~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 5 July 2012

မျက်စိရေတိမ် အကြောင်း

မျက်စိ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အဖြစ်များတာက အတွင်းတိမ်၊ ရေတိမ်နဲ့ မျက်ကြည်နာတွေ ဖြစ်တယ်။ ဆရာမျက်စိ ဆရာဝန် ဖြစ်ပြီး မျက်စိလောကကို ရောက်ခါစ ၁၉၉၂ ခုနှစ် လောက်တုန်းက အတွင်းတိမ် ဖြစ်တဲ့ အသက်အရွယ်က အသက် ၆ဝ-၇ဝ ခန့်တွေ ဖြစ်တယ်။ အခု နောက်ပိုင်း တွေ့လာရတာက အသက် ၃ဝကျော် ၄ဝလောက်တွေ အတွင်းတိမ် ဖြစ်တာကို တွေ့နေရပါတယ်။ဒီလို အတွင်းတိမ် ဖြစ်တဲ့ အသက်အရွယ် စောလာတဲ့ အကြောင်းရင်းက နှစ်ရပ် ရှိတယ်။

နံပါတ်တစ် အချက်က လူတွေရဲ့ ကျန်းမာရေး အသိက ပိုရှိလာလို့ လူနာတွေက အတွင်းတိမ် စစ်ဆေးမှုတွေ ခံယူလာတာကြောင့် နဲ့ နောက်တစ်ချက်က ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှု (UV Light Exposure) များတာကြောင့် ဖြစ်ပါတယ်။ အခုခေတ် လူတွေမှာ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှု များများ လာလို့လား လို့ စဉ်းစားစရာ ဖြစ်လာတယ်။ ဒါကြောင့် အတွင်းတိမ် ဖြစ်နှုန်း လျော့ကျအောင် ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှု အနည်းဆုံး ဖြစ်ဖို့ အတွက် အပြင်သွားတိုင်း နေကာ မျက်မှန်ကို တပ်သင့်တယ်။ 
ဒီလိုဆိုရင် မျက်စိနဲ့ ခရမ်းလွန် ရောင်ခြည် နဲ့တိုက်ရိုက် မထိတွေ့ဘဲ အတွင်းတိမ် ဖြစ်နှုန်း ကျဆင်း လာနိုင်ပါတယ်။

ရေတိမ် ကတော့ ဖြစ်ချင်တဲ့ သူတွေမှာ ဖြစ်နိုင်တာကြောင့် ကာကွယ်လို့ မရဘူးလို့ ဆိုရမလို ဖြစ်နေ ပါတယ်။ ဒါပေမဲ့ ရေတိမ် အမျိုးအစား တစ်ခု ဖြစ်တဲ့ ထောင့်ကျဉ်း ရေတိမ် ရောဂါကတော့ ပူပင်သောက (Worry)နဲ့ ဆက်စပ် နေတဲ့ အတွက် ပူပင်သောကကို လျှော့ချဖို့ လိုပါတယ်။

တချို့ ရေတိမ် အမျိုးအစားတွေက နီ၊ ကိုက်၊ မှုန်ဆိုတဲ့ လက္ခဏာတွေကို ပြတတ် တာကြောင့် အဲဒီ လက္ခဏာတွေ တွေ့ရင် မျက်စိ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှု ခံယူသင့် ပါတယ်။

တချို့ ရေတိမ် ရောဂါတွေက လက္ခဏာ မပြတတ် ပေမယ့် မြင်ကွင်း ကျဉ်းတာ၊ မျက်မှန်က တစ်ချိန်လုံး ပြောင်းနေတာတွေ ဖြစ်တတ် ပါတယ်။ မျက်ကြည်နာ ကတော့ မျက်ကြည်လွှာကို တစ်ခုခုနဲ့ ထိမိရှမိတာကြောင့် ဖြစ်တတ်တဲ့ အတွက် ဖြစ်ဖြစ်ချင်း ရေစင်အောင် ဆေးပြီး တက်ထရာ ဆိုက်ကလင်းလို ပဋိဇီဝ မျက်စဉ်းဆေး တစ်မျိုးမျိုးကို ခတ်ပေးသင့် ပါတယ်။

ကလေးတွေမှာ ဆိုရင် မျက်စိထဲ ထုံးဝင်တာက အဖြစ် များတာကြောင့် မိဘတွေ အနေနဲ့ ကလေးကို ထုံးထုပ်တွေနဲ့ ဆော့ကစား တာမျိုး ခွင့်မပြုသင့် ပါဘူး။ လုပ်ငန်းခွင်မှာ အလုပ် လုပ်ရတဲ့ အလုပ်သမားတွေ အနေနဲ့လည်း မျက်စိ ထိခိုက်ဒဏ်ရာ မရအောင် အကာအကွယ် မျက်မှန် (Protective Goggle) ကို တပ်ဆင် သင့်တယ်။ တကယ်လို့ တပ်ရတာ အဆင်မပြေရင် နေကာမျက်မှန် တစ်လက်ကို ဝယ်ပြီး တပ်ဆင်သင့် ပါတယ်။

မျက်စိရေတိမ်
ပါမောက္ခ ဦးတင်ဝင်း(မျက်စိ အထူးကု ဆရာဝန်ကြီး)


ပြည်မြန်မာဂျာနယ်မှကူးယူသည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................