~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 20 July 2012

One Body, One Lens….! (ဓာတ်ပုံ ရိုက်ကူးမှု ဆိုင်ရာ) Camera Body ဝယ်တဲ့အခါမှာ

One Body, One Lens….! (ဓာတ်ပုံ ရိုက်ကူးမှု ဆိုင်ရာ)

1dm3-nikkor-14-24mm

ဒီအကြောင်းလေးကို တော်တော်များများကလည်း ရေးဖို့တိုက်တွန်းတယ်..။ ကျွန်တော်ကလည်း
တကယ်ကိုရေးချင်ပါတယ်.။ ဘာလို့လဲ ဆိုတော့ Photography မှာ မလိုအပ်ပဲ အပို Waste ဖြစ်မယ့်
ကုန်ကျစရိတ်တွေက မနဲပါဘူး..။ Expensive Hobby ဖြစ်တဲ့အတွက် တစ်ချို့ က “အိမ်တွင်း သူခိုး”
လို့တောင် တင်စားကြပါတယ်..။

ဒီတော့ ကိုယ်ဘယ် Photography အပိုင်းကို တကယ်စိတ်ဝင်စားလဲ..။ လေ့လာချင်လဲ..။ အောင်မြင်ချင်လဲဆိုတာကို သုံးသပ်နိုင်ခြင်းဟာ..။ အပိုကုန်ကျစရိတ်တွေကို သိသိသာသာ သက်သာသွားစေမှာဖြစ်ပါတယ်..။ ဒါကြောင့် ကျွန်တော် ဒီ Post လေးကို ရေးဖြစ်ပါတယ်..။

One Body, One Lens ဆိုတာ Camera တစ်လုံး Lens တစ်ခုထဲနဲ့ အဆင်ပြေမယ့် Answer ပါပဲ…။ ကုန်ကျစရိတ်သက်သာသလို..။ High Quality Body or Lens နဲ့ ကိုယ် စိတ်ဝင်စားတဲ့ Photography ရဲ့ ရလဒ်ကို သိသိသာသာကြီး ပြောင်းလဲသွားစေတဲ့ နည်းလမ်း တစ်ခုပါပဲ…။

စလိုက်ရအောင်…။

(1) Landscapers

ပထမဦးဆုံး Landscape သမားတွေအတွက် ကျွန်တော် ညွှန်းချင်ပါတယ်..။ အပိုင်းနှစ်ပိုင်းရှိပါတယ်..။ Crop Frame Body လား..။ Full Frame Body လားဆိုတာပါပဲ..။

Full Frame သမားတွေက ရှင်းတယ်…။ Canon ဆိုရင် 5D Mark II ဝယ်ဗျာ..။ Nikon ဆိုရင် D700 ဝယ်..။ ဘာလို့လဲဆိုတော့ Canon 5D Mark III နဲ့ Nikon D800 တွေက အရမ်းကောင်းတာ မှန်သလောက် ဈေးကလည်း အရမ်းမြောက်ပါတယ်..။ Full Frame Support ဖြစ်တဲ့ Lens တွေ ရှိပြီးသားသူများအတွက်တောင် တော်တော်လေး ဈေးက မြောက်နေပါသေးတယ်..။ ဒီ့အတွက် အခုမှ စဝယ် မယ့်သူ…။ ဒါမှမဟုတ် Crop Frame ကနေ တက်မယ့်သူတွေအတွက်ဆိုရင်…။ Body အပြင် Lens ပါ ဝယ်ရမှာ ဖြစ်တဲ့အတွက်..။ ကုန် ကျစရိတ်ဟာ အင်မတန်မှ များသွားနိုင်ပါတယ်…။

ဒါကြောင့် Full Frame လည်းဖြစ်..။ နှစ်ပေါင်းများစွာ အလံတလူလူနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ Canon 5D Mark II နဲ့ Nikon D700 ကို ကျွန်တော် အားပေးရခြင်း ဖြစ်ပါတယ်…။

Lens အနေနဲ့ကတော့ Canon သမားများ ဈေးသက်သက်သာသာ နဲ့ Quality ကောင်းတဲ့ L Lens လိုချင်ရင်တော့ Canon EF 17-40 f/4L USM ကို စဉ်းစားသင့်ပြီး ငွေကြေးတတ်နိုင်တယ်ဆိုရင်တော့ Canon EF 16-35 f/2.8L II USM ကို စဉ်းစားသင့်ပါတယ်..။

17-40 က 77mm ဖြစ်ပြီး 16-35 Mark II က 82mm ဖြစ်ပါတယ်..။ 16-35 Mark I ကတော့ 77mm ပဲ ဖြစ်ပေမယ့် Discontinued ဖြစ်သွားပါပြီ…။ ဝယ်ရတာ ရှားပါလိ့မ်မယ်..။ ဈေးကတော့ Mark II ထက် သိသိသာသာ သက်သာပြီး..။ 17-40 ထက်တော့ များပါလိ့မ်မယ်…။

Nikon သမားများအတွက်ကတော့ Nikon ရဲ့ နာမည်ကြီး Nano 14-24 ပဲ ဖြစ်ပါတယ်..။ Lens တစ်လုံးထဲသာ လိုမှာဖြစ်တဲ့အတွက် ဈေးကို ထည့်တွက်နေစရာမလိုပါဘူး..။

Full Frame သမားတွေအတွက်ပြီးတော့ APS-C သမားတွေအတွက်ပါ..။ သူတို့အတွက်ကတော့ Budget အပေါ်မူတည်ပြီး Choice များပါတယ်..။ Budget အကန့်အသတ်ရှိတဲ့သူတွေအတွက် Canon မှာ 550D နဲ့ Nikon မှာ D5100 သော်လည်းကောင်း၊ ငွေကြေး အနဲငယ်သုံးနိုင်သူများအတွက် Canon 60D နဲ့ Nikon D7000 သော်လည်းကောင်း၊ ငွေကြေး ကောင်းကောင်းသုံးစွဲနိုင်တဲ့သူတွေ အတွက် Canon 7D နဲ့ Nikon D300s သော်လည်းကောင်း အကြံပေးချင်ပါတယ်..။

ကျွန်တော့်ရဲ့ Personal Recommend ဆိုရင်တော့ Canon မှာ 7D နဲ့ Nikon မှာ D90 ပဲ ဖြစ်ပါတယ်…။ D90 က D7000 ထက် ဈေးသက်သာပေမယ့် Quality ပိုင်းမှာ တန်းတူနီးပါးသွားပါတယ်..။ တစ်ချို့ D7000 ကိုင်တဲ့ ကျွန်တော့် မိတ်တွေ တော်တော်များများ သူတို့ရဲ့ D90 လေးကိုပဲ တမ်းတမ်း တတရှိနေကြဖြစ်နေတာကို ကျွန်တော်တွေ့ရပါတယ်..။ D7000 အစား D90 သာဆိုရင် Lens တစ်လုံးလောက် ထပ်ထွက်လာမှာပါ…။

Body ပြီးတော့ Crop Frame သမားများအတွက် Lens ပါ…။ Canon သမားတွေအတွက် Canon EF-S 10-22 မဖြစ်မနေဝယ်သင့်ပြီး..။ Nikon သမားတွေအတွက်..။ 10-24 DX တစ်လုံးရှိရင် ဖြစ်ပြီ ဖြစ်ပါတယ်..။

ဒါဆိုရင် Landscape သမားတွေအတွက် အတိုင်းထက်အလွန်ဖြစ်သွားပါပြီ..။ Body ကောင်းကောင်း တစ်လုံးရမယ်..။ အပျံစား Lens တစ်လုံးရမယ်…။ ဒါပေမယ့် ကုန်ကျစရိတ်က တွေ့သမျှ Lens အကုန်လိုက်ဝယ်ပြီး ပေါင်းစုံရိုက်ချင်တဲ့သူ (ကျွန်တော့်လိုလူ) တွေထက် အဆပေါင်းများစွာ အကုန်အကျ သက်သာသွားပြီး..။ တကယ့် ကိုယ်ဝါသနာပါတဲ့ Photography တစ်ခုမှာ ထဲထဲ ဝင်ဝင်လုပ်နိုင်ပြီ ဖြစ်ပါတယ်..။



Nikon Nikkor AF-S 14-24 f/2.8G

Canon EF 16-35 f/2.8L (Mark I)

Nikon AF-S 10-24 DX

Canon EF-S 10-22 USM

Canon EF 17-40 f/4L USM

(2) Macro

Macro အတွက်တော့ Full Frame သမားရော Crop Frame သမားရော Lens ကတော့ တစ်ခုပဲ အကြံပေးချင်ပါတယ်..။ ဈေးအရ ရော Quality အရပါ..။ အရမ်းကောင်းတဲ့ Lens ပါ…။ Canon မှာဆိုရင် Canon EF 100mm f/2.8L IS USM Macro ဖြစ်ပြီး..။ Nikon မှာဆိုရင် AF-S VR Micro-Nikkor 105mm f/2.8G IF-ED ဖြစ်ပါတယ်..။ တစ်ခါထဲ Full Frame Support ဖြစ်တဲ့ Lens ကို ဝယ်သင့်ပါတယ်..။

Landscape မှာတုန်းက Crop Frame နဲ့ Full Frame အတွက် ဘာကြောင့် Lens တွေ ခွဲပြောသလဲဆိုတာ မသိသေးတဲ့သူများ ကျွန်တော့်ရဲ့ Full Frame, Crop Frame အကြောင်းရေးထားတဲ့ ပို့စ်ကို ပြန်ဖတ်စေချင်ပါတယ်..။

Macro မှာတော့ အဲ့လိုခွဲစရာမလိုပါဘူး..။ APS-C ပဲ သုံးသုံး..။ 35mm ပဲ သုံးသုံး..။ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ Lens တစ်ခုသာ ဝယ်လိုက်ပါ..။ မိတ်ဆွေရဲ့ အနုဇီဝလောကကြီးဟာ ပြင်ပကမာကို မေ့သွားရလောက်အောင် ပြည့်စုံသွားပြီ ဖြစ်ပါတယ်..။


Nikon AF-S 105mm f/2.8G VR Micro

Canon EF 100mm f/2.8L IS USM Macro

(3) Wild Life/ Sports

ဒီအမျိုးအစားအတွက်ကတော့ Camera Body ဝယ်တဲ့အခါမှာ FPS (frame per second) ကို မဖြစ်မနေ ဦးစားပေးရမယ့် Photography ဖြစ်ပါတယ်..။ ဒီနေရာမှာ Landscape တုန်းကလို 550D တွေ D5100 တွေ D90 တွေက မတိုးတော့ပါဘူး..။ Crop Frame သမားများအတွက် 7D မဖြစ်မနေ လိုအပ်မှာ ဖြစ်ပြီး..။ Full Frame သမားများအတွက် 1D Series (1Ds Series မဟုတ်ပါ) လိုအပ်မှာ ဖြစ်ပါတယ်..။

Canon ရဲ့ 5D Mark III တောင် 7D လောက် မမြန်ဖူးဆိုတာကို သတိထားဖို့လိုပါတယ်..။ 7D က Boost နဲ့ဆိုရင် 8 fps အထိ သွားပါတယ်..။ 5D Mark III က 6 fps ပဲရပါတယ်..။

Nikon သမားတွေအတွက်ဆိုရင်တော့ D300 သို့မဟုတ် D300s လို Crop Frame များကိုဝယ်ရမှာဖြစ်ပြီး..။ Full Frame သမားများကတော့ D3 Series တွေကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်…။

ဘယ် Body ပဲ ဝယ်ဝယ်ပါ..။ ကျွန်တော်ပြောသလို Wild Life/Sports ရိုက်တော့မယ်ဆိုရင်တော့ FPS ကို အထူးဦးစားပေးဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်..။

Lens ကလည်း အတူတူပါပဲ… Landscape မှာလိုမျိုးခွဲထားတာ မရှိပါဘူး..။ သိန်း ၁၀၀ ၊ ၂၀၀ နီးပါးရှိတဲ့ Tele Lens တွေ ရှိပေမယ့်.. ဒါတွေဟာ ကျွန်တော်တို့အတွက် သိပ်ကိုက်ညီမှုမရှိတဲ့အတွက် ကျွန်တော် ထည့်မဆွေးနွေးတော့ပါဘူး..။

Canon သမားတွေအတွက် မရှိမဖြစ် 70-200 f/2.8 Line Up ကိုရွေးပါတယ်..။ 70-200 f/4 Line Up က f/2.8 နဲ့ ယှဉ်လိုက်ရင် speed ရော Durability ရော မယှဉ်နိုင်တဲ့အတွက် ထည့်မစဉ်းစားတော့ပါဘူး..။ နောက်ပြီး One Lens One Camera ဖြစ်တဲ့အတွက် ကောင်းတဲ့ Lens ကိုပဲ ကျွန်တော် တစ်ခါထဲ ရွေးပေးချင်လို့ပါ…။ f/2.8 မှာမှ IS နဲ့ IS II နဲ့ ထဲကပဲေ၇ွးရမှာပါ..။ IS မပါတာကို ထည့်မစဉ်းစားစေချင်ပါဘူး..။ Tele Shot မှာ IS မပါရင် အလကားပါပဲ…။

ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် IS II ကို ဦးစားပေးပါတယ်..။ ဈေးကြီးတာမှန်ပေမယ့် Quality အားအရရော…။ နောက်ပြီး Lens က တစ်ခုထဲ ဝယ်မှာဖြစ်တဲ့အတွက်ရော ညှာစရာမလိုတော့ပါဘူး..။

အဲ..။ တစ်ခုတော့ရှိတယ်..။ Canon EF 100-400 f/4.5-5.6L IS USM လို ဟာမျိုးရောလို့မေးလာရင်…။ ကျွန်တော်နဲနဲရှင်းပြချင်ပါတယ်..။ မှန်တယ် Range ပိုသွားတယ်..။ IS လည်းပါတယ်..။ ဒါပေမယ့် ကျွန်တော်ပြောပြမယ်..။ Tele Shot ရိုက်မှာဖြစ်တယ်..။ Wild Life မှာသော်လည်းကောင်း Sport မှာသော်လည်းကောင်း အလွန်လျှင်မြန်တဲ့ အကောင်လေးတွေ အားကစား သမားတွေကို ရိုက်ရမှာဖြစ်တဲ့အတွက် Aperture ကြီးကြီးရှိမှသာ Shutter မြန်မြန်ရမှာ ဖြစ်ပါတယ်..။ နောက်တစ်ခုက 100-400 ကို ဝယ်လိုက်ရင် Lens တစ်မျိုးပဲ ရပါလိ့မ်မယ်..။

တစ်ကယ်လို့ မိတ်ဆွေက 70-200 f/2.8L IS II USM ကို ဝယ်ပြီး 2X adapter ခံမယ်ဆိုရင် ကိုယ်လိုချင်တဲ့အချိန်မှာ 140-400 အထိရမှာဖြစ်မပြီး…။ မလိုချင်တဲ့ အချိန်မှာ 70-200 အတိုင်းရိုက်နိုင်တဲ့အတွက် Lens နှစ်လုံးရတဲ့ သဘောရှိသွားပါတယ်..။ 2X Extender တစ်လုံးမှ US$ 200 သာသာပဲရှိပါတယ်..။

ဒီနေရာမှာ Nikon ပဲဖြစ်ဖြစ် Canon ပဲ ဖြစ်ဖြစ် Extender အကြောင်းလေး နဲနဲသဖို့လိုပါတယ်..။ Extender က Range ကို ၂ နဲ့မြှောက်ပေးရုံတင်မကပါဘူး..။ Aperture ကိုပါ ၂ နဲ့ မြှောက်တဲ့အတွက်…။ f/2.8 Lens ကိုသုံးရင်တောင်မှ Extender တပ်လိုက်ရင် f/5.6 ပဲ ရတော့မှာ ဖြစ်ပါတယ်..။ အပေါ်က 100-400 နဲ့ ယှဉ်ကြည့်လိုက်ရင် အတူတူဖြစ်သွားပြီ ဖြစ်တဲ့အတွက် Extender သုံးခြင်း ဟာ Lens နှစ်ခုကိုင်လိုက်တာနဲ့ ညီသွားပြီ ဖြစ်ပါတယ်..။

Nikon သမားများအတွက်ကတော့ ရှင်းပါတယ်..။ AF-S Nikkor 70-200mm f/2.8G ED VR II ကိုသာရွေးချယ်လိုက်ပါ..။ ဘာမှ နောင်တရစရာ အကြောင်းမရှိပါဘူး..။ Nikon မှာလည်း Canon 100-400 လိုမျိုး…။ 80-400 တစ်ခုရှိပါတယ်..။ ဒါပေမယ့် သူက VR (IS) မပါတဲ့အတွက် ကျွန်တော်အားမပေးပါဘူး..။ အဲ့ဒါကြောင့် Canon 100-400 တုန်းကလို ကျွန်တော် အသေးစိတ် ရှင်း မပြတာဖြစ်ပါတယ်..။ တော်ကြာ မျက်နှာလိုက်တယ်ထင်နေမှာ စိုးလို့ပါ…။

သာမန်အားဖြင့်တော့ အဓိက ကွဲပြားသွားတဲ့ Lens တွေက ဒီ သုံးမျိုးပါပဲ..။ ကျန်တာတွေက Walk Around သဘောမျိုးဆန်ပါတယ်..။ ဘာလို့လဲဆိုတော့… ဥပမာ Ultra Wide ဆိုရင် အကျယ်ရပေမယ့် အဝေးမရဘူးဗျာ..။ Tele ဆို အဝေးရပေမယ့် အကျယ်မရဘူး..။ Macro ဆိုရင် အနီးကပ်ရိုက်မှရမယ်..။ ဒါကြောင့် ဒီသုံးမျိုးကသာ Photography မှာ Lens ဝယ်တဲ့အခါ အရွေးရခက်အောင် အားသာ ချက် အားနည်းချက် မြင့်တာဖြစ်ပါတယ်..။

ကျန်တဲ့ ဥပမာ Nikonေ၇ာ Canon မှာပါ ရှိတဲ့ 24-70 f/2.8 လို ဟာမျိုးကြတော့ အကျယ်လည်းရသလို..။ အဝေးလည်း အထိုက်အလျှောက်ရတာကိုတွေ့ရပါတယ်..။

Portrait သမားတွေ မော်ဒယ်ရိုက်ချင်တဲ့သူတွေအတွက်ကတော့ Nikon ပဲ ဖြစ်ဖြစ် Canon ပဲ ဖြစ်ဖြစ် 70-200 f/2.8 Line Up က Pro Choice ပါပဲ…။



Nikon Nikkor AF-S 70-200 f/2.8G VR II

Canon EF 70-200 f/2.8 L IS II USM

(4) Walk Around

Nikon ရော Canon ရော ဘက်စုံသုံးလို့ရတဲ့ Walk Around တစ်လုံးပဲ ထားချင်တဲ့သူများအတွက်ကတော့ Canon မှာဆိုရင် Canon EF 24-105 f/4L IS USM သို့မဟုတ် Canon EF 24-70 f/2.8L USM (Mark I or Mark II) ဖြစ်ပြီးတော့ Nikon သမားတွေ အတွက်ကတော့ AF-S Nikkor 24-70mm f/2.8G ED ကိုရွေးစေချင်ပါတယ်..။ ဒါဆိုရင် Wide ရော ( အထူးသဖြင့် Full Frame သမားတွေအတွက် ပို Wide ပါတယ်) Tele ရော ရသွားမှာ ဖြစ်ပါတယ်..။ Nikon မှာ ပြောစရာမရှိပေမယ့်..။ Canon သမားများကတော့ Portrait ပါ ရိုက်ချင်တယ်ဆိုရင်တော့ 24-105 f/4L အစား 24-70 f/2.8L ကိုဦးစားပေးစေချင်ပါတယ်..။ 2.8 က IS မပါဘူး..။ Range နဲတယ်ဆိုပေမယ့် Built Quality နဲ့ Sharpness မှာ နဲနဲလေး သိသိသာသာ သာပါတယ်..။

ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ Lens တွေ ဈေးကြီးတာ မှန်ပါတယ်..။ ဒါပေမယ့် ကျွန်တော်က One Lens ကိုပဲပြောတဲ့အတွက်..။ Lens တွေ အများကြီးဝယ်တာနဲ့ ယှဉ်လိုက်ရင် ဈေးက အတူတူပဲ သွားကျပါတယ်..။ ပိုတောင် သက်သာပါဦးမယ်..။ ကျွန်တော်ပြောခဲ့တဲ့ Lens တွေအထဲမှာ Portrait အတွက် သီးသန့်ထည့်မပြောသွားတာက အကြောင်းရှိပါတယ်…။

ဘာလို့လဲဆိုတော့ ကျွန်တော်ပြောခဲ့တဲ့အထဲမှာ အများစုက f/2.8 ဖြစ်တဲ့အတွက် အားလုံးဟာ Portrait သမားတွေအတွက် သင့်တော်ပြီးသားပါ..။ တစ်ချို့ Pro တွေဆို Portrait ကို Macro Lens နဲ့တောင်ရိုက်ပါတယ်..။ Macro Lens ဖြစ်တဲ့အတွက် Sharpness က တစ်ခြား f/2.8 Lens တွေထက်တောင် အများကြီးသာပါတယ်..။ 70-200 ဆိုရင်လည်း Pro တွေ Portrait ရိုက်တဲ့ နေရာမှာသုံးကြတာ ခဏခဏတွေ့းဖူးကြပါလိ့မ်မယ်..။

ဒီလိုပဲ Portrait ကို မြင်ကွင်းကျယ်ကျယ်နဲ့ ရိုက်ချင်တယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ Ultra Wide Lens တွေနဲ့ ရိုက်ကြတာကို တွေ့ဖူးကြ မှာ ဖြစ်ပါတယ်..။



Canon EF 24-70 f/2.8L USM (Mark I)

Canon EF 24-70 f/2.8L USM (Mark II)

Canon EF 24-105 f/4L IS USM

Nikon Nikkor AF-S 24-70 f/2.8G

(5) Low Light

နောက်ဆုံး Nikon သမားပဲ ဖြစ်ဖြစ် Canon သမားပဲ ဖြစ်ဖြစ် မဖြစ်မနေ ရှိထားသင့်တဲ့ Lens တစ်မျိုးကတော့ Low Light အတွက် ဖြစ်ပါတယ်..။

Canon EF 50mm f/1.4 USM နဲ့ Nikon Nikkor AF-S 50mm f/1.4G ကို ဝယ်သင့်ပါတယ်..။ များသောအားဖြင့် ကျွန်တော် f/1.8 ကို ဝယ်ဖို့ တိုက်တွန်းတတ်ပေမယ့် Lens တစ်လုံးထဲဝယ်မယ့်သူ အမြဲတမ်း Low Light လိုဟာမျိုးကိုပဲဦးစားပေးရိုက်မယ့်သူများ အတွက်ကတော့ ကျွန်တော် 1.4 ကို ညွှန်းပါတယ်..။ Canon မှာ f/1.2L တစ်ခုရှိသေးပေမယ့် ပေးရမယ့်ဈေးက အင်မတန် မြောက်လွန်းတဲ့ အတွက် ကျွန်တော် အားမပေးပါဘူး…။ Nikon မှာက 1.4 ကိုပဲ D နဲ့ G နှစ်မျိုးရှိပါတယ်..။ G Grade ကို ဦးစားပေးသင့်ပါတယ်..။ ဈေးမကွာပါဘူး..။Canon မှာ L ဆို တာ Luxury လို့ သတ်မှတ်ကြပြီး..။ Nikon က G ဆို တာကတော့ Gold Grade ကို ဆိုလိုတာဖြစ်ပါတယ်..။

ဒီလောက်ဆိုရင် Camera Body တစ်လုံးထဲကိုင်ချင်တယ်..။ Photography လိုင်းတစ်ခုထဲကို သီးသန့် လိုက်စားချင်တဲ့သူတွေအတွက် တော်တော်ပြည့်စုံသွားပါပြီ..။


Canon EF 50mm f/1.4 USM နဲ့ Canon EF 50mm f/1.2 L USM ပါ


Nikon Nikkor AF-S 50mm f/1.4D

Nikon Nikkor AF-S 50mm f/1.4G

မဖြစ်မနေ နဲနဲ ထပ်ထည့်ရမယ့် Gear လေးအချို့ကိုတော့ ပြောပေးလိုက်ချင်ပါတယ်…။

(1) Landscapers ====> Tripod, Shutter Release Cable, ND Filter, Graduate Filter
(2) Macro ====> Tripod, Flash or Ring Flash
(3) Wilde Life/ Sports ====> Tripod

တကယ် Serious ဖြစ်တဲ့ သမားများအားလုံးအတွက်..။ Weather Proof ဖြစ်တဲ့ Backpack တစ်လုံး..။ Speed မြန်ပြီး..။ GB များတဲ့ Memory Card အနဲဆုံး ၂ ခု…။ External Hard Disk တစ်လုံး…။ Battery အပို…။ ဖြစ်နိုင်ရင် Laptop သို့မဟုတ် Tablet တစ်ခု…။ High End Mobile Phone တစ်လုံး…။ ဦးထုပ်တစ်လုံး…။ လိုပါတယ်..။

ဒါတွေဟာ ဟိုနားဒီနား သွားရိုက်တဲ့အခါမှာ မလိုပေ (မသိသာပေမယ့်) တကယ်တမ်း ခရီးထွက်ပြီးရိုက်တော့မယ်ဆိုရင်..။ ကျွန်တော်ပြောတဲ့အထဲက တစ်ခုမဟုတ် တစ်ခုကျန်ခဲ့တဲ့အခါ ကျွန်တော်ဘာကြောင့်ပြောလဲ ဆိုတာသိလာပါလိ့မ်မယ်…။

နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာက…။ Full Frame ကိုင်နေတဲ့သူတွေက ကျွန်တော်ရေးတဲ့ ဒီ Post တွေကို ဖတ်ရမယ့် သူတွေ မဟုတ်တော့တဲ့အတွက်..။ သူတို့အတွက်တော့ ကျွန်တော်မပြောလိုတော့ပါဘူး..။ APS-C (Crop Frame) သမားတွေအတွက်တော့ Lens ပိုင်းဆိုင်ရာမှာ သူ့ စိတ်ဝင်စားတဲ့သူ ဖြစ်နေတဲ့အတွက် ကျွန်တော်မရွေးပေးနိုင်ပါဘူး..။

ဒါပေမယ့် Body ပိုင်းမှာတော့ ငွေသုံးနိုင်တဲ့သူတွေ Canon EOS 7D ကို ဝယ်ဖို့အထူးပဲတိုက်တွန်းလိုပြီး..။ အကန့်အသတ်ရှိနေတဲ့သူတွေ fps ကို မလိုအပ်တဲ့သူတွေအတွက် Canon EOS 550D ကို ဝယ်ဖို့ တိုက်တွန်းပါတယ်..။Nikon သမားတွေအတွက်ကတော့ ပုံ Quality ပိုင်းအတွက် D90 ကို တိုက်တွန်းပြီး..။ fps ပိုင်းအတွက် D700 ကို အားပေးပါတယ်…။

စိတ်ဓာတ်မကျပါနဲ့..။ အားမလျော့ပါနဲ့…။ ရိုက်ရင်းလေ့လာပါ..။ လေ့လာရင်းရိုက်ပါ…။ ဘာ Camera လဲဆိုတာက အရေးမကြီးပါဘူး..။ Camera နောက်ကလူက ဘာလဲဆိုတာပဲ အရေးကြီးပါတယ်…။အားလုံး အောင်မြင်တဲ့ Photographer များ ဖြစ်ကြပါစေလို့ဆုတောင်းရင်း..။
လေးစားစွာဖြင့်

Black Dream

http://www.blackdream21.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................