~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 16 July 2012

တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး....

တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး
ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က
မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။

အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက
အစွမ်းအစအရှိဆုံးလဲသိရအောင်ပြိုင်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့
အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆိုပြီးထောက်ခံကြတာပေါ့။

အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့
ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား
အမြောက်အများဟာလဲ ဘယ်ဖားတွေဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို ဖားပျံမကျ လာရောက်အားပေးကြတာပေါ့။

မကြာခင်မှာပဲ ပြိုင်ပွဲကြီးစတင်ပါတော့တယ်။ ပြိုင်ပွဲဝင်ဖားတွေက
ပြိုင်ပွဲစတင်တာနဲ့တပြိုင်နက် အားကြိုးမာန်တက် မျှော်စင်အိုကြီးပေါ်ကို
အပြိုင်အဆိုင် ခုန်တက်ကြပါတယ်။

အရိုးသားဆုံးပြောရရင် လာရောက်အားပေးတဲ့ ဖားပရိသတ်တွေအားလုံးဟာ လာပြီးသာ
အားပေးရတယ် ဒီလိုပြိုင်ပွဲမျိုးကို ဘယ်လိုဖားတွေမှ မယှဉ်ပြိုင်နိုင်တဲ့အပြင်
ဘယ်ပြိုင်ပွဲဝင်ဖားတစ်ကောင်ကောင်မှ မျှော်စင်ထိပ်အထိတက်နိုင်ပြီး
အနိုင်ရမယ်လို့ကို မထင်ကြပါဘူး။ အားလုံးသော ပရိသတ်များက “အိုး…
ဒါမဖြစ်နိုင်ပါဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊
ဒီလောက်မြင့်တဲ့မျှော်စင်ကြီးရဲ့ထိပ်ပေါ်ဘယ်သူမှတက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါ
အရမ်း အရမ်းးးးးးးကိုမြင့်တာ” လို့အောက်ကနေပြီး စိတ်လှုပ်ရှားစွာနဲ့
တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ဝေဖန်ပြောဆိုနေကြတာပေါ့။

မကြာခင်မှာပဲ အချို့သော ကျားကုတ်ကျားခဲနဲ့ ရည်မှန်းချက်ကြီးတဲ့ဖားတွေကလွဲလို့
ကျန်ပြိုင်ပွဲဝင်ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့
ခြေကုန်လက်ပမ်းကျပြီး အောက်ကိုတစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။

အဲဒီမှာပဲ ပရိသတ်တွေက တစ်ယောက်တစ်ပေါက်နဲ့ ပြိုင်ပွဲဝင်တွေကို လှမ်းပြီး
“ဒီပြိုင်ပွဲက အရမ်းခက်ခဲလွန်းတယ် ဘယ်သူမှနိုင်မှာမဟုတ်ဘူး မပြုတ်ကျခင်
အမြန်ပြန်ဆင်းလာကြတော့လို့’’ အားမလိုအားမရစွာနဲ့ အော်ဟစ်ပြောဆိုကြပါတယ်။
မကြာခင်မှာပဲ ကျန်တဲ့ပြိုင်ပွဲဝင်ဖားတွေက တစ်ဖုတ်ဖုတ်နဲ့ အောက်ကို
ဖားကျဖားပြုပ်ကျ ပြုတ်ကျလာကြပါတော့တယ်။

အဲဒီလိုနဲ့ဖားတွေတစ်ဖုတ်ဖုတ် ပြုတ်ကျလာလိုက်တာ
နောက်ဆုံးကျန်တဲ့ဖားငယ်လေးတစ်ကောင်က တစ်ခုန်ချင်းတစ်ခုန် အပေါ်ကို
ဆက်လှမ်းနေပါတယ်။ အဲဒီဖားကလေးဟာ လုံးဝအရှုံးမပေးပဲ
ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးမှာတော့
မျှော်စင်အိုကြီးထိပ်ကို ရောက်သွားတဲ့ “ကိုရွှေဖားသည်ဂရိတ်” ဖားစွမ်းကောင်းကလေး
ကလွဲလို့ကျန်တဲ့ဖားတွေအကုန်လုံး အောက်ကိုပြုတ်ကျပြီးအရှုံးနဲ့
ရင်ဆိုင်သွားကြရပါတယ်။

ဖားအားလုံးဟာ အနိုင်ရသွားတဲ့ ဖားစွမ်းကောင်းလေးရဲ့ အကြောင်းနဲ့ ဘယ်လိုကြောင့်
အခြားဖားတွေမလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်တာလဲဆိုတာကို
သိချင်စိတ်ပြင်းပြနေကြတာပေါ့။ အဲဒါနဲ့ အဲဒီဖားကလေးကို “သင် အဘယ်လိုစွမ်းအားတွေ
ခွန်အားတွေသုံးပြီး ဒီလောက်မြင့်တဲ့ မျှော်စင်အိုကြီးပေါ်ကို တက်သလဲ”
လို့ဝိုင်းမေးကြပါတယ်။ အဲဒီမှာသူတို့ဟာ ဖားကလေးရဲ့လျို့ဝှက်ချက်ကို
သိသွားကြပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖားကလေးဟာနားမကြားဘူးဆိုတာပါပဲ။

ဒီပုံပြင်လေးထဲက သင်ဘယ်လိုသင်ခန်းစာရသလဲ?

*သင့်ကို စိတ်ပျက်၊ အားလျော့စေမယ့် ဘယ်လိုစကားတွေမှနားမယောင်ပါနဲ့။*

အဲဒါက အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒီစကားမျိုးတွေက သင့်ရဲ့
စိတ်နှလုံးထဲမှာရှိတဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေအားလုံးကို
ဖျက်ဆီးပစ်မှာဖြစ်လို့ပါပဲ။

ဒါကြောင့် သင့်ကိုခွန်အားပေးနိုင်တဲ့ စကားစုများ၊ အကြောင်းအရာများကို
သာအမြဲစဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ သင်တွေးတော၊ ဖတ်ရှု၊ နားထောင်
တဲ့အကြောင်းအရာအားလုံးဟာ သင့်ရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကို
အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေမှာဖြစ်လို့ပါ။

ထို့ကြောင့် *အမြဲတမ်း အကောင်းမြင်ပါ။* *ဒီထက်ပိုပြီးလုပ်သင့်တာတစ်ခုကတော့
နားထိုင်းနေပါ။* ဘယ်လိုအချိန်မျိုးမှာ နားထိုင်းနေရမလဲဆိုတော့
သင့်ကိုတစ်စုံတစ်ဦးက သင်၏ရည်မှန်းချက် ကိုမဖြစ်နိုင်ဘူးလို့ပြောလာတဲ့အခါမှာပါ။

*ငါလုပ်နိုင်တယ်လို့ အမြဲတမ်းကိုယ့်ကိုယ်ကိုသတိပေးနေပါစေ။ *

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................