~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 18 July 2012

Facebook တည်ထောင်သူ Mark_Zuckerberg အား စီးပွားရေး လုပ်ငန်းရှင်များမှ ဖိအားပေး ( joke )

Facebook တည်ထောင်သူ Mark_Zuckerberg အား စီးပွားရေး လုပ်ငန်းရှင်များမှ ဖိအားပေး

Mark_Zuckerberg သည် သူတည်ထောင်ထားသော လူမှုကွန်ယက်ဆိုက် တစ်ခု ဖြစ်သော Facebook ၏ အောင်မြင်မှုကြောင့် ကြော်ငြာများ နှင့် အခြားသော ဝန်ဆောင်မှုများမှ ဒေါ်လာသန်းနှင့်ချီ၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ လစဉ် ဝင်ငွေ ရရှိနေခဲ့ပါသည်။

Facebook ၏ စွမ်းဆောင်နိုင်မှုကို သိရှိနိုင်ရန် အတွက် မကြာသေးမီက ပညာရှင်များက စစ်တမ်းကောက်ယူခဲ့ရာတွင် ကမ္ဘာပေါ်ရှိ Internet သုံးစွဲနိုင်သူ ဦးရေ ၁၀၀% အနက် Facebook တွင် Register လုပ်ထားသူပေါင်း ၁၆၀% ရှိကြောင်း ကောက်ခံတွေ့ ရှိ ရသဖြင့် အထူးအဆန်းဖြစ်ပြီး ဆက်လက် လေ့လာကြရာ၊ ပိုလျှံနေသော ၆၀% အနက် ၄၀% မှာ Facebook account တစ်ခုထက် ပို၍ ပိုင်ဆိုင်ကြသူများ ဖြစ်ပြီး ကျန် ၂၀% မှာ မိမိ၏ အချစ်တော် အိမ်မွေးတရိစ္ဆာန် နှင့် ကိုယ်ဝန်ဆောင် မိခင် ဗိုက်တွင်းရှိ မမွေးဖွားသေးသော ခလေးများ၏ Account များဖြစ်ကြောင်း တွေ့ ရှိရပါသည်။

ယင်းကဲ့သို့  Facebook ၏ သုံးစွဲမှု အခြေအနေကို ခုနှစ်အလိုက်၊ လအလိုက် အသေးစိပ် စိစစ် ကောက်ယူခဲ့ရာတွင် ရသတ္တပါတ်၏ နောက်ဆုံးနှစ်ရက် ဖြစ်သော စနေနေ့ နှင့် တနင်္ဂနွေနေ့  (weekend) များတွင် သုံးစွဲသူဦးရေ သိသာစွာ ကျဆင်းသွားကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် ကွင်းဆင်းလေ့လာမှုများ ဆက်လက် ပြုလုပ်၍ သုံးစွဲသူ လျှော့နည်း သွားမှုကို စုံစမ့်ခဲ့ရာတွင် တွေ့ ရှိခဲ့ရသော အချက်အလက် များထဲမှ အချက်အလက် အချို့ ကို ဖော်ပြပေးလိုက်ပါသည်။

ရုံးပိတ်ရက် ဖြစ်နေခြင်းက သုံးစွဲသူလျှော့ကျမှု၏ ပင်မ ဖြစ်ပါသည်။

၁။ တစ်ပါတ်လုံး စုပုံထားသော အဝတ်များအား လျှော်ဖွတ်၊ မီးပူတိုက်ခြင်း
၂။ ခေါက်ဆွဲပြုတ်၊ နာစီလာမ တို့ နှင့် ဖြတ်သန်းခဲ့ရသော week day အတွက် အတိုးချပြီး စားရန် အချိန်ယူ ချက်ပြုတ်နေရခြင်း။
၃။ အရင်းနှီးဆုံးသောသူ နှင့် ချိန်းဆို၍ ....... ခြင်း။
၎။ Shopping Center များလှည့်လည်၍ Discount များ လိုက်ရှာခြင်း
၎။ Internet ဆိုင်သွားရန် အချိန် မပေးနိုင်ခြင်း စသည့် စသည့် အချက်များကို တွေ့ ရှိခဲ့ ရပြီး....

Week Day များတွင် သုံးစွဲသူများရခြင်း အကြောင်းကို စုံစမ်းခဲ့ရာ...
ရုံးတွင် Internet က အလွယ်တစ်ကူ တပ်ဆင်ထားသောကြောင့် အလုပ်ချိန်တွင် အချိန်ပြည့် Log In ဝင်ထားပြီး သူဌေး၊ မန်နေဂျာများ လစ်ရင်လစ်သလို သုံးစွဲပြီး ရုံးချိန် မကုန်ကုန်အောင် အချိန်သုံးလိုခြင်း နှင့် အခြား အသေးအဖွဲ အကြောင်းများကြောင့်ဟု ဖေါ်ပြထားပါသည်။

ထိုကဲ့သို့  Weekend များတွင် Facebook သုံးစွဲသူ လျှော့ကျသွားမှုအပေါ် ကြော်ငြာထည့်ထားသူ စီးပွားရေးသမားများက မကျေမနပ်ဖြစ်ကာ Weekend များတွင်ပါ Facebook သုံးစွဲသူများအား စွဲဆောင်စေနိုင်မည့် Features အသစ်များ ထည့်သွင်းရန် ဖိအားပေးလျှက် ရှိသောကြောင့် ယခုအခါ Mark_Zuckerberg မှာ ခေါင်းကုတ်နေရပါသည်။

(ကြံရာမရသည့်အဆုံး Mark_Zuckerberg က အလုပ်ရှင်များအား ခုနှစ်ရက်လုံး ရုံးများကို ဖွင့်စေရန် တိုက်တွန်းမည်ဟု အတည်မပြုနိုင်သော သတင်းရပ်ကွက်က ကြားသိရပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................