~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 19 July 2012

ကိုယ်လိုချင်တဲ့ဘဝမျိုးမှာ ရှင်သန်ချင်ရင်.. အရာတချို့ကို လက်လွတ်ရဲရတယ်

ကိုယ်လိုချင်တဲ့ဘဝမျိုးမှာ ရှင်သန်ချင်ရင်
အရာတချို့ကို လက်လွတ်ရဲရတယ်။

တကယ်လို့ လွတ်လပ်မှုကိုလိုချင်ရင်
လုံခြုံဘေးကင်းမှုကို စွန့်လွှတ်ရတယ်

တကယ်လို့ အားလပ်ပျင်းရိတာကိုလိုချင်ရင်
အောင်မြင်ပြီးမြောက်မှုကို စွန့်လွှတ်ရတယ်

တကယ်လို့ ပျော်ရွှင်ခြင်းကိုလိုချင်ရင
ဘေးကလူတွေပြုမူတဲ့ သဘောထားကို ဇာချဲ့အငြိုးဖွဲ့စရာမလိုဘူး

တကယ်လို့ ရှေ့ကိုဆက်လှမ်းချင်ရင်
အခုရပ်တန့်နေတဲ့နေရာကနေ သင် ခွာရပါမယ်။

 




===========================================




တော်ထက်တဲ့လူက ဘယ်အရာကိုမဆို အကောင်းဘက်ကတွေးတောတယ်
ပျော်ရွှင်တဲ့စိတ်ထားနဲ့ ပျော်ရွှင်တဲ့အရာကိုတွေးတောတယ်
သူ့ဘဝက အလိုလိုနေရင်း ပျော်ရွှင်နေတော့တယ်။

တုံးအတဲ့လူက ဘယ်အရာကိုမဆို အဆိုးဘက်ကနေ တွေးတောတယ်
... တွေးလေ စိတ်ညစ်လေ
နောက်ဆုံးတော့ သူ့ဘဝက စိတ်ရှုပ်စရာတွေနဲ့ ပတ်လည်ဝိုင်းနေတော့တယ်။

လောကမှာ အရာအားလုံးက ကိုယ့်အတွေးထဲမှာပဲ
နတ်ပြည်ကို တွေးမလား! ငရဲပြည်ကို တွေးမလား!
ကိုယ့်တွေးတောမှုပေါ်မှာပဲ မူတည်ပါတယ်။






======================================

တခြားလူလောက် ကိုယ်ဘာမှမကောင်းဘူးလို့ သင်ခံစားရတဲ့အခါ
မသိမ်ငယ်ပါနဲ့... သင်ဟာ သာမန်လူတစ်ယောက် ဆိုတာကိုပဲသတိရလိုက်ပါ။

တခြားလူတွေ ပြုံးပျော်ရယ်မောနေတာကိုတွေ့တဲ့အခါ
ဒီလောကမှာ ကိုယ်တစ်ယောက်ပဲ နာကျင်ဝမ်းနည်းနေတယ်လို့ မထင်ပါနဲ့
... တကယ်တော့ တခြားလူတွေက သင့်ထက်ဟန်ဆောင်ကောင်းလို့ပါ။

အကူအညီမဲ့တဲ့အခါ သင် ငိုနိုင်ပါတယ်
ဒါပေမယ့် ငိုပြီးရင်တော့ လန်းဆန်းတက်ကြွရမယ်
အရာအားလုံးကို ရှုံးသွားသည့်တိုင် ပြုံးရယ်တာကိုတော့ မရှုံးစေနဲ့....
.
 
 
   Credit all of   နိုင်းနိုင်းစနေ
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................