နှလုံးရောဂါ
နယူးယောက်မြို့အရှေ့ပိုင်းရှိ လူအိုရုံတခုတွင် နေထိုင်နေ သော အသက် ၈၀အရွယ်
ဒေါ်မာဂရက် တွင် ၀ါသနာ တခုရှိသည်။
ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။
သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။
တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး
ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိ
သေးပေ။
သူ့ကို အသိပေးရမည် ဖြစ်သည်။
အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာ ကင်းက အကြံပေးသည်။
“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ
နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”
“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။
တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက
သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”
သို့နှင့် ဒေါက်တာကင်းသည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့်
သတင်းသွားပေးပါတော့သည်။
“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”
“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော်
ပြီဟာ။”
“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”
“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။
ထီပေါက်ရင် လူအိုရုံကို လှုမယ်။ မိဘမဲ့ကလေးတွေအတွက် ကျောင်းတွေဖွင့်မယ်။
ဒီလောက်ပါပဲ။”
“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့
အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ
ဆက်လုပ်အုံးမလဲ။”
ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။
“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး
ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့
ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး
ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့-- --”
“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”
“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”
ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။
စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။
ဒေါက်တာကင်းတွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့
ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။
ဖိလစ်ပိုင်နိုင်ငံ ပင်လယ် ကမ်းခြေတခုတွင် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်
သွားပြီးနောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး မြို့ရွာများ ရေလွှမ်းမိုး ကုန်သည်။
လူ အများအပြား သည် ရေလွတ်ရာ ကုန်းမြင့်ဒေသ များသို့ရွှေ့ပြောင်း သွားကြသည်။
သို့သော် မစ္စတာ အန်ထော်နီက သူနေအိမ်ကို စွန့်ခွာ မသွားပေ။
တဖြည်းဖြည်းနှင့် ရေများ တက်လာနေကာသူ့အိမ်ကို
ဖုံးလွှမ်းလာသည်။
အန်ထော်နီက ရေလွတ်ရာသို့မရွှေ့ပြောင်း ၊ အိမ်ခေါင်မိုးပေါ်သို့ တက်နေ၏ ။
ထပ်တိုး လာသော ရေများက သူခြေသလုံးထိ လွှမ်းလာစဉ် ကယ်ဆယ်ရေး လှေတစင်း ရောက်လာပြီး
သူ့ကိုခေါ်သည်၊ သူကမလိုက်။
“ငါ့မှာ ဘုရားသခင် ရှိတယ်၊ မင်းတို့နဲ့ငါမလိုက်ဘူး၊ ဘုရားသခင်က င့ါကို
ကယ်လိမ့်မယ်၊ ”
ခေါ်မရသည့်အဆုံး ကယ်ဆယ်ရေးလှေ ထွက်ခွာသွားသည်၊
ရေက ထပ်တက် လာပြန်သည်၊ ခါးလည် အထိ ရောက်လာ၏။
ထိုစဉ် မော်တော်ဘုတ် တစင်း ရောက်လာကာ ခေါ်ပြန်၏၊ ဘုရားသခင်က ငါကို ကယ်လိမ့်
မယ်ဟု ထပ်ဆိုကာ သူက မလိုက်။
နောက်ဆုံး ရေက သူ့လည်ပင်းထိ ရောက်လာသည်၊ ထိုစဉ် ရဟတ်ယာဉ် တစင်း ရောက်လာက
ကြိုးကွင်းတခု ချပေး၏။
“ကြိုးကို ဆွဲပြီး လိုက်ခဲတော့၊ မဟုတ်ရင် ခင်ဗျား ရေနစ်သေတော့မယ်၊ ” ဟု ရဟတ်
ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမား များက အော်ပြောသည်။
အန်ထော်နီက ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ်ဟု ထပ်ဆိုကာ မလိုက်ဟု ငြင်းလိုက်သည်၊
ဒီလိုနဲ့ မစ္စတာ အန်ထော်နီသည် ကောင်းကင်ဘုံတံခါးဝသို့ ရောက်သွားပြီး
စိန့်ပီတာကို တွေ့သောအခါ သူက ဒေါသတကြီးနှင့် စောဒက တက်သည်။
“တပည့်တော်ဟာ ဘုရားသခင်ကို ယုံကြည်သူဖြစ်တယ်၊ တပည့်တော်ကို ဘာကြောင့် ဘုရား
သခင်က မကယ်တာလဲ”လို့ သူက မေးသည်၊
ထိုအခါ စိန့်ပီတာက
“ငါတို့မင်းဆီကို လှေတစင်း။ မော်တော်ဘုတ်တစင်းနဲ့ ရဟတ်ယာဉ်တစင်း လွတ်ပေးခဲ့တယ်၊
အဲဒါအပြင် မင်းက ဘုရားသခင်ဆီက ဘာတွေ ထပ်မျှော်လင့်ထားသေးလဲ ။”....
စိန့်ပီတာက။ ။ giZz~ :O :mad

ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့--
“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”
“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”
ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။
စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။
ဒေါက်တာကင်းတွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့
ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။
နေ နဲ့ လ
ဝန်ထမ်းနှစ်ဦး -- နေ နဲ့ လ
ဘယ်ဟာက ပို အသုံးတည့်ကြောင်း
ပြောနေကြသည်။
ဘယ်ဟာက ပို အသုံးတည့်ကြောင်း
ပြောနေကြသည်။
တဦးက စပြောသည်။
“ငါကတော့ နေ ကိုပိုကြိုက်တယ်၊
ကြည့်လေ၊
နေဆိုတာ နေ့ပိုင်းမှာပေါ်တယ်၊
နေ့ပိုင်းမှာ
နေရောင်ရှိ
လို့
အားလုံးကို မြင်ရတယ်။
အဲ - လ ကျတော့ မှောင်တဲ့အချိန်ညပိုင်း ကျမှ ပေါ်လာပြီး
နေက ရတဲ့ အလင်းရောင်နဲ့ပဲ
လင်းရတယ်။
”

နောက်ဝန်ထမ်း တစ်ဦးကတော့ လ ကိုပိုကြိုက်ကြောင်း
အားတက်သရော ပြောလိုက်တာ ကတော့
………….
အားတက်သရော ပြောလိုက်တာ ကတော့
………….
“ငါကတော့ လ ကိုပိုကြိုက်တယ်။
မင်းပဲ စဉ်းစားကြည့်၊
လတိုင်း လတိုင်း ငါ လခရတယ်။
ဒီကိစ္စမှာ
နေဟာ ဘာမှမပတ်သက်ဘူး။”
မင်းပဲ စဉ်းစားကြည့်၊
လတိုင်း လတိုင်း ငါ လခရတယ်။
ဒီကိစ္စမှာ
နေဟာ ဘာမှမပတ်သက်ဘူး။”
ယုံကြည်သူ
ဖိလစ်ပိုင်နိုင်ငံ ပင်လယ် ကမ်းခြေတခုတွင် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်
သွားပြီးနောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး မြို့ရွာများ ရေလွှမ်းမိုး ကုန်သည်။
လူ အများအပြား သည် ရေလွတ်ရာ ကုန်းမြင့်ဒေသ များသို့ရွှေ့ပြောင်း သွားကြသည်။
သို့သော် မစ္စတာ အန်ထော်နီက သူနေအိမ်ကို စွန့်ခွာ မသွားပေ။
တဖြည်းဖြည်းနှင့် ရေများ တက်လာနေကာသူ့အိမ်ကို
ဖုံးလွှမ်းလာသည်။
အန်ထော်နီက ရေလွတ်ရာသို့မရွှေ့ပြောင်း ၊ အိမ်ခေါင်မိုးပေါ်သို့ တက်နေ၏ ။
ထပ်တိုး လာသော ရေများက သူခြေသလုံးထိ လွှမ်းလာစဉ် ကယ်ဆယ်ရေး လှေတစင်း ရောက်လာပြီး
သူ့ကိုခေါ်သည်၊ သူကမလိုက်။
“ငါ့မှာ ဘုရားသခင် ရှိတယ်၊ မင်းတို့နဲ့ငါမလိုက်ဘူး၊ ဘုရားသခင်က င့ါကို
ကယ်လိမ့်မယ်၊ ”
ခေါ်မရသည့်အဆုံး ကယ်ဆယ်ရေးလှေ ထွက်ခွာသွားသည်၊
ရေက ထပ်တက် လာပြန်သည်၊ ခါးလည် အထိ ရောက်လာ၏။
ထိုစဉ် မော်တော်ဘုတ် တစင်း ရောက်လာကာ ခေါ်ပြန်၏၊ ဘုရားသခင်က ငါကို ကယ်လိမ့်
မယ်ဟု ထပ်ဆိုကာ သူက မလိုက်။
နောက်ဆုံး ရေက သူ့လည်ပင်းထိ ရောက်လာသည်၊ ထိုစဉ် ရဟတ်ယာဉ် တစင်း ရောက်လာက
ကြိုးကွင်းတခု ချပေး၏။
“ကြိုးကို ဆွဲပြီး လိုက်ခဲတော့၊ မဟုတ်ရင် ခင်ဗျား ရေနစ်သေတော့မယ်၊ ” ဟု ရဟတ်
ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမား များက အော်ပြောသည်။
အန်ထော်နီက ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ်ဟု ထပ်ဆိုကာ မလိုက်ဟု ငြင်းလိုက်သည်၊
ဒီလိုနဲ့ မစ္စတာ အန်ထော်နီသည် ကောင်းကင်ဘုံတံခါးဝသို့ ရောက်သွားပြီး
စိန့်ပီတာကို တွေ့သောအခါ သူက ဒေါသတကြီးနှင့် စောဒက တက်သည်။
“တပည့်တော်ဟာ ဘုရားသခင်ကို ယုံကြည်သူဖြစ်တယ်၊ တပည့်တော်ကို ဘာကြောင့် ဘုရား
သခင်က မကယ်တာလဲ”လို့ သူက မေးသည်၊
ထိုအခါ စိန့်ပီတာက
“ငါတို့မင်းဆီကို လှေတစင်း။ မော်တော်ဘုတ်တစင်းနဲ့ ရဟတ်ယာဉ်တစင်း လွတ်ပေးခဲ့တယ်၊
အဲဒါအပြင် မင်းက ဘုရားသခင်ဆီက ဘာတွေ ထပ်မျှော်လင့်ထားသေးလဲ ။”....
စိန့်ပီတာက။ ။ giZz~ :O :mad
0 comments:
Post a Comment