~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 25 July 2012

ဆူးတွေ ထဲက စွမ်းအင်

ဆူးတွေထဲက စွမ်းအင်

             သင့်ပတ်ဝန်းကျင်မှာ၊ ရပ်ကွက်ထဲမှာ၊ အလုပ်ထဲမှာ၊ မိသားစုထဲမှာ၊ အပေါင်းအသင်းတွေကြားထဲမှာ ပြဿနာဆိုတာ မလွဲမသွေ ရှိနေတတ်တဲ့
အရာပါ။ အဲဒီ့ပြဿနာဟာ ..အကြီးအသေးပေါ်မူတည်ပြီး သင့်ကိုနာကျင်စေ
... တာ၊ ဒုက္ခရောက်စေတာတွေလည်း ရှိနေနိုင်ပါတယ်။ အဆိုးစွန်ဆုံး အနေနဲ့ ..အလုပ်ထွက်ရတာနာမည်ဂုဏ်သတင်း ထိခိုက်တာအထိ ဖြစ်စေနိုင်ပါတယ်။
အဲဒီလိုကြုံလာရတဲ့အခါမှာ သင်ဘယ်လိုရင်ဆိုင် ဖြေရှင်းမယ်ဆိုတဲ့ အချက်
က သင့်ဘ၀ကို ကယ်တင်နိုင်မဲ့ နည်းလမ်းတွေပါပဲ ..။ ဒီတော့ .. ဘယ်လိုဖြေ
ရှင်းမလဲ ရင်ဆိုင်မလဲဆိုတော အနည်းငယ်တင်ပြချင်ပါတယ်။
 


(၁) ကိုယ်ဘယ်လိုနေနေ သူကတော့ အပြစ်မြင်နေတယ်

ဒါလည်း စိတ်ညစ်စရာတစ်ခုပါပဲ။ ကိုယ်ဘယ်လောက်ပဲ ကောင်း
တာလေးပဲလုပ်လုပ် အကောင်းမမြင်ဘူး။ လိုက်အပုပ်ချနေပြီဆိုရင်တော့ သူ့
လိုလူမျိုးတွေကို လွယ်လွယ်လေးနဲ့ အမြင်ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်လှပါဘူး။
ဒီလိုအခါမျိုးမှာတော့ ..ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေဖို့ပဲ လိုတာပါပဲ။ ပြီး
တော့ ..သူ့ကို ထိခိုက်စေမဲ့ အပြုအမူအပြောအဆိုမျိုးကို ရှောင်ကြဉ်လိုက်ပါ။
သူ့ဘက်အပိုင်းကို တတ်နိုင်သမျှ မေ့ထားပြီး၊ ကိုယ့်ဘက်အပိုင်းကိုသာ မြှင့်
တင်ပါ။ နဂိုထက် ပိုကြိုးစားပါ။ အပြောအဆို အပြုအမူ ယုံကြည်မှုတို့ကို ပိုပြီး
အံဝင်ခွင်ကျဖြစ်လာအောင် အားထုတ်ပါ။ ကိုယ်မှားနေတာတွေရှိရင်လည်း
ပြုပြင်ပြောင်းလဲယူပါ။ သူတစ်ပါး ထောက်ပြပြောဆိုစရာမရှိအောင် ကြိုးစား
နေထိုင်ပါ။ ကိုယ့်ရဲ့ကြိုးစားမှုကို အများက အသိမှတ်ပြုလာပြီဆိုရင်၊ ကိုယ်
ကိုယ်တိုင်လည်း ကိုယ့်လိပ်ပြာကိုယ် လေးစားနေနိုင်ပြီဆိုရင် ..သူ့ကဏ္ဍက
အလိုလို မှေးမှိန်သွားပါလိမ့်မယ်။ ကိုယ်တိုင် ဖယ်ထုတ်စရာမလိုပဲ ..သူ့ဘာ
သာသူ ရပ်သွားပါလိမ့်မယ်။
 



 (၂) သူကတော့ စပြီး မနာလိုဖြစ်နေပြီ

သင်နဲ့လုပ်ဖော်ကိုင်ဖက်ကပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်း
ကပဲ ဖြစ်ဖြစ်၊ သင့်ကို မနာလိုနေပြီဆိုပါတော့ .. သူ့ရဲ့ မနာလိုဖြစ်မှုကို မေ့လို့
ရရင် မေ့ထားပြီး၊ တခြားကောင်းကွက်တွေနဲ့ အစားထိုးလဲလှယ်မြင်ယောင်
ကြည့်ပါ။ သင့်ကို အန္တရာယ်ဖြစ်စေတဲ့ မနာလိုမှုမဟုတ်ဘဲ၊ သူ့ဘာသာသူပဲ
တစ်ယောက်တည်း ကျိတ်ပြီး ဖြစ်နေတဲ့ပုံစံမျိုးဆိုရင်တော့ .. သူနဲ့နွေးနွေး
ထွေးထွေး ပြောဆိုဆက်ဆံပါ။ သင့်ကို နားလည်သဘောပေါက်လာအောင်
အချိန်ယူပြီး အခင်မင်မပျက်နေပေးပါ။ အစိုင်အခဲကြီးထွားမလာခင်မှာ ရတဲ့
နည်းနဲ့ လမ်းကြောင်းကို တည့်မတ်ပေးပါ။ အစပိုင်းမှာပဲ သူ စိတ်ကျေနပ်တဲ့
အနေအထားကို ကိုယ်ပြောင်းလဲယူနိုင်ပြီဆို .. နှစ်ဦးနှစ်ဖက်စလုံး ကောင်း
ကျိုးဖြစ်လာတာပါပဲ။


(၃) ရန်သူရှိခြင်းဟာ ၀မ်းသာစရာတစ်မျိုး

ရန်သူရှိတယ်ဆိုတာ မကောင်းတာ အမှန်ပါ။ ဒါပေမယ့် ..လူရယ်
လို့ ဖြစ်လာရင် မည်သူမျှ မိတ်ဆွေချည်းပဲ ရလာစရာအကြောင်းမရှိပါဘူး။
ယှဉ်တွဲမှုအဖြစ် ရန်သူဆိုတာလည်း ရလာနိုင်ပါတယ်။ ဒီတော့ .. ရန်သူဆိုတာ
ရှိနေပြီဆိုရင် .. များသောအားဖြင့်က စိတ်ညစ်တတ်ကြပါတယ်။ ကိုယ့်ကို
တိုက်ခိုက်လာပြီဆိုရင် မနှစ်မြို့တတ်ကြပါဘူး။
ဆဲလာပြီဆို ..ပြန်ဆဲချင်ကြတယ်။ တိုက်ခိုက်လာရင် ပြန်တိုက်ခိုက်
လာချင်ကြတာ လူ့သဘာဝပါ။ ဒါပေမယ့် ..မြတ်စွာဘုရားလက်ထက်တော်
အခါတုန်းက အာဠာဝက ဘီလူးကြီးကို မြတ်စွာဘုရားအောင်တော်မူခဲ့တယ်
ဆိုတာကို ပြန်ကြည့်မယ်ဆိုရင် .. ကိုယ့်ကို အလွန်ရန်လိုနေတဲ့ ဘီလူးကြီးက
.. ထွက်သွားစမ်းဆို .. ဘာတစ်ခွန်းမှမတုံ့ပြန်ဘဲ ထ ထွက်သွားပြီး၊ ပြန်ဝင်
လာစမ်းဆိုလည်း .. အေးအေးဆေးဆေး သက်သက်သာသာ ပြန်ဝင်လာတဲ့၊
အခေါက်ခေါက်အခါခါ ဘယ်လိုပဲ ညှင်းဆဲတိုက်ခိုက်နေပါစေ .. တည်တည်
ငြိမ်ငြိမ်နဲ့ ရန်ကို ရန်ချင်း မတုံ့နှင်းဘဲ သည်းခံပြလိုက်တဲ့အခါမှာ၊ အာဠာဝက
ကြီးဟာ .. ကိုယ့်အမှားကိုယ်သိပြီး ပြားပြားဝပ်သွားတော့တာပါပဲ။ ဒါက မြတ်
စွာဘုရားရဲ့ မေတ္တာ ကရုဏာတော်နဲ့ ရင်ဆိုင်ဖြေရှင်းတဲ့နည်းပါ။ ကိုယ်တိုင်က
တော့ လောကီလူသားမို့၊ အခုလို သဘောထားမကြီးနိုင်ဘူးဆိုရင် ... သူတစ်
ခါ တိုက်ခိုက်လာတိုင်း၊ ကိုယ်က ဒါဟာ လောကသဘာဝတစ်ခုပါလားလို့ ..
နှလုံးသွင်းပြီး .. တတ်အားသမျှ ဥပေက္ခာပြုနေလိုက်ပါ။ သူ့ပါးစပ်က ကိုယ့်ကို
ဆဲရေးတိုင်းထွာမှုများကို နှလုံးသားထဲကို မယူဆောင်ဘဲ၊ သူ့ကိုလည်း မတုံ့
ပြန်ဘဲ ငြိမ်ငြိမ်လေးသာ နေလိုက်ပါ။ ဘယ်သူမှ တောက်လျှောက်မနားတမ်း
ဆဲမနေနိုင်ပါဘူး။ မောသွားရင် ရပ်ကြပါတယ်။ အကောင်းဘက်က လှည့်စဉ်း
စားမယ်ဆို ရန်သူရှိတာ ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေတာပါပဲ။
ဒီတော့ .. များများတိုက်ခိုက်လေ .. ကိုယ့်ခံနိုင်ရည်ကို ကိုယ်သိရလေပါပဲ။

(၄) စိတ်ထားဖြူစင် ယုံကြည်ချင်

မယုံမရှိပါနဲ့ ..။ စိတ်ထားဖြူစင်ဖြောင့်မတ်သူဟာ ပြဿနာတစ်ခုခု
ကြုံလာတဲ့အခါတိုင်း၊ သူတစ်ပါးထက် အားအင်တစ်ရပ်ရှိနေတတ်ပါတယ်။
စိတ်ထားမှန်ကန်တဲ့လူအတွက် တကယ်နင်လားငါလား ပြဿနာကြုံလာရ
တဲ့အခါမှာ ကိုယ့်ဘက်က ရပ်တည်ပေးမဲ့သူတွေ မျှော်လင့်မထားတဲ့နေရာက
နေ ရလာ ရောက်လာတတ်ပါတယ်။ ကိုယ်နဲ့မရင်းနှီးပေမဲ့ ..ကိုယ့်ရဲ့ အနေ
အထိုင်တွေ၊ စိတ်ထားနှလုံးသားတွေကို လေ့လာ အကဲခတ်နေသူတွေ ကိုယ့်
ပတ်ဝန်းကျင်မှာရှိနေနိုင်ပါတယ်။ ဒီတော့ .. ကိုယ်သာ ပေါက်ကရလုပ်နေခဲ့
မယ်ဆိုရင်လည်း .. ပြဿနာတစ်ခုကြုံလာရင် ၀ိုင်းပြီး ဆဲမယ့်သူတွေ၊ ရန်
လုပ်မယ့် အများကြီးရှိသလို၊ ကိုယ်က အမြဲတမ်း ဖြူစင်ဖြောင့်မတ်သူဖြစ်မယ်
ဆိုရင်တော့ ကိုယ့်ဘက်နေ ယုံကြည်စွာနဲ့ ရပ်တည်ပေးမဲ့သူတွေ ရှိနေနိုင်ပါ
တယ်။ ဒီတော့ .. မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား
ဆိုတဲ့ ..စကားလေးအတိုင်း .. လိုက်နာနေထိုင်ကြည့်ပါ။ နှလုံးသားရဲ့ လှပ
နူးညံ့မှုဟာ ..ရုပ်ရည်လှပမှုကို ကျော်လွန်ပြီး ကောင်းမွန်သော ရလာဒ်တွေ
ပိုင်ဆိုင်လာနိုင်မှာ အသေအချာပါပဲ။

(၅) ရှောင်ကြဉ်ရမဲ့ ကိုယ်ကျင့်ရေးရာ

ပြဿနာနည်းပါးပြီး၊ လူအများရဲ့ချစ်ခင်လေးစားခြင်းကို လိုချင်မိ
တယ်ဆိုရင်တော့ .. နံပါတ် ၄ ထဲကလို စိတ်ကို ဖြူစင်ဖြောင့်မတ်အောင်ထား
ရမယ့် အပြင် .. သူတစ်ပါးကို အပြစ်တင်စောခြင်းနဲ့ .. ဆုံးဖြတ်ချက်ကို မြန်
မြန်ဆန်ဆန်ချတတ်ခြင်း၊ ရှေ့နောက် မဆင်ခြင်ဘဲ၊ သူတစ်ပါးစကားနဲ့ ရမ်း
သမ်း စွပ်စွဲဝေဖန်တတ်ခြင်း၊ အမှားအမှန် မစဉ်းစားဘဲ အင်အားကြီးသူဘက်
က ရပ်တည်တတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကို ဦးတည်ပြီး သူ
တစ်ပါး ထိခိုက်နစ်နာမှုကို ထည့်မတွက်ခြင်း၊ အကျိုးလာဘ်လာဘ မျှော်ကိုး
ပြီး ပေါင်းသင်းတတ်ခြင်း၊ ကိုယ့်မှာရှိလျှင် ဝေမျှပေးကမ်းရမှာ စိုးရွံ့ခြင်း ..၊
ရှေ့မှာတော့ .. ချိုသာပြပြီး၊ ကွယ်ရာမှာ .. အတင်းအဖျင်းပြောတတ်ခြင်း၊
အဲဒီ့ အချက်တွေဟာ .. ရှက်စရာဖြစ်မလာသမျှတော့ ဘာမှမဖြစ်ပေမဲ့ ...
အကြောင်းတိုင်ဆိုင်လို့ ကိုယ့်အကျင့်စရိုက်တွေ ပေါ်သွားခဲ့မယ်ဆိုရင် လူပုံ
အလယ်မှာ အထင်သေးစရာ မျက်နှာမလှ ဖြစ်တတ်ကြပါတယ်။

(၆) ကိုယ်စိုက်တဲ့အပင်ရဲ့အသီးကို ကိုယ်စားရမှာ

အားလုံးဟာ ..အချိန်အတိုင်းအတာတစ်ခုပြီးမြောက်ချိန်မှာ အဖြေ
ဆိုတာ ရလာတတ်တာမို့၊ ကိုယ်ပြုခဲ့တဲ့ ကံတွေရဲ့ အဖြေကို ရလာချိန်မှာ ..
နောက်ကျောလုံစွာ အသက်ရှင်နိုင်သူဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ ဘယ်သူ
မှ မသိခဲ့ရင်တောင် ကိုယ်တိုင်သိနေမယ့် ကိုယ့်သိက္ခာအတွက် ကျိတ်မှိတ်
ဖြေသိမ့်နေရတာမျိုးမဟုတ်ဘဲ၊ လိပ်ပြာသန့်စွာ အသက်ရှင်ရပ်တည်သွားဖို့
ကတော့ အဓိကပါပဲ ..။ ဒါကြောင့် .. ဖြတ်သန်းလာရတဲ့ ဘ၀ထဲက အဆိုး
တွေကို တူညီတဲ့ တုံ့ပြန်မှုမျိုးနဲ့မဟုတ်ဘဲ၊ တဒင်္ဂဒေါသနောက်ကို လိုက်ပြီး
ဖြေရှင်းလိုက်တာမျိုးမဟုတ်ဘဲ၊ မှန်မှန်ကန်ကန် ဖြေရှင်းရပ်တည်သွားမယ်
ဆိုရင် ... ဘယ်လို အန္တရာယ်မျိုးပဲဖြစ်စေ၊ ရန်သူမျိုးပဲ ဖြစ်စေ ... တည်ငြိမ်
စွာ ကျော်လွှားနိုင်မှာပါပဲ။
ဘ၀ဆိုတာ .. ဆူးအပြည့်နဲ့လမ်းဆိုရင် .. ကိုယ်က အဲဒီ့ဆူးတွေကို
မမှုဘဲ ကျော်ဖြတ်သွားနိုင်တဲ့သူဖြစ်ဖို့ အရေးကြီးဆုံးပါ။
အားလုံးသော မိတ်ဆွေများ .. ဆူးတွေထဲက ရုန်းထွက်ရင်ဆိုင်နိုင်
တဲ့ သူများဖြစ်ကြပါစေ ..လို့ ဆုတောင်းပေးပါတယ်။ ဒီဆောင်းပါးလေးဟာ
ကျမ ကိုယ်ပိုင်အမြင်နဲ့ ရေးသားတာမို့ .. လိုအပ်ချက်တွေရှိနေတယ်၊ အမြင်
မတူတာတွေ ရှိနေတယ်ဆိုရင်လည်း .. သူတော်ကောင်းနှလုံးသားနဲ့ နား
လည် ခွင့်လွှတ်နိုင်ကြပါစေရှင် ...။


Credit နန်းအသင်္ခယာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................