အလုပ်ရှင် အလုပ်သမား ပြဿနာများ လျော့နည်းစေရန် မြန်မာလုပ်သားများအတွက်
ရာသက်ပန် အခမဲ့ အလုပ်ရှာနိုင်မည့် Myanmar Best Job ဝက်ဘ်ဆိုက်ကို အဆိုတော်
သားစိုးက စတင် တည်ထောင်လိုက်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်မှ
မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် အလုပ်ရှင် များအတွက် အခမဲ့
ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားများအတွက် အခမဲ့
အလုပ်ရှာနိုင်ခြင်းအပြင် အလုပ်ရှင်များအတွက် တစ်နှစ်အခမဲ့
ကြော်ငြာနိုင်ကြောင်း သိရသည်။ “ဝန်ထမ်းပါဆိုမှ ပိုက်ဆံလိုချင်လို့
အလုပ်ရှာရတာလေ။ အချို့အေးဂျင့်တွေက ဝန်ထမ်းဆီက လဝက်စာ ယူကြတယ်။
ဒီဝက်ဘ်ဆိုက် လုပ်လိုက်တော့ နယ်ကလူတွေအတွက်ပါ အဆင်ပြေမယ်။ ဖုန်းရှိရင်၊
အင်တာနက်ရှိရင် ဆက်သွယ် ရှာဖွေနိုင်မယ်။ အလုပ်ရှင်တွေအတွက် တစ်နှစ်
အခမဲ့ကြော်ငြာခွင့်ရမယ်။ Marketing Free ဆင်းပေးမယ်” ဟု
ဝက်ဘ်ဆိုက်တည်ထောင်သူ မငယ်ငယ်က ပြောသည်။

ယင်းဝက်ဘ်ဆိုက်ကို သုံးခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ပေးရသည့် ပွဲခများ ပေးစရာမလိုဘဲ အလုပ်သမားများအနေဖြင့် မိမိရလိုသော လစာနှင့် အလုပ်အကိုင်များကို ရွေးချယ်လျှောက်ထားခွင့် ရမည်ဖြစ်ကြောင်း သိရသည်။ “အခုမြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သမား ပြဿနာတွေအများကြီး ဖြစ်နေတယ်။ မြန်မာလုပ်သားတွေက သူတို့လိုချင်တဲ့လစာကို မတောင်းဆိုရဲဘူး။ အလုပ်ရရေးသာ အဓိက ဖြစ်နေကြတယ်။ အခုလိုအလုပ်ရှာတဲ့ အေးဂျင့်တွေ၊ ဝက်ဘ်ဆိုက်တွေ ပေါ်လာရင်တော့ ညှိလို့ရမယ်။ ဒါတွေပါပြီး သဘောတူမှ လုပ်လို့ရတယ်” ဟု ပေါ်ပြူလာနယူးစ် အယ်ဒီတာချုပ် ဆရာဦးဟိန်းလတ်က ပြောသည်။ အသေးစိတ် သိလိုသူများနှင့် အလုပ်ရှာဖွေလိုသူများ အနေဖြင့် Myanmar Best Job ဝက်ဘ်ဆိုက် www.myanmarbestjob.com နှင့် www.bestjobmyanmar.com ၊ myanmarfurtureinvestment@gmail.com ဖုန်း -၀၁-၂၁၀၇၄၂၊ ၀၉-၇၃၁၂၆၂၈၁သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:
Post a Comment