~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 22 July 2012

Dark Flight ဆိုတဲ့ ထိုင်းသရဲကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်.. ဇာတ်ကားကောင်းလေးပါ..


Dark Flight ဆိုတဲ့ ထိုင်းသရဲကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်.. ဇာတ်ကားကောင်းလေးပါ.. ဒီဇာတ်ကားလေးကို ကြည့်ပြီး တွေးမိတာလေးကို ရေးပြီးမျှဝေလိုက်ပါတယ်..

ဒီဇာတ်ကားထဲမှာ လေယာဉ်ပေါ်က ၀န်ထမ်းတွေ ခရီးသည်တွေဟာ သရဲတွေရဲ့ ကြောက်လန့်စရာ ခြောက်လှန့်မှုတွေနဲ့ ကြုံရတယ်.. ခြောက်လှန့်မှုတွေကို ခံနိုင်ရည်မရှိတဲ့သူတွေကတော့ အသေဆိုးနဲ့ သေဆုံးခဲ့ရတယ်..

လူ ၄ ယောက်ကတော့ ခြောက်လှန့်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်.. နည်း ၃ နည်းနဲ့ပေါ့..
- ပထမနည်းကတော့ မျက်စိမှိတ်ထားတယ်.. သရဲတွေ ခြောက်ချင်သလောက်ခြောက် အားလုံးကို မမြင်အောင် မျက်စိမှိတ်ပြီး လျစ်လျှူရှုထားတယ်..
- နောက်တစ်နည်းကတော့ သရဲတွေကို ဟားတိုက်ရီပြီး ပြန်လှောင်တယ်..
- နောက်ဆုံးနည်းကတော့ သရဲတွေ ခြောက်ချင်သလောက်ခြောက်ပါစေ.. မမှုဘူး.. မင်းတို့ကပဲ ခြောက်နိုင်မလား.. ငါတို့ကပဲ ခံနိုင်မလားဆိုပြီး ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့တယ်..

ရင်နှင်းတို့ လျှောက်ရမယ့် လူဘ၀လမ်းကြီးမှာ ပျော်စရာတွေကြီးပဲ ရှိနေမှာ မဟုတ်ပါဘူး.. စိတ်ဖိစီးမှုတွေ အန္တရာယ်တွေ ပြဿနာတွေနဲ့ မကြာခဏကြုံရမှာပါ.. ဒါတွေကို ခံနိုင်ရည်မရှိရင်တော့ ကျရှုံးသွားမှာ အမှန်ပဲ.. ဒါတွေကို လုံးဝရှောင်လွှဲဖို့ကလည်း မဖြစ်နိုင်ဘူး.. အားလုံးကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းကြရမှာပါ..

- ဒါပေမယ့် ဖြေရှင်းဖို့မလိုတဲ့ ပြဿနာအသေးအမွှားလေးတွေ၊ လုံးဝဖြေရှင်းလို့ မရတာတွေနဲ့တော့ စိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့.. လျစ်လျှူရှုလိုက်ပါ.. မဟုတ်ရင် တခြားအရာတွေကို လုပ်ဆောင်ရာမှာ အများကြီးအနှောက်အယှက် ဖြစ်နေပါလိမ့်မယ်..

- စိတ်ညစ်စရာတွေကို ဟာသလုပ်ပြီး ရီလိုက်ပါ.. အနဲဆုံးတော့ စိတ်ထဲမှာ ပေါ့ပါးသွားပြီး ဖြေရှင်းစရာနည်းလမ်းတွေကို ကောင်းကောင်းရှာဖွေနိုင်ပါလိမ့်မယ်..

- စိတ်ညစ်စရာတွေ ပြဿနာတွေ ဖြစ်ချင်သလောက်ဖြစ် ငါရအောင်ရင်ဆိုင်မယ် ဖြေရှင်းမယ်ဆိုတဲ့ စိတ်ကိုမွေးပါ.. စိတ်ညစ်နေတာတွေ သက်သာသွားပြီး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ခွန်အားတွေဖြစ်ပေါ်လာပါလိမ့်မယ်..

အရေးအကြီးဆုံးက သတိနဲ့ အသိရှိဖို့ပါ.. Dark Flight ထဲမှာ သရဲတွေရဲ့ ခြောက်လှန့်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး အသက်ရှင်နိုင်ခဲ့တဲ့သူတွေဟာ သရဲမကြောက်တဲ့သူတွေ မဟုတ်ဘူး.. သူတို့ဆီမှာလည်း ကြောက်စိတ်ရှိပါတယ်.. ဒါပေမယ့် ကြောက်စိတ်ထဲမှာ နစ်မွန်းမနေစေဖို့ သတိနဲ့ထိန်းခဲ့တယ်.. ကိုယ်အသက်ရှင်နိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ကြိုးစားပြီး အန္တရာယ်တွေကို ရင်ဆိုင်အနိုင်ယူခဲ့တယ်..

လူသားတိုင်းဟာ စိတ်ညစ်တတ်ပါတယ်.. ပြဿနာနဲ့ ကင်းတဲ့သူရယ်လို့မရှိတဲ့အတွက် လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိပါတယ်.. ဒါပေမယ့် အဲဒီစိတ်ညစ်စရာတွေထဲမှာပဲ နစ်မွန်းပြီး စိတ်ပဲညစ်နေမယ်ဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုလည်း စဉ်းစားနိုင်မှာ မဟုတ်ဘူး.. တခြားဘာကိုမှ ကောင်းကောင်းစဉ်းစားနိုင်မှာ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး..

အဲဒီတော့ စိတ်ညစ်စရာတွေ ပြဿနာတွေ ကြုံနေရပြီဆိုရင် ကိုယ့်ကိုယ်ကို သတိနဲ့ အရင်ထိန်းပါ.. စိတ်ညစ်စရာတွေက ကိုယ့်ကိုအနိုင်မယူစေပဲ ပြဿနာတွေကို ပြန်ပြီးအနိုင်ယူနိုင်ဖို့ ကြိုးစားပါ.. ပုစ္ဆာရှိရင် အဖြေလည်းရှိပါတယ်.. ရှာနိုင်ရင် တွေ့မှာပါ..

ရင်နှင်းလည်း အရမ်းဆရာကျနေတဲ့သူရယ်တော့ မဟုတ်ဘူး.. ဒါပေမယ့် စိတ်ညစ်နေတုန်း အဲလိုလေးတွေ တွေးမိတော့ စိတ်ထဲမှာ တော်တော်နေသာသွားတယ်လေ.. ယှဉ်ပြိုင်မှုတွေ ဘ၀အတွက်လှုပ်ရှား ရုန်းကန်ရတာတွေများတဲ့ ခေတ်ကြီးထဲမှာ စိတ်ဖိစီးစရာတွေ စိတ်ညစ်စရာတွေများမှာမို့ သူငယ်ချင်းတို့အတွက်လည်း အသုံးဝင်နိုင်လို့ မျှဝေပေးလိုက်ပါတယ်.. သူငယ်ချင်းတို့အားလုံး ကြုံနေရတဲ့ ကြုံလာရမယ့် ပြဿနာအခက်အခဲတွေ အားလုံးကို ဖြေရှင်းအောင်မြင်ပြီး ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ကြပါစေရှင်.. :pray



https://www.youtube.com/watch?v=85ZqxJR1KPo

https://www.youtube.com/watch?v=MFYbQCG3qbM   ( 3D )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................