~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

(CV - Resumes) ကိုယ့်အကြောင်း ဆွဲဆောင်မှုရှိအောင် သုံးနှုန်းရေးသားခြင်း..



ကိုယ့်အကြောင်း ဆွဲဆောင်မှုရှိအောင် သုံးနှုန်းရေးသားခြင်း
(Sell your language by Tom Hayton)

ကျွန်တော်ဖတ်ရတဲ့ ကိုယ်ရေးအချက်အလက် (CV - Resumes) တွေကဆွဲဆောင်မှုမရှိဘူး။ ကိုယ်ရေးအချက်အလက်ရေးသားသူက စကားအသုံးအနှုန်းနဲ့ တင်ပြပုံ အဓိကအမှားအယွင်းတစ်မျိုးမျိုး ဒါမှမဟုတ် အမှားအယွင်းအများကို ပြုလုပ်မိလို့ဖြစ်ပါတယ်။ အဲဒီအဓိကအမှားအယွင်းတွေက ဘာတွေလဲဆိုတော့ -


- လစ်လပ်တဲ့အလုပ်နဲ့ ကိုယ်ရေးအချက်အလက်တွေ ကိုက်ညီအောင်ပြန်မရေးခြင်း
- ၀ါကျတွေ ရှည်လျားလွန်းခြင်း
- သဒ္ဒါအမှား စာလုံးပေါင်းအမှားတွေ ပါဝင်နေခြင်း- စကားအသုံးအနှုန်း မသင့်လျော်ခြင်း (ပြောစကားဆန်လွန်းခြင်း၊ စာစကားဆန်လွန်းခြင်း)
ပထမဆုံး သတိပြုရမယ့်အချက်ကတော့ အလုပ်ခန့်မယ့်သူက ပြဿနာတစ်ခုကို ကူညီဖြေရှင်းပေးနိုင်မယ့်သူကို ခန့်အပ်လိုတယ်ဆိုတာကို အမြဲသတိမူဖို့ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်မှာရှိတဲ့ ဖြေရှင်းရမယ့်ပြဿနာကို သင်ကဖြေရှင်းပေးနိုင်တယ်၊ ဖြေရှင်းပေးဖို့ကျွမ်းကျင်မှုတွေ သင့်မှာရှိတယ်ဆိုတာ ယုံကြည်လက်ခံလာအောင် ဖော်ပြပေးဖို့ဖြစ်ပါတယ်။

အံဝင်ခွင်ကျ ကိုက်ညီမှုရှိစေခြင်း
ကိုယ်ရေးအချက်အလက် တစ်ကြိမ်ရေးထားပြီး ဘာအလုပ်လျှောက်လျှောက် ဒါချည်းပဲပို့နေတာမျိုး မလုပ်ပါနဲ့။ အလုပ်ခန့်မယ့်သူက ဘယ်လိုလူမျိုးကိုလိုချင်သလဲဆိုတာ စဉ်းစားပါ။ သင်ဟာ အဲဒီလူမျိုးဖြစ်တဲ့အကြောင်း ဘယ်လိုတင်ပြမလဲစဉ်းစားပါ။ အင်တာနက်ကွန်ရက်အုပ်ချုပ်သူအလုပ်ကို သွားလျှောက်မယ်ဆိုပါတော့။ ကြော်ငြာထဲမှာ အလုပ်ချိန်ကို လိုအပ်သလို ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်ရမယ်လို့ပါတယ်။ သင်ဟာတကယ်ပဲ အလုပ်ချိန်ကို လိုအပ်သလို ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်ကြောင်း၊ ဒါမှမဟုတ် အဲဒီလိုအလုပ်မျိုးလုပ်ခဲ့ဖူးကြောင်း အလုပ်ခန့်မယ့်သူက သက်သေအထောက်အထား တွေ့မြင်လိုမှာဖြစ်ပါတယ်။ ဘာတွေထည့်ရေးမလဲဆိုတာစဉ်းစားပြီး အစီအစဉ်တကျဖြစ်အောင် စီစဉ်ရမယ်။ ကိုယ်ရေးအချက်အလက် ရေးသားတဲ့ပုံစံတွေ အများအပြားရှိပါတယ်။ ဘယ်ပုံစံအတိုင်းဖြစ်စေရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ ဆောင်းပါးရေးသားသူအနေနဲ့ကတော့ အောက်ဖော်ပြပါ ပုံစံအတိုင်းရေးရင် ရိုးရှင်းလွယ်ကူတာကိုတွေ့ရပါတယ်။

- ကိုယ်ရေးအချက်အလက်များနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်များ (ခပ်တိုတိုရေးသားပါ။)
- ကိုယ့်အကြောင်းကိုယ် ဖော်ပြချက်နှင့် အလုပ်အကိုင်ရည်မှန်းချက် (ကိုယ့်အကြောင်းရိုးရှင်းစွာ ၀ါကျအနည်းငယ်ရေးသားဖော်ပြပေးပါ။)
- ပညာအရည်အချင်း (လက်တွေ့ကျွမ်းကျင်မှုများကို အဓိကရေးသားပါ။)
- အလုပ်အကိုင်အတွေ့အကြုံကို နောက်ဆုံးမှရှေ့ဆုံးသို့ အစီအစဉ်ဖြင့် ဖော်ပြပေးပါ။ အင်္ဂလိပ်အက္ခရာ STAR နဲ့အတိုကောက် ဖော်ပြလေ့ရှိတဲ့ (Situation အခြေအနေ၊ Target လျာထားချက်၊ Action လုပ်ဆောင်မှု၊ Result ရလဒ်) ပုံစံကို အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာကတော့ ဘာကိုဘယ်လိုလုပ်လိုက်လို့ ဘာတွေထူးခြားမှုရှိတယ်ဆိုတာ ရေးသားဖော်ပြပေးဖို့ဖြစ်ပါတယ်။)
- စိတ်ပါဝင်စားမှုများ (ခပ်တိုတိုရေးပါ။ လှုပ်ရှားရတဲ့ အလုပ်တွေကို အတိအကျဖော်ပြပေးပါ။ "reading" စာဖတ်ခြင်း၊ "watching TV" ရုပ်မြင်သံကြားကြည့်ခြင်းလိုမျိုး အလုပ်တွေဆိုရင်တော့ လှုပ်ရှားမှုနည်းသူလို့ အထင်ရောက်စေနိုင်ပါတယ်။ အဲဒါမျိုးတွေ မထည့်ပါနဲ့။ ကိုယ်ရေးအချက်အလက်ရေးသားရာမှာ ဆွဲဆောင်ရေးသားတတ်ဖို့လည်း လိုပါတယ်။ "I'm a very flexible person." (ကျွန်တော်၊ ကျွန်မသည် အလွန်ပြောင်းလွယ်ပြင်လွယ် ရှိပါသည်။) လို့ရေးရုံနဲ့မရသေးဘူး။ ယုံကြည်လောက်အောင် အချက်အလက်တွေ ဖော်ပြပေးရမယ်။ ဆက်စပ်အခြေအနေလည်း ဖော်ပြဖို့လိုသေးတယ်။ အလုပ်ခန့်မယ့်သူစိတ်ပါဝင်စားမယ့် အခြေအနေမျိုးနဲ့ ဥပမာပေးဖို့လိုအပ်တယ်။ ဥပမာ -

"I have demonstrated flexibility in my last three roles, where I worked late nights and at weekends when the server went down."
ကျွန်တော်၊ ကျွန်မသည် နောက်ဆုံးထမ်းဆောင်ခဲ့သော အလုပ်တာဝန် ၃ ခုတွင် ပြောင်းလွယ်ပြင်လွယ်ရှိကြောင်း ဖော်ထုတ်ပြသနိုင်ခဲ့ပါသည်။ ဆာဗာပျက်သည့်အခါများတွင် ညဥ့်နက်ပိုင်း အလုပ်ချိန်များနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ခဲ့ပါသည်။

နည်းနည်းပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ရှည်လွန်းနေသေးတယ်။ ဘယ်လိုတိုအောင်လုပ်နိုင်မလဲ လေ့လာရမယ်။

မလိုသောစကားများကို ထုတ်ပယ်ပါ။
အထက်ပါဥပမာမှာ လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရေးသားပုံကိုဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ CV ထဲမှာထည့်ဖို့ကျတော့ စကားလုံးများလွန်းနေတယ်။ အဓိကအရေးပါတဲ့ အားသာချက်တွေကို အထင်အရှားဖော်ပြရတဲ့ အပေါ်စာ Covering Letter အနေနဲ့ရေးရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ CV မှာတော့ အကျဉ်းချုပ်လောက်ပဲရေးရမယ်။

အဓိကဝေါဟာရတွေကို အာရုံစိုက်ပါ။
ဥပမာ- Flexibility: working late nights and weekends recovering servers in last three jobs.
ပြောင်းလွယ်ပြင်လွယ်ရှိခြင်း - နောက်ဆုံးလုပ်ခဲ့သော အလုပ် ၃ ခုတွင် ဆာဗာများပြင်ရင်း ညဥ့်နက်ချိန်နှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်ဆင်းခဲ့သည်။ ဒီဥပမာမှာပါတဲ့ စကားလုံးတွေအားလုံး တက်ကြွလှုပ်ရှားမှုကို ဖော်ပြနေပါတယ်။ အလုပ်ခန့်သူသတိပြုမိအောင် အဓိကထားရေးထားတယ်။ သဒ္ဒါပိုင်းကို ပြောရမယ်ဆိုရင် Verb တွေကို gerund လို့ခေါ်တဲ့ (-ing) ပုံစံပြောင်းပြီး Past Tense နဲ့ present perfect ကိုရှောင်ရမယ်။ present perfect ကို "working" လို့ပြောင်းရေးပါ။ ဒါဆိုဝါကျဟာ သဒ္ဒါပိုင်းအရ ပိုပြီးလွယ်ကူရိုးရှင်းသွားမယ်။ အဓိပ္ပာယ်ကိုလည်း ချက်ချင်းနားလည်နိုင်မယ်။ ကြော်ငြာတွေမှာလိုပေါ့။ တကယ်တော့ ကိုယ်ရေးအချက်အလက်ဟာလည်း ကြော်ငြာတစ်မျိုးပဲ။ ယေဘုယျအားဖြင့် ကိုယ်ရေးအချက်အလက်ကို ၂ မျက်နှာထက်မပိုစေနဲ့။ အလုပ်ခန့်မယ့်သူက နောက်ထပ်သိချင်တာသာ ဖြစ်စေရမယ်။ သန်းဝေချင်စရာ မဖြစ်စေနဲ့။

ပြန်စစ်ပါ။
သဒ္ဒါ၊ စာလုံးပေါင်း၊ ဝေါဟာရ အသုံးအနှုန်းအမှားတွေကြောင့် စေ့စပ်သေချာမှုမရှိသူ၊ ပညာရှင်မပီသသူလို့ အထင်ခံရတတ်တယ်။ အင်္ဂလိပ်စာသိပ်မကောင်းသည့်တိုင် အင်္ဂလိပ်စကားမကောင်းကြောင်း ထုတ်ဖော်ကြေညာဖို့ မလိုဘူးလေ။ ကွန်ပျူတာနဲ့စာစီစာရိုက်တုန်း သတိပေးချက်ကလေးတွေပေါ်လာရင် သတိပြုပြီးပြင်ပါ။ မသေချာရင် အင်္ဂလိပ်စာကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်ကို စစ်ခိုင်းပါ။ မှားတတ်တဲ့အမှားတွေက "be" (ရှိသည်၊ ဖြစ်သည်) ဆိုတဲ့ verb ကို မှားသုံးမိတာတွေ ဖြစ်နေတတ်တယ်။ ကြီးကြပ်သူဖြစ်ပါတယ်ဆိုရင် "I supervisor" လို့မရေးမိစေနဲ့။ "I am a supervisor" ဒါမှမဟုတ် မည်သူမည်ဝါကိုကြီးကြပ်သည် "I supervise X" လို့ရေးပါ။ စာသံပေသံ/ရှေးအသုံးအနှုန်းကို ရှောင်ရှားပါ။ ဥပမာ- လက်အောက်ဝန်ထမ်းများကို ကြီးကြပ်သည်လို့ ရေးချင်ရင် "supervise staff" လို့ရေးပါ။ "supervise subordinates" လို့မရေးပါနဲ့။ "subordinates" လက်အောက်ငယ်သားဆိုတဲ့စကားလုံးက ကျွန်လိုလို၊ ဘာလိုလိုဖြစ်နေတယ်။ ငယ်သားကို ကျွန်လိုသဘောထားတယ်လို့ အချို့လူတွေက ထင်သွားတတ်တယ်။ အပေါ်စာမှာ အလုပ်ခန့်မယ့်သူဖတ်ရတဲ့အခါမှာ တွန့်သွားလောက်တဲ့ စာသံနှောပြီး တောင်းပန်ခယတာမျိုး မရေးပါနဲ့။ ဥပမာ- "Awaiting the favour of your early response" (လူကြီးမင်းထံမှ ထောက်ထားမှုဖြင့် စောစီးစွာတုံ့ပြန်လာမည်ကို စောင့်မျှော်လျက်) လို့ရေးရင် မသင့်လျော်ဘူး။ "I look forward to hearing from you soon." (မကြာမီ အကြောင်းပြန်ကြားလာမည်ဟု မျှော်လင့်ချက်ရှိပါသည်) ဆိုရင် လုံလောက်ပါတယ်။

နောက်ဆုံးအနေနဲ့ အင်္ဂလိပ်လို လတွေကို မှန်အောင်စာလုံးပေါင်းပါ။
ဖတ်ရတဲ့သူစိတ်ထဲမှာ အပြုသဘောအတွေးတွေ တွေးမိစေတဲ့ဝေါဟာရတွေကို အသုံးပြုပါ။ ဥပမာ Achieve ပြီးစီးအောင်မြင်၊ Success အောင်မြင်၊ Win အောင်နိုင်၊ Challenge စိန်ခေါ်မှု၊ Profit အမြတ်အစွန်း၊ Teamwork အစုအဖွဲ့ဖြင့် လုပ်ဆောင်ခြင်းလိုမျိုး စကားလုံးတွေကိုသုံးပါ။ Lose ရှုံး၊ Fail မအောင်မြင်၊ Not မဖြစ်/ မဟုတ်၊ Slow နှေးကွေး၊ Complain ငြီးတွား/တိုင်ကြား၊ Bankruptcy ဒေ၀ါလီခံခြင်း/လူမွဲစာရင်းသွင်း ခံရခြင်းလိုမျိုးစကားလုံးတွေကိုတော့ ရှောင်ရှားပါ။ ကိုယ်ရေးအချက်အလက်ရေးတာဟာ လူအများနဲ့ ဆက်ဆံရေးလုပ်တာပဲဖြစ်တယ်။ ဒါကြောင့် အချိန်ပေးပြီး ဂရုတစိုက်အာရုံထားပြီးရေးသားပါ။ ဒါမှ ကိုယ်လိုချင်တဲ့အလုပ်ကို ထိုက်ထိုက်တန်တန်ရနိုင်မှာဖြစ်တယ်။

(British Council rS Tom Hayton \ Sell your Language အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။)


အင်တာနက်ဂျာနယ်
2012

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................