~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 24 July 2012

ဖြစ်ချင်တာက.........ကိုယ်ရောက်ပါပြီ

ဖြစ်ချင်တာက......... ....
 

ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။
ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။
တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက်
စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက်
လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”
:/
 

 

ကိုယ်ရောက်ပါပြီ

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။
 အဲဒီအချိန် .... ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေး     ၀င်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့ / ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
 မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။ မင်းကိုချစ်တဲ့ မောင်....



"အချစ်သည်ပေးဆပ်ခြင်းလော..ရယူပိုင်ဆိုင်ခြင်းလော"
 
ကျွန်တော်....ချစ်ခြင်းများစွာဖြင့်
"အချစ်"ထံအချစ်ဇာတ်လမ်းတပုဒ်ကိုတင်ပြချင်ပါတယ်။
အချစ်ဟာ အချစ်ကိုရှာမယ်ဆိုပြီးအချစ်ပင်လယ်ထဲမှာအချစ်
ရွက်လှေလွှင့်ပြီးအချစ်ခရီးကိုစတင်ခဲ့တယ်......
အချစ်ဟာ..အချစ်လှိုင်းကြမ်းအလီလီနဲ့အချစ်မုန်းတိုင်းကို
ဖြတ်ကျော်ခဲ့ပြီး..အချစ်မြို့တည်ရှိရာ အချစ်ကျွန်းသို့ရောက်ရှိ
ခဲ့သည်။...အချစ်ကျွန်းထဲလှည့်လည်ရင်းအချစ်ဥယျာဉ်ထဲဆော့
ကစားနေသောအချစ်ကောင်မလေးတစ်ယောက်ကိုတွေ့ရှိခဲ့ပြီး
တစ်ချိန်မှာပဲအချစ်ကောင်မလေးရဲ့အလှကြောင့်မှင်သက်စွာငေး
ကြည့်မိရင်း စွဲလန်းစွာချစ်မိခဲ့လေသည်။

..ဒါကြောင့်အချစ်ဟာ
အချစ်ကောင်မလေးဆီအချစ်ရေးဆိုခဲ့သည်။ဒါပေမဲ့အချစ်ကောင်မလေးဟာ
ကြောက်လန့်ပြီးထွက်ပြေးသွားလေသည်။ထိုအချိန်မှစ၍အချစ်ကောင်လေး
သည်အချစ်ကောင်မလေးကိုအချစ်ဥယျာဉ်ထဲ၌နေ့တိုင်းစောင့်မျှော်ရင်းအချိန်
တွေကုန်ဆုံးခဲ့သည်။မကြာခင်မှာပဲအချစ်ဟာအချစ်ရောဂါများဖိစီးပြီးလဲကျသွား
သည်။ထိုအခြင်းအရာကိုမြင်တွေ့သွားသောအချစ်ကောင်မလေးလည်းအပြေအလွှာ
လှမ်းလာပြီးအချစ်ကိုပွေ့ပိုက်ကာငိုကြွေးတော့လေသည်။သို့သော်အချစ်ကောင်လေး
ပြန်မနိုးတော့ပဲ...ထာဝရအိပ်ပျော်သွားလေသည်။အချစ်ကောင်မလေးလည်းဝမ်းနည်း
ပူဆွေးစွာငိုကြွေးရင်း နှလုံးရပ်တန့်ကာဘဝတစ်ပါးသို့ကူးပြောင်းသွားလေသည်။

  ထို့ကြောင့်အချစ်သည် တစ်ခါတရံထူးဆန်းစွာ ကြေကွဲတတ်၏..ပျော်ရွှင်ရတတ်၏...
"အချစ်သည်ပေးဆပ်ခြင်းလော့...ရယူပိုင်ဆိုင်ခြင်းလော့" တကယ်တော့အချစ်ဟာ
ဘာလဲလို့အချစ်ကအချစ်ကိုမေးတဲ့အခါ...အချစ်ဟာအချစ်ပဲပေါ့။ စကားမစပ်......
အခုတင်ပြတဲ့ကြေကွဲဖွယ် အချစ်ဇာတ်လမ်းမျိုး မဖြစ်ရလေအောင် အချစ်က ကျွန်တော်ကို ပြန်ချစ်လိုက်ပါလားဗျာ..... :P

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................