မေး ။ ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်?
ဖြေ ။ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ။
မေး။ ။တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ?
ဖြေ ။ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်။
မေး ။ ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင် အကောင်းဆုံးပါလဲ?
ဖြေ ။ ။အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ။
မေး။ ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား?
ဖြေ။ ။ဟုတ်ကဲ့ရပါတယ်
မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး?
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါဆပလိုင်ပါထပ်ဖြုတ်ထား လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်။
မေး ။ကျွှန်တော်တို့ ဘက်က မီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ?
ဖြေ ။ USP နဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ်။
မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ?
ဖြေ ။ဆိုင်ပို့ လိုက်ပါ။
မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား?
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်။
မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်?
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား။
မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ?
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။
မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ?
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်။
================================================
ဘယ်သူပြောခဲ့တာလည်း
မူလတန်းကျောင်းမှ ဆရာမတစ်ယောက်သည် စာကျက်ရန်ပျင်းသော ကလေးများအား ဆွဲဆောင်နိုင်မည့်နည်းလမ်းတစ်ခုကို တွေးလိုက်မိသည်။ ချက်ချင်းပင် ဆရာမက ထိုနည်းနှင့် စမ်းသပ်လိုက်၏။
“တပည့်တို့ရေ၊ ဒီကနေ့က သောကြာနေ့နော်၊ မင်းတို့ကို ဆရာမက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေပြောခဲ့တဲ့ စကားတစ်ခွန်းကို ရွတ်ပြမယ်။ အဲဒီစကားကို ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကို မှန်အောင် ပြောနိုင်တဲ့သူကို အိမ်ပြန်ခွင့်ပေးလိုက်မယ်။
ကဲ၊ စပြီ။
ပုဂ္ဂိုလ်ကြီးတစ်ဦးက
“ဒီအချိန်ဟာ အင်္ဂလန်ရဲ့ အကောင်းမွန်ဆုံး အချိန်ပဲ” တဲ့။ အဲဒီစကားကို ပြောခဲ့တာ ဘယ်သူလဲ”
ချာတိတ်မလေးတစ်ယောက်က ခုန်၍ထလိုက်ပြီ။
“ဝင်စတန်ချာချီပါ ဆရာမ” ဟု ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်ကွယ်၊ ကဲ သမီး အိမ်ပြန်နိုင်ပါပြီ”
ဤတွင် ကျောင်းသားတစ်ယောက်က အခွင့်အရေးကောင်း (၂)ခု လွတ်သွားသောကြောင့် စိတ်တိုနေသည်။ ဆရာမကလည်း တတိယမေးခွန်းကို ကျောက်သင်ပုန်းကြီးပေါ်၌ စတင်၍ ရေးနေလေပြီ။ သို့ရာတွင် ကျောနှင့် ကွယ်နေသောကြောင့် ဖတ်မရသေးချေ။ ဤတွင် ထိုကျောင်းသားက ဒေါသနှင့် ခပ်ကျယ်ကျယ်ရေရွှတ်လိုက်မိလေ၏။
“ဒီသောက်ကောင်မတွေ၊ ပါးစပ်ပိတ်ထားကြရင် ကောင်းမယ်”
ဤတွင် ဆရာမက ဒေါပွပွနှင့် နောက်ဘက်သို့ ပြန်လှည့်ပြီး မေးလိုက်လေသည်။
“အဲဒါ ဘယ်သူပြောလိုက်တာလဲ”
ဤတွင် ချာတိတ်မလေးတစ်ယောက်က ခုန်၍ ထလိုက်ပြီး
“ဘီလ်ကလင်တန်ပါ ဆရာမ၊ ကျွန်မလည်း အိမ်ပြန်တော့မယ်နော်” :P

၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန်များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decolgenနဲ့ တစ်ညစိမ်ပါ
၎ ။နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေသွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆ ။စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ့ ရပါလိမ်မည်
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါဟု ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးကမိန့် ကြားသွားပါသည်။

ဟင်းအိုးလေး စာမျက်နှာမှပြန်လည်ဖ်ာပြထားပါသည်။
0 comments:
Post a Comment