~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 15 July 2012

Download လုပ်နည်းများ ,Torrent file တွေကို ဘယ်လို Download လုပ်မလဲ ,Mediafire ပိတ်ခံထားရသူများ (access denied) အတွက် mediafire မှဒေါင်း လုပ် လုပ်နည်း

Mediafire ပိတ်ခံထားရသူများ (access denied) အတွက် mediafire မှဒေါင်း လုပ် လုပ်နည်း

Mediafire မှဒေါင်းလော့ချလို့ ( Access denied ) ဖြစ်နေသူများအတွက် MMITD မှ
အကိုတစ်ယောက်ရေးထားတဲ့ E-BOOK လေးတင်ပေးလိုက်ပါတယ်..။အခုနောက်ပိုင်း
ဆိုဒ်တွေတော်တော်များများကိုမြန်မာပြည်ကကြည့်လို့အဆင်မပြေတော့တာတွေ့ရပါ
တယ်..။ဘာကြောင့်ဆိုတာတော့မသိပေမယ့်အတက်နိုင်ဆုံးတော့အဆင်ပြေအောင်
လုပ်ပေးပါမယ်..။နောက်ပိုင်းကျွန်တော့်ဆိုဒ်လေးရဲ့ညာဘက်မှာ Proxy ဆိုဒ်လေးတွေတင်ပေးပါမယ်..။တစ်နေ့ကို Update ဖြစ်ပြီးကျော်လို့အဆင်ပြေမယ့်ဆိုဒ်လေး
တွေရွေးပြီးတင်ပေးပါမယ်..။လောလောဆယ် E-Book လေးကိုအောက်မှာအဆင်
ပြေမဲ့လင့်လေးကနေသာဒေါင်းလော့ချသွားလိုက်ပါခင်ဗျာ...

Downloading From Ifile.it

Downloading From Mediafire

ရေးသားသူ : နေမင်းမောင်


================================================




မိမိ ဒေါင်းချင်တဲ့torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး linkတစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloaderနဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ.. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူကµTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် .မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ .ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double clickနှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်


မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် .ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့speed ပါပဲ .ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speedမြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာvirus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် .နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ .အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ .တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..












ကျွန်တော့် အရင်ပို့စ်မှာ U-Torrent Downloader နဲ့ဘယ်လို ဒေါင်းလော့ ချရမလည်း ဆိုပြီး ရေးပေးခဲ့ပြီး ပါပြီ .. အခု U-Torrent Downloader အသုံးပြုသူတွေ အတွက် ဒီကောင်လေးကို ဘယ်လို SPEED UP လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. မေးထားတဲ့ သူတွေလည်း ရှိတာနဲ့ U-Torrent Downlaoder အသုံးပြု သူတွေအတွက် Download Speedဘယ်လို မြှင့်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းလိုက်ပြီး ပြောင်းပေးလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် ..


အရင်ဆုံး U-Torrent Downloader လေးကို ဖွင့်လိုက်ပါ .. ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Option ကနေ Preferences ကိုသွားလိုက်ပါ .. ပြီးရင် General ကနေစပြီး ပုံလေးတွေမှာ ပြထားသလို လိုက်ပြောင်း ပေးလိုက်ပါ ..














အပေါ်မှာ ပြထားတဲ့ အဆင့်တွေ အတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ မိမိတို့ U-Torrent ကနေ ဒေါင်းလော့ ချတဲ့ အခါမှာ Download Speed သိသိသာသာ မြန်လာတာကို တွေ့ရပါလိမ့်မယ် ..

ဒီပို့စ်လေးကို PDF File ဖြင့်လိုချင်တယ် ဆိုရင် အောက်မှာ ဒေါင်းလော့ချပါ ..



အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ရေးသားသူ : နေမင်းမောင်
=========================================================


rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)


ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movieဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို .လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လိုDownload လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .

အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် .ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် .ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ .ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် .အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ .online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို .၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ. တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ .မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲကpersonalကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ .အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး .လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့data တွေတော့link တွေ အလုပ်မလုပ်တော့ပါဘူး .ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .

နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး .အဲ့ဒါကိုတော့ သိထားပေးပါ .

Download ifile.itDownload mediafire

ကျေးဇူးတင်ပါတယ် ...

1 comments:

ကျနော်က အကို့ post တွေ အကိုတင်တဲ့ software တွေ အမြဲအားပေးနေတဲ့ ပရိတ်သတ်တယောက်ပါ အကို
အကို့ကို ကျနော် မေးစရာလေးတခုရှိလို့ပါ

အခု ကျနော် များစွာစိတ်ထိခိုက်နေရတဲ့ အကြောင်းရင်းရှိနေပါတယ်
အကြောင်းကတော့ ဒီလိုပါ...
ကျနော် 1.8 GB size ရှိတဲ့ ဂိမ်း တခုကို ( commando 3 ) download ဆွဲလိုက်ပါတယ်
ပုံမှန်တိုင်းဆို အွန်လိုင်းက download ဆွဲပြီး ဂိမ်းတွေဆော့နေရတာ အဆင်ပြေနေပေမဲ့
ဒီတခါတော့ ပြသနာ ရှိလာတယ်
ဘာလို့လဲ ဆိုတော့ တခါမှမသုံးဘူးတဲ့ Torrent ဆို တဲ့ ဟာကြီးကနေ download ဆွဲလိုက်ရတာမို့ပါ
အဲ့လိုဆွဲရတာကလဲ အဲ့ဂိမ်းကိုက အဲ့ကဆွဲမှ ရမယ်ဆိုလို့ မလုပ်တတ်လုပ်တတ်နဲ့ ဆွဲလိုက်တာ
1.8 GB game တခုကို တော်တော်စိတ်ရှည်ရှည်စောင့်လိုက်ရသလို
ပိုက်ဆံတွေလည်းအများကြီးကုန်သွားပါတယ်
ဂိမ်းကိုကြိုက်လွန်းလို့ အကုန်ကျခံပြီးဆွဲပြီးမှ
ဝင်ကြည့်လိုက်တော့
ပုံမှန်တိုင်းဆို တခြားဂိမ်းတွေ ဆွဲရင်
Win Rar နဲ့ ချုပ်ထားတဲ့ file တွေ ဘာတွေ အစုံပဲ ပါတယ်
Run ပြီးဆော့ရုံပဲ

အခုဟာက ဘာ file မှ ပါမလာဘူးဗျာ..

ဆွဲထားတဲ့ Commando 3 (1.8GB) ဆိုတဲ့ file ထဲ ဝင်ကြည့်လိုက်တော့ Cd1, Cd2, Cd3 ဆိုပြီး file သုံးခု ထပ်တွေရတယ်
အဲ့ file တွေပေါ် မြှားတင်ကြည့်တော့လည်း
Cd1 က 747 MB, Cd2 က 747 MB , Cd3 က 355 MB ဆိုပြိး size တွေရှိကြတယ်

ဒါမဲ့ တခုခြင်းစီ ထပ်ဝင်ကြည့်လိုက်တော့ အထဲမှာ video file လေး ၂ခုစီပဲရှိတယ်
အဲ့ video file လေးတွေကလည်း ဖွင့်လို့လည်းမရဘုး
Size ကလည်း KB ပဲရှိတယ်

ကျနော်ဖြင့်နားမလည်တော့ဘူး
ကူညီပါဦးဗျာ

ပိုက်ဆံတွေအများကြီးအကုန်ကျခံပြီးမှ ဘာမှလုပ်မရဘူးဖစ်နေတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................