![]() လောင်းကစားဒိုင် Paddy Powerက Dynamoသည် တိကျသော ခန့်မှန်းမှု အလောင်းအစား တစ်ခုကို ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ သူတစ်ပါး၏ စိတ်ကို ဖတ်နိုင်သူအဖြစ်ပင် နာမည်ကြီးနေသော ပဉ္စလက် ပညာရှင်သည် ဥရောပဖလား အကြိုဗိုလ်လုပွဲ အဆင့်သို့ စပိန်၊ ဂျာမနီ၊ အီတလီနှင့် ပေါ်တူဂီတို့ တက်ရောက်လာမည်ဟု ခန့်မှန်းထားသည်။ ထို(၄)သင်းအနက် အီတလီသည် ပင်နယ်တီ အဆုံးအဖြတ် ခံယူရမည်ဟုလည်း ရေးသားထားသည်။ အီတလီသည် အင်္ဂလန်ကို ကွာတားဖိုင်နယ်တွင် ပင်နယ်တီဖြင့် အနိုင် ရလာခဲ့သည်။ ![]() အကြို ဗိုလ်လုပွဲတွင်မူ စပိန်က ပင်နယ်တီဖြင့် ပြိုင်ဘက်ကို အနိုင်ရမည်ဟု Dynamoက လောင်းကစား လက်မှတ် ဖြတ်ပိုင်းတွင် ရေးသားထားခဲ့သည်။ လက်တွေ့တွင်လည်း စပိန်သည် ပေါ်တူဂီကို ပင်နယ်တီဖြင့် အနိုင်ယူခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲတွင် စပိန်နှင့် အီတလီ တွေ့ဆုံပြီး စပိန် အနိုင်ရမည်ဟု Dynamoက တိကျစွာ ခန့်မှန်းထားပြီး ၎င်း၏ ရွေးချယ်မှုအားလုံး တသွေမတိမ်း လက်တွေ့ ဖြစ်ပျက်လာခဲ့သည်။ Dynamoသည် ယခု လောင်းကစား အစီအစဉ်ကို စီးပွားဖြစ် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ၎င်း၏ ပညာပိုင်းကို ပြသရန်သာ ရည်ရွယ်ခဲ့ခြင်းကြောင့် ငွေသား (၁)ပေါင်သာ လောင်းကြေးတင်ခဲ့သည်။ အသက်(၂၉)နှစ် ရှိပြီဖြစ်သော ဘရက်ဖို့ဒ်နယ်သား Dynamoသည် ယခင်ကလည်း လန်ဒန်မြို့ရှိ သိမ်းစ်မြစ် ရေမျက်နှာပြင်ပေါ် လမ်းလျှောက်ပြခဲ့ခြင်းကြောင့် ကမ္ဘာကျော်ခဲ့ဖူးသည်။ ၎င်းသည် ယခင်ကလည်း အင်္ဂလန် ဘောလုံးသမားများ မျက်လုံးပြူးလောက်စရာ ပြကွက်ဆန်းများကို ပြသခဲ့ဖူးသေးသည်။ Dynamoသည် ယခု လောင်းကစား အစီအစဉ်ကို စီးပွားဖြစ် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ၎င်း၏ ပညာပိုင်းကို ပြသရန်သာ ရည်ရွယ်ခဲ့ခြင်းကြောင့် ငွေသား (၁)ပေါင်သာ လောင်းကြေးတင်ခဲ့... |
Tuesday, 3 July 2012
ဥရောပ ဖလား ရလဒ်များကို တိကျစွာ ခန့်မှန်းပြီး ပေါင်(၁၀၀၀၀)ရသွားသည့် မျက်လှည့်ပညာရှင် Dynamo






0 comments:
Post a Comment