~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 10 July 2012

Zawgyi font Kyeboard Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ 64 bit - 32 bit

အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။

run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။

မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။

ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။

ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။

နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။

အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။

ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။


========================


အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)

Zawgyi keyboard installer Download (x86 and x64-bit windows)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။

XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။


Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။

ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။

*Update : Windows 7 မှာလဲ Install လုပ်လို့ရပါတယ်။

http://minus.com/l05sCZ0eWgb9Q


========================================================

wnidow7 (64 bits) အတွက် မြန်မာစာဇော်ဂျီ ဖောင့်နဲ့ကီးဘုတ်လေးများ

Download Link
http://www.mediafire.com/?m6ulniuaptj1fv2

===============================================

ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။


( A little Edit and cut )
Credit  …thanlonnge.net



========================================

ZawGyi Fonts လေးပါ


 

Download Click == >>ZawGyi

ပထမဆုံးအနေနဲ့ အောက်မှာကျွန်တော်ပေးထားတဲ ZawGyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထည့်ထားပေးပါတယ်။ mediafire download ဒီမှာဆွဲလိုက်ပါနော်.. ..
Window 7 (64 bit) အတွက်ပါ
Download လုပ်ပြီးလို့ အဲဒီကမှာ ZAWGYIL 64 နဲ့ IEZawGyiGtalkfont 32 နစ်ခုရှိပါတယ်။ 
ကိုယ်ရဲ့ ဝင်းဒိုးက window 7 64 bit ဆိုတော ZAWGYIL 64 ကို Double Click နှိပ်ပါ။ 
အရင်ဆုံး Zawgyi-One ကို အရင် control Panel > Fonts မှာ အရင်သွင်းပေးလိုက်ပါ။ 
ပြီးရင်တော့ SETUP Install လုပ်ပါ အရမ်းလွယ်တဲ့အတွက် မပြောတော့ပါဘူး။
Install လုပ်ပြီးသွားရင်တော့ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ 
Computer Taskbar ညာဘက် မှာလဲ zawgyi Keyboard လေး ရောက်လာပါလိမ့်မယ်။ 
English နဲ့ Myanmar ကို Keyboard က Ctrl+Shift Key ကိုတွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။ 
Window 7 (32 bit ) နဲ့( xp )အတွက်ပါ
Download လုပ်ပြီးလို့ အဲဒီကမှာ ZAWGYIL 64 နဲ့ IEZawGyiGtalkfont 32 နစ်ခုရှိပါတယ်။ 
ကိုယ်ရဲ့ ဝင်းဒိုးက window 7 32bit (သို)XP ဆိုရင် IEZawGyiGtalkfont 32 ကို Double Click နှိပ်ပါ။
ပြီးရင်တော့ SETUP Install လုပ်ပါ အရမ်းလွယ်တဲ့အတွက် မပြောတော့ပါဘူး။
Install လုပ်ပြီးသွားရင်တော့ Computer Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ 
Computer Taskbar ညာဘက် မှာလဲ zawgyi Keyboard လေး ရောက်လာပါလိမ့်မယ်။ 
English နဲ့ Myanmar ကို Keyboard က Ctrl+Shift Key ကိုတွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။ 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................