~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 13 July 2012

စကားပုံ အသစ်ကလေးများ မြန်မာ ... အင်္ဂလိပ်

အောက်ပါစကားပုံအသစ်ကလေးများ ဆောင်းပါး မှာ ၁၉၅၉ ခုနှစ်ထုတ်၊ တိုင်းရင်းမေ မဂ္ဂဇင်း၌ပါရှိသော တီထွင်ရေးထားသည့် အမျိုးသမီးစာရေးဆရာအသစ် တစ်ဦး၏ လက်ရာဖြစ်ပေသည်။ နယ်မှဖြစ်၏။ စာ အတော်ဖတ်သည့် အမျိုးသမီးတစ်ဦးမှန်း တွေးကြည့် လျှင် ရပါသည်။ သူ့ မြန်မာစာကောင်းလွန်း၍လော၊ ညွှန် ကြားသော ပုဂ္ဂိုလ်တစ်ယောက်အနားမှာရှိနေသလော၊ မပြောတတ်ပါ။

ကျွန်တော်က အင်္ဂလိပ်ဘာသာပြန်၍ မြန်မာ ... အင်္ဂလိပ် ယှဉ်တွဲဖတ်ရှုနိုင်ရန် Knowledge Bridge Internet မဂ္ဂဇင်း၌ အထူးစေတနာထားရေးသားလိုက်ပါ ကြောင်း။

(၁) အပြောယဉ်လျှင် ချစ်စရာ၊ သဘောစင်လျှင် မပစ်သာ။
Nice talks make love; Perfect attitude holds hands.

(၂) သင်တိုင်းလည်း မပေါက်ပါ၊ ခင်တိုင်းလည်း မထောက်ညှာ။
Teaching is not in touch for all; Every liking is not sympathy.

(၃) သွေးတိုင်းလည်း မထက်ပါ၊ ပေးတိုင်းလည်း မသက်ညှာ။
Sharping always-never be; paying always are not a good wish.

(၄) ဟောင်းတိုင်းလည်း မဆွေးပါ၊ တောင်းတိုင်းလည်း မပေးရာ။
Every old thing is not damaged; Give not the asking (need) often.

(၅) ကျွေးတိုင်းလည်း မခင်ပါ၊ သေးတိုင်းလည်း မယဉ် ပါ။
Serving can not be liked; Every small thing is not attractive.

(၆) သည်းခံလျှင် မမှားပါ။ အကျည်းတန်လျှင်လည်း မစားသာ။
It is right to be patient; Ugly face is to be avoided.

(၇) ဆေးတိုင်းလည်း မစင်ပါ၊ ပေးတိုင်းလည်း မကြင် နာပါ။
Every washing is not clean; Every giving is not for kindness.

(၈) ပြောတိုင်းလည်း မမှန်ပါ၊ ချောတိုင်းလည်း မဟန်ပါ။
Usually talk is not truth; Beauty is only for the skin mark.

(၉) မေးတိုင်းလည်း မဖြေရာ၊ ဆွေးတိုင်းလည်း မပြေပါ။
Don't be ready for any question; Sometimes regret never dies.

(၁၀) တွေးလို့လဲ မရေရာ၊ ဝေးလို့လဲ မနေသာ။
Unsettled thoughts! Getting away is impossible.

(၁၁) မေးတိုင်းလဲ မရပါ၊ ဖွေးတိုင်းလည်း မလှပါ။
Inquiries won't be favoured always; Even-white is not a beauty.

(၁၂) မ,တိုင်းလည်း မြွကပါ၊ သ,တိုင်းလည်း မလှပါ။
It is not a move trying to pick; Not lovely everytime making beauty.

(၁၃) ပွဲတိုင်းလည်း မကပါ၊ တွဲတိုင်းလည်း မရပါ။
Not to dance ever; Go together; stay closely, but not in married life.

(၁၄) သစ်တိုင်းလည်း မကောင်းရာ၊ ချစ်တိုင်းလည်း မပေါင်းပါ။
Every thing's new, but not good quality; Love but not to be getting married.

(၁၅) လူတိုင်းလည်း မအပါ၊ ချူတိုင်းလည်း မရပါ။
Every body is not foolish; persuading is not the winning.

(၁၆) ရစ်တိုင်း မယိုင်ပါ၊ ချစ်တိုင်းလည်း မပိုင်ပါ။
Not slant by winding; Possess not love.(Making love, but agree not)

(၁၇) နောက်ကျန်လျှင် မထောင်းသာ၊ ဖောက်ပြန်လျှင် မကောင်းပါ။
It is not negligible being left; Not good changing for the worse.

(၁၈) ဖြစ်လျှင် ပျက်တတ်သည်၊ သစ်လျှင် မက်တတ် သည်။
Occuring follows by raining; The new one is to be mostly fond of.

ရွှေမင်းဝန်ဦးဘုန်းမြင့်


3 comments:

အုတ်ကြားမြက်ပေါက်
ခဲကြားတီညှပ်

အရမ်းကောင်းပါတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................