~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 22 July 2012

ဟာသနော်..... ;) - ဒီလို ငါ့သမီး*** ဒီလို ငါ့သမီး*

ဟာသနော်..... ;)

.အများသုံး အိမ်သာတစ်ခုထဲဝင်ပြီးကာမှ ထိုင်ရုံရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက် သည်။
“ဟေ့လူ… နေကောင်းလား…”

ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့ လည်းပြန်နှုတ်ဆက်ရသည်ပဲပေါ့။
“ကောင်းပါတယ်…ကျေးဇူး”

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

“ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ.”

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
“ခင်ဗျားလိုပဲပေါ့ဗျာ.”

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော်လာခဲ့မယ်ဗျာ…ရမလား”

ဗုဒ္ဓေါ…….ဒီလူဘယ်လိုလူလဲ ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ ဘာပဲဖြစ်ဖြစ်ကိုယ်ကျင်လည် ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

“မလုပ်နဲ့လေဗျာ… ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

“နောက်မှပဲ ပြန်ဆက်တော့မယ်… ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှပြန်လိုက်ဖြေနေလို့….”

 =============================================
 
 
ဒီလို ငါ့သမီး*

ကလေး။  ။ ဖေဖေ၊ သမီးကို ဘယ်လိုမွေးလာတာလဲဟင်

ဖခင် ။      ။ အေး၊ သမီး။ သမီးတစ်နေ့နေ့မှာသည်လိုမေးမှာပဲလို့ ဖေဖေ တွက်ထားတာကွ၊

ဒီလိုကွာ။   ။မင်းအမေနဲ့ဖေဖေ chat room မှာ chatting လုပ်ရင်းသိခဲ့ကြတယ်။

နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊

ဒီလိုနဲ့နောက်ဆုံးမင်းအမေက ဖေဖေ့ကို download လုပ်နိုင်တယ်လို့ ခွင့်ပြုတယ်။

သူကလည်းဖေဖေ့ကို uploaded ပြန်လုပ်တယ်၊ အဲဒီတုန်းက connection
ကလည်းကောင်းနေတယ်လေ။

ဖေဖေတို့နှစ်ယောက်လုံး firewall ချမထားမိဘူး၊ ပြီးတော့ delete button
ကိုလည်းမနှိပ်မိဘူး၊

နောက် ကိုးလကြာတော့ မင်းကိုရလာတာပေါ့၊ အဲသည်အချိန်က virus
အကိုက်မခံလိုက်ရတာလည်းပါတာပေါ့လေ၊

current ကလည်းလုံးဝမှန်နေခဲ့တာ၊ မင်းကံကောင်းတယ် သမီး......။
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................