~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 7 July 2012

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. ( Viber FREE software)


ကျွန်တော်တို့အနေနဲ့ ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့ ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့ ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။ ဖုန်းနံပါတ်ကတော့ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့) တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့ activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့် လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က အခက်အခဲပေါ့.

  • မိမိဖုန်းဟာ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး update လုပ်နေပါတယ်။)
  • မိမိဖုန်းမှာ viber ဆိုတဲ့ free ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော် တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
  • မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင် ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက် ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့ wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။ အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။ အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။ oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
  • အဲ့တော့ ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊ Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့ ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။ အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို ၀င်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့ လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက် jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။ ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊ အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင် viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။

Download Viber.apk
ifile | Minus | Mediafire


Direct link
Apple | Android | Blackberry | Window Phone
Credit - ညီနေမင်း





===========================================

Viber on Android

Viber Application ကို မိမိဖုန်းထဲမှာ Install လုပ်ထားရင် Internet (3G or Wifi) ကို အသုံးပြုပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ Viber Install လုပ်ထားတဲ့ ဖုန်းတွေကို အခမဲ့ခေါ်လို့ရပါတယ်။
Viber Application ကို Android ဖုန်းတွေမှာ Install လုပ်ချင်ရင် Google Play Store မှာသွားရောက် Download လုပ်ယူပြီး Install လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Google Play Store ကိုအသုံးပြုလို့မရဘူးလို့ ပြောတဲ့အတွက် Viber Application ကို
ဒီနေရာကနေ Download လုပ်ယူလိုက်ပါ။
Download လုပ်လို့ပြီးသွားရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ပြီး Viber.apk ကို SD Card ထဲကို Copy ကူးထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ထားရာကဖြုတ်လိုက်ပါ။
ဖုန်းထဲက File Manager ကိုဖွင့်ပြီး တော့ SD Card ထဲက Viber.apk ကိုနှိပ်လိုက်ပါ။ Install ကိုရွေး လိုက်ပါ။
Install လုပ်လို့ပြီးသွားရင် Viber Application ကိုဖွင့်လိုက်ပါ။ Viber application ကိုမဖွင့်ခင်မှာ ဖုန်းကနေပြီး Internet ကိုအသုံးပြုလို့ရအောင် 3G or Wifi ချိတ်ထားရမှာဖြစ်ပါတယ်။
Continue ကိုနှိပ်ပါ။
Myanmar ကိုရွေးပြီး မိမိဖုန်းနံပါတ်ကို ဖြည့်ပြီး Continue ကိုနှိပ်ပါ။

မိမိဖုန်းနံပါတ် မှန်မမှန်စစ်ဆေးပြီး Approve ကိုနှိပ်ပါ။

Viber ရဲ့ Activation Code ကို SMS ပြန်ပို့တဲ့ Service က မြန်မာနိုင်ငံ အတွက် အသင့်မဖြစ်သေးတဲ့ အတွက် မိနစ်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Activation Code SMS မရတဲ့အတွက် click here ကိုနှိပ်လိုက်ပါ။

Web Browser မှာ Viber Page ပွင့်လာပါလိမ့်မယ်။ အဲ့ဒီထဲက Get Code ကိုနှိပ်လိုက်ပါ။

အချိန်အနည်းငယ်အတွင်းမှာ Viber က ဖုန်းပြန်ခေါ်ပြီး Activation Code ကိုပြောမှာဖြစ်ပါတယ်။
ဖုန်းပြန်ခေါ်ပြီးရင် Viber ကိုပြန်ဖွင့်ပြီးတော့ Activation Code ကိုထည့်ပြီး Enter Viber ကိုနှိပ်လိုက်ပါ။

အဲ့ဒါဆိုရင်တော့ Viber Application ကို အသုံးပြုလို့ရပါပြီ။
.
Credit Mandalar.Net

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................