~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 25 July 2012

Sulfate-free Shampoo ဆိုတာ ဘာလဲ၊ သူ့ကို သုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ..



Sulfate-free Shampoo ဆိုတာ ဘာလဲ၊ သူ့ကို သုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ ဆိုတာတွေကို ဒီပိုစ့်လေးနဲ့ ပြောပြသွားမယ်နော်။ ကန်ဒီတို့ နေ့စဉ်အသုံးပြုနေတဲ့ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေထဲမှာ Sulfate ကို Sodium Lauryl Sulfate (SLS) အနေနဲ့ တွေ့ရတတ်ပါတယ်။ မယုံရင် ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည် (သို့) ကိုယ်တိုက်ဆပ်ပြာရည်တွေရဲ့ ပါဝင်ပစ္စည်း List မှာ ဖတ်ကြည့်ပါ။
Sodium Lauryl Sulfate (SLS) ဆိုတာ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေကို အမြှပ်ထစေတဲ့ အဓိက ပါဝင်ပစ္စည်း(Chemical)တမျိုးပေါ့။ နောက်တနည်းပြောရမယ်ဆို သူက Surfactant (Surface Active Agent) တမျိုးပါ။ Surfactant ဆိုတာ ပါဝင်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ရေနဲ့ဆီကို တွဲနေအောင် လုပ်ပေးပြီး တသားတည်း ဖြစ်စေတဲ့ အမယ်ပစ္စည်းတမျိုးပေါ့။ လိုရင်းပြောရမယ်ဆို SLS ဆိုတာ အဓိက သန့်စင်ပေးတဲ့ ပစ္စည်းမဟုတ်ပါဘူး။

Sulfate ဆိုးကျိုးများ
► Sulfate molecule တွေဟာ အရမ်းသေးငယ်တဲ့အတွက် အသားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဦးခေါင်းနဲ့ အသားအရေ ယားယံတာတွေ ဖြစ်စေနိုင်တယ်။
► ဆံပင်မှာ ရှိနေတဲ့ အစိုဓာတ်ကို ခမ်းခြောက်စေလို့ ဆံပင်နဲ့ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့တဲ့ ဦးရေပြားဟာ ဗောက်ထလွယ်ပါတယ်။
► အရောင်ဆိုးထားတဲ့ဆံပင်တွေကို အရောင်မြန်မြန်ကျစေပါတယ်။
► ဆံပင်ကျွတ်ခြင်းကို အားပေးပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ Sulfate ဟာ အသက် (၃၅)နှစ်နောက်ပိုင်း ဆံပင်ပိုကျွတ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းပါတဲ့။
အဲ့လို Sulfate ပါဝင်မှုရဲ့ မကောင်းတဲ့အချက်တွေကြောင့် ဒီနောက်ပိုင်းမှာ Sulfate-free Shampoo ဆိုပြီး ပေါ်လာကြတယ်လေ။ Sulfate-free Shampoo တွေက ခုနကပြောတဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးတဲ့အပြင် ဆံပင်ဖြူခြင်းကိုလည်း နှေးကွေးစေပါတယ်တဲ့။ Sulfate-free Shampoo တွေဟာ ရိုးရိုး Shampoo တွေလောက် အမြှပ်ထွက်အား မကောင်းတတ်ဘူး။ တချို့ဆို အမြှပ်တောင် သိပ်မထွက်တတ်ဘူး။
ဈေးကွက်မှာ ရနိုင်တဲ့ Sulfate-free Shampoo များ
(1) TIGI Bed Head Superstar Sulfate-free Shampoo
(2) DermOrganic Sulfate-free Shampoo
(3) Pureology Anti-fade Complex Sulfate-free Shampoo
(4) L’oreal Sulfate-free Shampoo
သူတို့က ပုံမှန် Shampoo တွေထက်တော့ နည်းနည်းဈေးကြီးကြတယ်။ ကန်ဒီအကြံပေးချင်တာက L’oreal Sulfate-free Shampoo ပါ။ သူက တခြား Sulfate-free Shampoo တွေလောက် ဈေးမကြီးတဲ့အပြင် ကိုယ့်ဆံပင်အမျိုးအစားအလိုက်လည်း ရွေးဝယ်လို့ရတယ်။ L’oreal EverSleek Smoothing system, L’oreal EverCreme Moisture system အဲ့နှစ်ခုကို ကန်ဒီသုံးဖူးတယ်။ ခုလည်း သုံးနေတယ်ဆိုပါတော့။ EverSleek ကို ပိုသဘောကျတယ်။ အနံ့လေး သင်းသင်းလေးနဲ့ Fresh ဖြစ်တယ်။ EverCreme လည်း ကောင်းပါတယ်။ သူ့အနံ့က Shea Butter အနံ့။ ဆံပင်အရမ်းခြောက်တဲ့လူတွေအတွက် တော်တော်ကောင်းမယ်။ သူပြောထားတဲ့အတိုင်း Moisture တော်တော် ထိန်းနိုင်တယ်။


L’oreal Sulfate-free Shampoo က ရိုးရိုး Shampoo တွေလိုပဲ အမြှပ်ထွက်တယ်။ အဲ့တော့ စပ်စုချင်တဲ့ ကန်ဒီက “အမြှပ်ထွက်စေတဲ့ SLS မပါဘဲ ဘယ်လိုအမြှပ်ထွက်လဲ″ ဆိုပြီး စဉ်းစားတော့တာပေါ့။ သူ့ Ingredient List ကို ဖတ်လိုက်တော့ Sodium Lauryl Sulfate နေရာမှာ Sodium Lauryl Sulfoacetate ထည့်ထားတာ တွေ့တယ်။ အဲ့ဒါနဲ့ ဘယ်ရမလဲ အဲ့ဒီနာမည်ရိုက်ပြီး Google တာပေါ့။ Google လိုက်တာ ဘာတွေ့လဲဆိုတော့ Sodium Lauryl Sulfoacetate ဆိုတာ Coconut တို့ Palm oil တို့ကရတဲ့ သဘာဝ Surfactant တမျိုးပါတဲ့။ သူလည်း အမြှပ်ထစေတယ်လေ။ ဒါပေမယ့် SLS လို Chemical မဟုတ်တော့ Safe ဖြစ်တယ်။ နောက်ပြီး Sulfate-free Shampoo တွေမှာ Glucoside တွေ Glycerin တွေလည်း ပါတတ်ပါတယ်တဲ့။ နှစ်မျိုးလုံးက အပင်တွေကရတဲ့ သဘာဝပစ္စည်းတွေပါ။ နိဂုံးချုပ်ရမယ်ဆို Sulfate-free Shampoo တွေက Chemical တွေအစား သဘာဝကရတဲ့ ပစ္စည်းတွေကို အဓိကသုံးထားတော့ နူးညံ့တယ်။ Sensitive ဖြစ်တဲ့သူတွေအတွက် အထူးသင့်လျှော်တယ်။ ဆံပင်အရမ်းပျက်စီးနေတဲ့သူတွေကို စမ်းသုံးကြည့်ဖို့ ကန်ဒီတိုက်တွန်းချင်ပါတယ် :D
ဆံကေသာ အလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေရှင်^^


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................