရမယ်လို့  မသတ်မှတ်ထားပါဘူး ။ javascript variables တွေကို ရေးတဲ့အခါ မှာ C အကြီးနဲ့c အသေးမတူပါဘူး ။ js ဟာ sensitive ဖြစ်ပါတယ် ။ စာလုံးအကြီးအသေး သေချာခွဲခြားရေးရပါတယ် ။ sql ကတော့ no sensitive ပါ ။ SELECT နဲ့ select တူတူပါပဲ ။ ဒါလေးတချက်လောက်သိထားရပါမယ်။ )

ကျွန်တော်တို့ SMF_1USERS ဆိုတဲ့ TABLE မှာ user တွေက ထောင်ချီရှိတယ်ဆိုပါတော့ဗျာ . ဆိုလိုတာက row တွေအများကြီးရှိတယ်ဆိုပါတော့ ။ ကော်လံ name တွေကလဲ အများကြီးပဲ ။ ကျွန်တော်တို့  မြင်ချင်တာက admin ရဲ့ data အချို့ပဲဗျာ ။ ဆိုလိုတာက admin ရဲ့ username ၊ password ၊ email စတာတွေပေါ့ ။ ကော်လံ name တွေအများကြီးထဲက ကျွန်တော်တို့ ခေါ်ကြည့်မှာက usernameရှိတဲ့ user_name ၊ password ရှိတဲ့ user_password၊ email ရှိတဲ့ user_email ဆိုတဲ့ ကော်လံတွေဆိုပါစို့  ။ ဒါ နမူနာပြောတာနော် ။ site တခုနဲ့တခုအမည်ပေးပုံခြင်းတူချင်မှတူမှာပါ ။ မိတ်ဆွေတို့ က မေးပါလိမ့်မယ် ။ သူများ site ရဲ့  ကော်လံ name တွေကို ဘယ်လို သိမှာလဲလို့  ..... ဟုတ်ကဲ့.... site မှာ vulnerability ရှိလို့  injection ထိုးပြီး ပေါက်ပြီဆိုရင်ဖြင့် query တွေ သုံးပြီး သိအောင်လုပ်နိုင်ပါတယ်။နောက်ပိုင်းရေးသားချက်တွေမှာတွေ့ ရမှာပါ ။အခုစကားစပ်မိလို့ပြောတာပါ။ကဲ...ဆက်ရအောင်....

select user_name, user_password, user_email
from smf_1users
where user_name='admin'

ဒါဆိုရင် user_name ဆိုတဲ့ ကော်လံအောက်မှာ admin ဆိုတဲ့ စာလုံးရှိတဲ့ row တခုပဲ ကျလာပါလိမ့်မယ် ။ ကျန်တဲ့ user တွေရဲ့ row တွေ ကျလာမှာမဟုတ်ပါဘူး ။ query command ကို ပြန်ရှင်းရရင် select user_name, user_password, user_email ဆိုတာက user_name, user_password, user_email ဆိုတဲ့ ကော်လံ 3 ခုကိုပဲ မှတ်ပြီး ပြပါလို့ ဆိုတာပါ ။ line 2 ကတော့ သိပြီးသားပါ ။ table ကိုညွှန်းတာပါ ။ line 3 ကတော့ user_name ဆိုတဲ့ ကော်လံဟာ admin ဆိုတဲ့ တန်ဖိုးရှိတယ်လို့  = operator နဲ့ ကြေငြာလိုက်တာပါ ။ ဆိုလိုတာက user_name ကော်လံအောက်မှာ admin ဆိုတဲ့ value ရှိနေတဲ့ row တခုပဲ မှတ်ပြီး ပြပါလို့  command ပေးလိုက်တာပါ ။ operators သင်္ကေတတွေနဲ့ အသုံးပြုပုံတွေ ကိုတော့ ကျွန်တော်ဆက်လက်ရေးသားမယ့် အပိုင်းမှာ လေ့လာကြပါ ။ where clause အခန်းဟာ အရေးကြီးပြီး အသုံးများသလို operator တွေနဲ့ တွဲသုံးပုံတွေကိုပါသေချာသိထားမှ အသုံးချနိုင်မှာဖြစ်လို့  သေချာလေ့လာရမယ့် အခန်းဖြစ်ပါတယ် ။

where clause နဲ့ operator တွေ တွဲသုံးတဲ့ အပိုင်းကို ဆက်ကြရအောင်.... တွဲသုံးရတဲ့ operator တွေကို အောက်မှာအရင် ကျက်မှတ်လိုက်ပါ ။ operator သင်္ကေတ တွေနောက်မှာ သုံးတဲ့ values တန်ဖိုးတွေကိုရေးတဲ့အခါမှာ စာလုံး (word) တွေဆိုရင် single quote (') ထည့်ပေးရပါမယ် ။ ကိန်းဂဏန်းတွေဆိုရင် single quote ( ' ) ထည့်စရာမလိုပါဘူး ။ဒီအချက်မှာမှားယွင်းရင် query လုပ်တဲ့အခါ အလုပ်လုပ်မှာမဟုတ်ပါဘူး ။

Operator Description

= Equal
<> Not equal > Greater than
< Less than
>= Greater than or equal
<= Less than or equal BETWEEN Between an inclusive range LIKE Search for a pattern IN If you know the exact value you want to return for at least one of the columns တချို့  version တွေမှာ < > ကို != ဒီလိုရေးပါတယ် ။ ဒါတွေကို w3school ကပဲ အလွယ်ကူးပေးလိုက်တယ်နော်..တခုချင်းကို where clause နဲ့ ဘယ်လိုတွဲသုံးရမယ်ဆိုတာကို အောက်မှာရေးသားပါ့မယ် ။

= operator

ဒီကောင်ကို သုံးပုံလေးအောက်မှာကြည့်ပါ ။ အပေါ်မှာလဲ ရှင်းပြီးပါပြီ .. ဒီမှာ ထပ်ပြီးရှင်းချင်ပါတယ် ။ post တွေများအောင်ရေးတာမဟုတ်ပဲ... ကဏ္ဍ လေးအလိုက်ရေးတော့ ဖတ်သူ မြင်သာပြီး မှတ်ရတာလွယ်ကူစေမှာမို့ ပါ ။

select*
from table_name
where column_name= value

line 1 နဲ့ line 2 က သိပြီးသားပါ ..မရှင်းတော့ပါဘူး ။ line 3 ကိုရှင်းပါ့မယ် ။ where column_name ဆိုတာကတော့ မိမိခေါ်ကြည့်မယ့် table က မိမိလိုချင်တဲ့ data ရှိမယ့် column_name ကို ရည်ညွှန်းတာပါ ။ တိတိကျကျထပ်ညွှန်းဖို့  = operator ကို သုံးလိုက်ပါတယ် ။ ဆိုလိုတာက table ရဲ့ ကော်လံတခုအောက်က တိတိကျကျ data တခုရှိတဲ့ row ကို မှတ်ပြီး ပြခိုင်းလိုက်တာပါ ။ ဥပမာ...ကြည့်ပါ ။

ကျွန်တော်တို့  smf_1users ဆိုတဲ့ table မှာ user_name ဆိုတဲ့ ကော်လံရှိနေတာတွေ့ ပြီဆိုပါစို့ ဗျာ ။ အဲဒီအောက်မှာရှိတဲ့ admin ဆိုတဲ့ user ရဲ့  data တွေကိုပဲကြည့်ချင်တယ် ။

select*
from smf_1users
where user_name='admin'

ဒါကတော့ query command ပါ ။ = operator ကို သုံးထားတဲ့အတွက် ဒီ column အောက်မှာ admin ဆိုတဲ့ value တခု သေချာရှိနေရပါမယ် ။ = ဆိုတာ ထပ်တူညီသင်္ကေတကိုဗျ .. စာလုံးတလုံးတောင် လွဲလို့မရပါဘူး ။ လွဲတာနဲ့ အလုပ်မလုပ်တော့ပါဘူး ။ ဒီ operator က အသုံးဝင်ပါတယ် ။ ကျွန်တော်တို့  စီးပွားရေးလုပ်ငန်းအတွက် မိမိ ဖောက်သည်တွေရဲ့  အချက်အလက်တွေကို database တခုဆောက်ပြီး customers လို့  table name ပေးထားမယ် ... column 3ခု ထားမယ်ဗျာ ... ဖောက်သည်ရဲ့  အမှတ်စဉ် နံပါတ်က တခု ၊ အမည်ကတခု ၊ လိပ်စာ address က တခု ပေါ့ဗျာ ... ဒီမှာ ကျွန်တော်တို့ က U Win ဆိုတဲ့ ဖောက်သည်ရဲ့  လိပ်စာကို အရေးတကြီး သိဖို့ လိုအပ်လာပြီဗျာ ... ခက်တာက သူရဲ့ အမှတ်စဉ်ကို မေ့နေပြီ row ဘယ်လောက်မှာ ရှိလဲမသိတော့ဘူး ။ တခုချင်းရှာရအောင်ကလဲ ROW တွေက ထောင်သောင်းချီနေတာကိုဗျ .။ အချိန်အဲလောက်မပေးနိုင်ဘူး ။ ဒါပေမယ့် သူ့ အမည်ကိုတော့ ကျွန်တော်တို့  သိနေတာပဲ .. ဒါကြောင့် QUERY နဲ့ရှာမယ်ဗျာ .. ။

SELECT*
FROM CUSTOMERS
WHERE CUSTOMER_NAME='U WIN'

ဒါဆိုရင် CUSTOMER_NAME ကော်လံအောက်မှာ ရှိနေတဲ့ U WIN ဆိုတဲ့ VALUE ရှိနေတဲ့ ROW တခုပဲ ကျလာပါလိမ့်မယ် ။ ဒါဆို သူလိပ်စာကို သိနိုင်ပြီပေါ့ ။ ဘာလို့ လဲဆိုတော့  ကော်လံတွေအကုန်ကျလာအောင်လို့  SELECT* ကို သုံးထားတယ်လေ ... ။ ဒီလောက်ဆိုရင် = OPERATOR ကို သုံးနည်းနဲ့ သဘောသဘာဝကို နားလည်လောက်ပြီထင်ပါတယ် ။ဒီလိုရေးပြရတာကလဲ စာဖတ်သူ တွေးတတ်အောင်ပါ ။ ချဲ့နိုင်သလောက်ချဲ့ပြီးတွေးရပါ့မယ် ။ SQL INJECTION ဟာ တွေးနိုင်သူတာ အောင်မြင်မှုရနိုင်ပါတယ် ။ ချဲ့ထွင်တွေးတောပြီး သုံးစွဲကြရပါမယ် ။

( ကျွန်တော် အခုရေးသားနေတာဟာ စာဖတ်သူအနေနဲ့ နှေးလွန်းတယ်လို့ ထင်ပါလိမ့်မယ် ။ စိတ်ရှည်ရှည်ထားပြီးလေ့လာကြပါ ။ ကျွန်တော် ဒီလိုအသေးစိတ်ရေးသားနေတာက လေ့လာသူတယောက်သေချာသဘောပေါက်စေချင်လို့ ပါ ။ ဒီနေရာမှာသဘောမပေါက်ရင် နောက်ပိုင်း ချာလည်လည်ဖြစ်ကုန်ပါလိမ့်မယ် ။ )
(ကျွန်တော်ဒီဖိုရမ်မှာ အချိန်ပေးပြီးသိသမျှရေးသားနေတာက မြန်မာလူမျိုးတွေထဲက မသိမတတ်သေးသူတွေတတ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ။တခြားဘာရည်ရွယ်ချက်မှမရှိဘူး ။ ပြည်ပရောက်ကျွန်တော်တို့ တွေ အများဆုံးတွေ့ နေတာက မြန်မာဆိုရင် အခြားကောင်တွေက အထင်သေးချင်ကြတယ် ။ မြန်မာတွေ ကွန်ပြူတာကို မသိမမြင် မသုံးတတ်ဘူးလို့ ထင်နေတယ် ။ သုံးတတ်ရင်လဲ အပေါ်ယံလောက်ပဲလို့ ထင်နေကြတယ် ။ ဒါကို မခံချင်ပါဘူး ။မြန်မာအချင်းချင်းကြောင်လက်သည်းဝှက်မနေပဲ မျှဝေ ဖလှယ်ကြမှ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ ။ ကျွန်တော်ကတော့ ဘယ်သူတွေဘာလာပြောပြော ကျွန်တော်သိသမျှ တော့ ဆက်လက်မျှဝေသွားမှာပါ ။ မကောင်းတဲ့ပညာဆိုတာလောကမှာမရှိပါဘူး ။ သုံးစွဲသူအပေါ်လိုက်ပြီး ကောင်းခြင်း၊ မကောင်းခြင်းဆိုတာဖြစ်လာတာပါ ။ဒါကျွန်တော့်ခံယူချက်ပါ ။SQL INJECTION ကို တတ်သွားလို့  ကျွန်တော့ SITE ကို လာထိုးလို့ ပေါက်သွားရင်လဲ ကျွန်တော်ကတော့ ထိုသူ့ အတွက် ဂုဏ်ယူပါတယ်ဆက်လက်ရေးသားပါအုံးမယ်.......။
Originally Posted by တိုက်ကြီးသား

 

======================================================

 

 

Footprinting ဆိုတာ




ဟက်ကာတွေ system တစ်ခုကို hack တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာတော့ footprinting ပါပဲ။ ဥပမာဆိုရရင် ဟက်ကာတစ်ကောင်က Company တစ်ခုကို hack တော့မယ်ဆိုပါစို့။ ပထမဆုံး သူရှာရမှာက Company ရဲ့ လိပ်စာတွေ, Email တွေ, ကိုလိုက်ရှာရမယ်။ ပြီးရင် အဲဒီ Company ရဲ့ Website လိပ်စာတွေကို ရှာရယ်။ ပြီးမှာ Website ရဲ့ IP Address ကိုရှာရယ်။ ဒီလိုရှာဖို့အတွက် http://www.selfseo.com/find_ip_address_of_a_wesite.php ထဲမှာ လိုချင်တဲ့ website ကိုရိုက်ထည့်ပြီး ရှာလိုက်ရင် ရပါတယ်။ Google ရဲ့ IP Address ကို သိချင်တယ်ဆိုပါစို့။ selfseo.com ထဲက Enter URL မှာ google.com ကိုရိုက် ထည့်ပြီး Get IP ကိုနှိပ်ရင် The IP Address of google.com is 64.233..187.99, The IP Address 64.233..187.99 is assigned to United States ဆိုပြီး ဖော်ပြပေးမှာဖြစ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် IP Address ဟာ ဘယ်နိုင်ငံက လာတာလဲဆိုတာကိုပါ သိရတယ်နော်။ ပြီးရင် အဲဒီ website အလုပ်
လုပ်မလုပ်ဆိုတာသိရဖို့ http://just-ping.com မှာ လိုချင်တဲ့ URL ကိုရိုက်ထည့်ပြီးရှာနိုင်သေးတယ်။ http://whois.domaintools.com ကနေ DNS တွေ, Email တွေအစရှိသည်ဖြင့် ရှာနိုင်တယ်။ Footprinting တွေလုပ်မယ်ဆိုရင် Google ဟာအကောင်းဆုံးအဖော်မွန်ဖြစ်မှာပါ။ Google မှာ ကျွန်တော်တို့ ရှာတတ်ရင် အများကြီးရှာလို့ရတယ်လေ။ "www.target-site.com Email" လို့ရှာလိုက်ရင် ရှာလိုက်တဲ့ Site ရဲ့ Email တွေကို စုံစုံလင်လင်တွေ့ရပါမယ်။ Google မှာ ရှာတတ်ဖို့လည်းလိုတာပေါ့။ Google မှာ Shearch လုပ်ရင် Operator တွေဖြစ်တဲ့ Not, OR, AND, intitle, filetype, inurl, index of, site, link, info တို့ကို
ဘယ်လိုသုံးရမလဲဆိုတာ သိထားရပါမယ်။ Google မှာ ရှာနည်းတွေကို မြန်မာလိုရေးတဲ့ စာအုပ်တွေလည်းရှိပါတယ်။ အခြေနေပေးရင် ဖတ်ပေါ့ဗျာ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................