~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 29 July 2012

သွားမှဖြစ်မယ်..... ဧည့်သည်... ( ဟာသ )

သွားမှဖြစ်မယ်

ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
ဖုန်းလှမ်းဆက်သည်။

"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"



ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း
ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း
ဇနီးဖြစ်သူကမေးသည်။

"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"



ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။

"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"


 
==============================================

 

ကြောက်သွားပြီ



သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။

"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။

"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ
အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့
ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက်
ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"


 

 ========================================

နေလိုလူ


အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။
 "ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"
မိန်းကလေးကဖြေသည်။ "ငါ့ယောက်ျားက နေလို ယောက်ျားဟ"
 သူငယ်ချင်းများက ၀ိုင်းပြောသည်။ "တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"
မိန်းကလေးက ရှင်းပြသည်။ "ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"
 
 
==================================================
 

ဧည့်သည်
 

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။
ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။ အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။
ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
 "မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................