~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 2 August 2012

(1) Hacker အမျိုးအစား level အကြောင်:| (2)Hacking အကြောင်းတစေ့တစောင်း



Hacker အမျိုးအစားတွေကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။



1: Script Kiddies

သူတို့တွေကတော့ Hacker ပေါက်စတွေပဲဖြစ်ပါတယ်။ ဟက်ကာတွေစုဝေးနေတဲ့ Forum တွေ, Chatt Room တွေကို စောင့်ကြည့်ပြီး ဝါရင့် ဟက်ကာတွေဆီက ပညာယူတဲ့ သူတွေပေါ့။ ဟက်ကာတွေကို လူဆိုးဖြစ်အောင် လုပ်တဲ့လူတွေဆိုရင်လည်း မမှားပါဘူး။ များသောအားဖြင့် သူတို့တွေဟာ hacking စွမ်းရည် မရှိကြပါဘူး။ ဝါရင့် ဟက်ကာတွေ develop လုပ်ထားတဲ့ exploit ( Compile မလုပ်ထားတဲ့ Source code တစ်ခု၊ များသောအားဖြင့် မကောင်းတဲ့ code တွေပါဝင်ပါတယ်) တွေကို သဲသဲမဲမဲ လိုက်ရှာတတ်ကြ တယ်။ တွေ့လို့ကတော့ ဘာမှမစဉ်းစားဘဲ Run လိုက်မှာပဲ။ အဲဒီ code ရဲ့ နောက်ဆက်တွဲပြသနာကိုတော့ မသိကြဘူး။ ခင်ဗျားလည်း အဲဒီအမျိုးစားထဲမှာ ပါဝင်နေနိုင်ပါတယ်။



2 Intermediate Hacker

ကွန်ပျူတာအကြောင်း၊ Network အကြောင်းတွေကို အများအားဖြင့် နားလည်တတ်ကြတယ်။ Script Kiddies တွေနဲ့မတူတဲ့အချက်က exploit code ထဲမှာရှိတဲ့ ကုတ်တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာသိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက programming ကိုလုံလောက်တဲ့အတိုင်းတာအစ်ခုထိ တတ်ကျွမ်းကြတာကိုး။ ဒါကြောင့် ဝါရင့် ဟက်ကာဖြစ်ချင်ရင်တော့ Programming တတ်ကျွမ်းရပါမယ်။ Intermediate Hacker တွေလည်း Script Kiddies တွေလိုပဲ ဝါရင့် ဟက်ကာတွေရေးတဲ့ exploit

ကုတ်တွေကိုတော့ အသုံးပြုကြပါတယ်။



3.Elite Hackers

ဝါရင့် ဟက်ကာတွေဖြစ်ပါတယ်။ ကိုယ်ပိုင် Hacker Tools တွေအများကြီးရေးနိုင်ကြတယ်။ သူတို့တွေဟာ System တစ်ခုကို ထိုးဖောက်ဝင်ရောက်နိုင်ကြတယ်။ ပြီးတော့ ခြေရာ ခံလို့မရအောင်လည်း သူတို့တွေရဲ့ လမ်းကြောင်းကို ဖျောက်ထားနိုင်စွမ်းရှိကြတယ်။ သူတို့ကိုသူတို့ ဟက်ကာပါလို့ ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ဘူး တကယ့် ဟက်ကာတွေက သူတို့ကို ဘယ်သူ့မှ မသိလေကောင်းလေပဲ။ ဒီအဆင့်ကိုတော့ လွယ်လွယ်ကူကူနဲ့ ရောက်မှာမဟုတ်ဘူးနော်။ ဒါပေမယ့် နံပါတ် 2 အဆင့် ထိတော့ ကြိုးစားရင် ရောက်နိုင်တာပေါ့ဗျာ။
 
 
 
 
 
 
 
 
 
 
===================================
 
 
Hacking အကြောင်းတစေ့တစောင်း
 
 
 
Hacking ဆိုတာနဲ့ လူတွေက ကွန်ပျူတာသူခိုး သူများတွေရဲ့ data တွေကို တရားမဝင်ခိုးတဲ့ကောင် Web site တွေကို attack လုပ်တဲ့ကောင် အစရှိသည်ဖြင့် မကောင်းမြင်တာပဲများပါတယ်။ တကယ်တော့ hacking ဆိုတာ ပညာရပ်တစ်ခုပါ။ Hacking ဆိုတာ နည်းပညာတစ်ခုကို နက်နက်နဲနဲ အတွင်းကျကျ သိလိုစိတ်ပြင်းပြခြင်းလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ Hacker ဆိုတိုင်း မကောင်းတဲ့ ဟက်ကာလို့ သတ်မှတ်လို့မရပါဘူး။ မကောင်းတဲ့ ဟက်ကာ(Black Hacker) ရှိသလို ကောင်းတဲ့ ဟက်ကာ(White Hacker) ဆိုတာလည်းရှိပါတယ်။ မကောင်းတဲ့ဟက်ကာတွေကသူတို့ရဲ့ပညာရပ်ကို သူတစ်ယောက်ကောင်းစားဖို့ မကောင်းတဲ့နေရာမှာ အသုံးပြုတာပေါ့။ သူတို့တွေကတော့ အလွန်အန္တရာယ်ရှိတဲ့ကောင်တွေပဲဖြစ်ပါတယ်။
ကောင်းတဲ့ဟက်ကာတွေကတော့ သူများတွေရဲ့ Security ယိုပေါက်တွေကိုလိုက်ရှာပြီး တွေ့ပြီဆိုတာနဲ့ Security Admin တွေကို အဲဒီယိုပေါက်အကြောင်းသတိပေးတတ်ပါတယ်။ သူတို့တွေကတော့ လေးစားရမယ့် ဟက်ကာတွေပေါ့ဗျာ။ ဟက်ကာတွေတော်တော်များများက 'ငါ ဒါကိုလုပ်နိုင်တယ်ကွ' ဆိုပြီး
ထင်ပေါ်လိုတဲ့စိတ်တွေကိုယ်စီရှိတတ်ကြပါတယ်။ တစ်စုံတရာ အကျိုးအမြတ်အတွက် ဟက်တာမဟုတ်ဘဲ နာမည်ကြီးချင်လို့ပဲဖြစ်ပါသတဲ့။ ဒါပေမယ့် ဥပဒေကတော့ ငြိမ်နေမှာမဟ်ုပါဘူး။ Electronic Law နဲ့ ငြိရင်တော့ အဖမ်းခံရမှာပါပဲ။ ဒီလို ဟက်ကာတွေရဲ့ ဓလေ့စရိုက်တွေ၊ ဝါသနာတွေ၊ အလေ့အထတွေကို
စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့လေ့လာချင်တဲ့သူတွေအတွက်၊ hacking အကြောင်းအခုမှ စပြီးလေ့လာချင်သူများအတွက် hacking site တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ Enjoy Hacking!!!!!!

 
 
 
..
 
 
Credit soe soe diary

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................