~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 31 July 2012

နိုင်ငံခြားရုပ်ရှင် ကြည့်သူတိုင်း သိထားသင့်တဲ့ အဆင့်သတ်မှတ်ချက်များ.....

~ ရုပ်ရှင်ကြည်ရှုမှု သတ်မှတ်ချက်စည်းကမ်းတွေကို ဘယ်သူတွေက ဘယ်တုန်းက စသတ်မှတ်ခဲ့တာလဲ ~

နိုင်ငံခြားရုပ်ရှင်ကြည့်သူတိုင်း သိထားသင့်တဲ့ အဆင့်သတ်မှတ်ချက်များ.....

ဒီစည်းကမ်းသတ်မှတ်ချက်တွေကို ၁၉၆၈ခု အမေရိကားပြည်ထောင်စုမှာ The Motion Picture Associ...ation Of America (MPAA) ဆိုတဲ့အဖွဲ့အစည်းကနေ
စတင်ပြဌာန်းခဲ့ပါတယ်။ ယခင်က အသုံးပြခဲ့တဲ့ Hays Production Code နေရာမှာ အစားထိုးပြီး ပြဌာန်းခဲ့တာဖြစ်ပါတယ်။ Hays Production Code ဆိုတာ
က William Harrison Hays ဆိုသူရဲ့ နာမည်ကိုအစွဲပြုခေါ်ဆိုခဲ့တာဖြစ်ပြီး ၁၉၃၀ ကနေ ၁၉၆၈ အထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။ Hays Code ဆိုပြီး အလွယ်
ခေါ်ဆို လူသိများခဲ့ပါတယ်။ ယခု လက်ရှိအသုံးပြုနေတဲ့ MPAA ကချမှတ်အသုံးပြုနေတဲ့ ရုပ်ရှင် Rating Code ကတော့ အဓိက ငါးခုပဲရှိပါတယ်။
G , PG , PG-13 , R နဲ့ NC-17 တို့ဖြစ်ပါတယ်။ တချို့ လူသိနည်းတဲ့ရုပ်ရှင်နဲ့ နာမည်မကြီးတဲ့ရုပ်ရှင်တွေမှာ တွေ့ရတဲ့ NR ဆိုတဲ့ ဟာကတော့ No Rating လို့ အဓိပ္ပယ်
ရပြီး MPAA ကပြဌာန်းတဲ့ Rating Code ထဲမှာမပါပါဘူး။ အလွယ်ခေါ်ဆိုခြင်းသာဖြစ်ပါတယ်။ အခု အပေါ်မှာပြထားတဲ့ပုံထဲမှာ ဘယ်ဘက်က အခုလက်ရှိသုံးနေတဲ့
MPAA က Rating Code တွေဖြစ်ပြီး ညာဘက်ကတော့ Hays Code ပြဌာန်းခဲ့တဲ့ စာအုပ်အဖုံးပုံဖြစ်ပါတယ်။ Hays Code အကြောင်းစိတ်ဝင်စားပြီး တစေ့တစောင်း
သိချင်တဲ့သူတွေအတွက် အောက်မှာ Mediafire နဲ့ စာအုပ်အကျဉ်းချုပ် ၂အုပ်တင်ပေးထားပါတယ်။ MPAA ယခုလုပ်ဆောင်ချက်တွေနဲ့ Code တွေအကြောင်း
အသေးစိတ်သိချင်ရင်တော့ သူ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mpaa.org မှာ ဝင်ကြည့်လို့ရပါတယ်။

~ (G) ဆိုတာ အဓိပ္ပယ်ကတော့ General Audiences ဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုလွတ်လပ်စွာကြည့်ရှုခွင့်ပြုတယ်လို့ဆိုလိုပါတယ်။

~ (PG) ဆိုတာကတော့ Parental Guidance Suggested လို့အဓိပ္ပယ်ရပြီး ကလေးတွေချည်းပဲမကြည့်စေပဲ မိဘတွေနဲ့အတူကြည့်ဖို့အကြံပြုထားတာဖြစ်ပါတယ်။

~ (PG-13) ကတော့ Parents Strongly Cautioned လို့ဆိုလိုပြီး အသက်၁၃အောက်ကလေးများ မကြည့်ရှုသင့်ပါ အကယ်၍ ကြည့်မယ်ဆိုရင်လည်း
မိဘနဲ့အတူကြည့်ဖို့ အကြံပြုထားတာဖြစ်ပါတယ်။

~ (R) ရဲ့အဓိပ္ပယ်ကတော့ Restricted ဖြစ်ပြီး အသက်၁၇အောက်ရှိ မည်သူမဆိုကြည့်မယ်ဆိုပါက တစ်ယောက်တည်းမဟုတ်ပဲ မိဘ (သို့) အုပ်ထိန်းသူပါမှ
ကြည့်ရှုပါလို့ ပြောထားတာဖြစ်ပါတယ်။

~ (NC-17) ကတော့ No One 17 And Under Adimitted လို့အဓိပ္ပယ်ရပြီး အသက် ၁၇နှစ်နဲ့အောက်ရှိ မည်သူ့ကိုမှ ကြည့်ရှုခွင့်မရှိဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

- Motion Picture Production Code(Hays Code)
http://www.mediafire.com/?zyzg8qbbyc8qdbb
 
 
 
 
Credit Movie Crazies

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................