ဝူခုန်းးး video

Journey To The West (1986) Season 1 စီးရီး က ကျွန်တော်တို့အကြိုက်ဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့သလို အအောင်မြင်ခဲ့ဆုံး ဇာတ်လမ်းတွဲတစ်ခုပါ။
နောက်ပိုင်းမှာ ထပ်ရိုက်ကြပေမယ့် မအောင်မြင်ခဲ့သလို လူကြိုက်လည်းနည်းခဲ့ပါတယ်။
တတ်နိုင်သမျှ Internet ပေါ်ကပုံလေးတွေရှာစုပြီး ဒီပုံလေးကိုလုပ်ဖြစ်ပါတယ်။ ထန်းစန့်၊ ဝူခုန်း၊ ကြူပါကျဲ၊ ဆားဟူကျင့် အဓိကသရုပ်ဆောင်လေးယောက်ပုံေ လးတွေကို ယှဉ်ကြည့်မိပါတယ်။ ထန်းစန့် ဘုန်ကြီးနေရာမှာသရုပ်ဆောင်တာက တစ်ယောက်တည်းမဟုတ်ပါဘူး။
အဲဒါကြောင့်ငယ်ငယ်ကကြည့်ရင် မျက်စိလည်လည်သွားပါတယ်။
ကလေးပေမယ့် အမြဲကြည့်နေကျမို့ ရုပ်ပြောင်းသွားတာ သိနေပါတယ်။
ပထမသရုပ်ဆောင်တဲ့လူက သေသွားလို့ နောက်တစ်ယောက်ကထပ်ပြီးသရုပ် ဆောင်ပေးတာဆိုပြီး တစ်ယောက်ယောက်ကလာပြောရင် ကလေးမို့ ယုံရတာပါပဲ။ သနားပါတယ်နော်လို့သာပြန်ပြောပြီး ဆက်လွှင့်တဲ့ဇာတ်လမ်းတွဲကို မနားတမ်းဆက်ကြည့်ဖြစ်တာပါပဲ ။ :)
ပုံထဲမှာ ထန်းစန့်ဘုန်းကြီးနေရာမှာ သရုပ်ဆောင်ထားတဲ့သုံးယောက် အရှင်လတ်လတ်ကြီး အတူထိုင်နေတဲ့ပုံတွေ့မှ ငယ်ငယ်က ဇဝေဇဝါဖြစ်နေတာတွေ ရှင်းသွားပါတော့တယ်။ အခုလက်ရှိမှာ ဆားဟူကျင့်အဖြစ်သရုပ်ဆောင်တဲ့ Yan Huaili တစ်ယောက်သာ ၂၀၀၉ခုနှစ်က ကွယ်လွန်ခဲ့ပြီး တခြားလူတွေကတော့ သက်ရှိထင်ရှားရှိနေဆဲပါ။
သူတို့လေးယောက်အတူရိုက်ထားတဲ့ပုံက Yan Hualli မသေခင်လေးတင် ရိုက်ထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေကြည့်ပြီး ငယ်ငယ်က ဝူခုန်းဇာတ်လမ်းကို ပြန်လွမ်းမိပါတယ်။ ပြန်ကြည့်ပေမယ့်လည်း
အရသာလုံးဝမတူတော့တာတော့အမှန်ပါပဲ။။။

Journey To The West (1986) Season 1 စီးရီး က ကျွန်တော်တို့အကြိုက်ဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့သလိ
နောက်ပိုင်းမှာ ထပ်ရိုက်ကြပေမယ့် မအောင်မြင်ခဲ့သလို လူကြိုက်လည်းနည်းခဲ့ပါတယ်။
တတ်နိုင်သမျှ Internet ပေါ်ကပုံလေးတွေရှာစုပြီး ဒီပုံလေးကိုလုပ်ဖြစ်ပါတယ်။ ထန်းစန့်၊ ဝူခုန်း၊ ကြူပါကျဲ၊ ဆားဟူကျင့် အဓိကသရုပ်ဆောင်လေးယောက်ပုံေ
အဲဒါကြောင့်ငယ်ငယ်ကကြည့်ရင်
ကလေးပေမယ့် အမြဲကြည့်နေကျမို့ ရုပ်ပြောင်းသွားတာ သိနေပါတယ်။
ပထမသရုပ်ဆောင်တဲ့လူက သေသွားလို့ နောက်တစ်ယောက်ကထပ်ပြီးသရုပ်
ပုံထဲမှာ ထန်းစန့်ဘုန်းကြီးနေရာမှာ သရုပ်ဆောင်ထားတဲ့သုံးယောက် အရှင်လတ်လတ်ကြီး အတူထိုင်နေတဲ့ပုံတွေ့မှ ငယ်ငယ်က ဇဝေဇဝါဖြစ်နေတာတွေ ရှင်းသွားပါတော့တယ်။ အခုလက်ရှိမှာ ဆားဟူကျင့်အဖြစ်သရုပ်ဆောင်တ
သူတို့လေးယောက်အတူရိုက်ထားတ
အရသာလုံးဝမတူတော့တာတော့အမှန
credit Movie Crazies
0 comments:
Post a Comment