~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 24 July 2012

အလွယ်ကူဆုံး ဝိတ်ချနည်းများ , တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ နည်းပါး၊ သို့သော် ကော်ဖီ အများအပြား မသောက်သင့်

အလွယ်ကူဆုံး ဝိတ်ချနည်းများ



ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ
မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး တာကြောင့်နောက် ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှု အကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက် ကိုလည်း စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ် ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီ ဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အ တွက် ကောင်းမွန် တဲ့ အာဟာရ ကိုဖြစ်စေပါတယ်။
လေ့ကျင့်မှု
တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေ လိုလေ့ကျင့်မှုမျိုး ကိုပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကို တက်ကြွလန်း ဆန်းနေစေပါ တယ်။ ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာ ကြာကြီး လေ့ကျင့် ခန်းတွေမ လုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉၀ လောက်ပြုလုပ်ပေး ရင်လည်း အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ် အလေးချိန် ကျအောင်လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့် ချိန်ပမာဏကို သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ ဆရာနဲ့တိုင်ပင်ပါ။
နည်းနည်းစားပါ
နေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ် လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ် တွင်းသကြားဓာတ် ကို ထိန်းချုပ်နိုင်ပါတယ်။
ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ
ကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်း တက်စေ တယ်လို့ဆိုပါတယ်။
ကယ်လိုရီကို လျှော့ပါ
ခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့် အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျ အစားအစာ တွေ ထဲက အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။ ဟင်းရွက်တွေ ကို ကြော်စားမယ့် အစား ပြုပ် စားတာမျိုး၊ သုပ်စား တာမျိုးပြုလုပ်ပါ။
ပရိုတင်းလုံလောက်ပါစေ
ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့အမျိုးသမီးတစ်ရောက် အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်မှုအဆင့်မြှင့်တင်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုတိုး ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃၀ မှာ အရင်က သုံးမိုင် လောက်လမ်းလျှောက်နိုင်ခဲ့ တယ် ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃၀ မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်း အဆင့်မြင့်လာ တယ်လို့ဆို ပါတယ် ။လေ့ကျင့်ခန်းပြုလုပ်လို့ ကုန်ဆုံးသွားတဲ့ချွေးတွေ အတွက်ရေအလုံအလောက်ပြန် လည်သောက်သုံးပြီးရေဓာတ် ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။
အစာမဖြတ်ပါနဲ့
ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ ဖြတ်တောက် လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး ပေး ပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား ပြီး ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအ စာ တွေကိုတော့ စားပေးလို့ရပါတယ်။
တက်ကြွစွာနေထိုင်ပါ
လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့အတူ ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို လမ်းလျှောက် ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင်ယူပါ။ ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့် လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင့်ပေးပါ။
သဲသဲ
Ref: By Good Health
Source: http://yoolay.com/health/therapy/25141-2012-04-07-11-07-38
==================================================


 တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ နည်းပါး၊

သို့သော် ကော်ဖီ အများအပြား မသောက်သင့်




တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။ နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။ ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။

ယခုနောက်ဆုံး သုတေသနပြု လေ့လာမှုအရ ကော်ဖီပမာဏ အသင့်အတင့်ကို ပုံမှန် သောက်သုံးပေးခြင်းသည် နှလုံးရောဂါ ပြဿနာများကို လျော့ကျစေနိုင်သော်လည်း ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းက ဆန့်ကျင်ဘက် အကျိုးတရား ဖြစ်ပေါ်စေနိုင်သည်ဟု သိရှိရပါသည်။ အမျိုးသား အမျိုးသမီး ၁၅၀၀၀၀ တို့အား လေ့လာကြည့်ခဲ့ရာတွင် တစ်နေလျှင် ကော်ဖီ မတ်ခွက်တစ်ခွက် သို့မဟုတ် နှစ်ခွက် သောက်သုံးသူများသည် ကော်ဖီ လုံးဝ မသောက်သူများထက် နှလုံးအားနည်းရောဂါ ဖြစ်ပေါ်နိုင်သည့် အန္တရာယ် ၁၁ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိခဲ့ရသဖြင့် ယခင်ကော်ဖီနှင့် ပတ်သက်သော လေ့လာမှု ရလဒ် (၅) ခုကို ပယ်ဖျက်ပစ်လိုက်သည်။ သို့သော် တစ်နေ့လျှင် ကော်ဖီ (၅) ခွက်နှင့်အထက် သောက်သုံးသူများ အတွက်မူ နှလုံးအတွက် ဆိုးကျိုး ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရကြောင်း Circulation Heart Failure ဂျာနယ်၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Beth Israe! Deaconess Medical Center မှ သုတေသန ပညာရှင် ဒေါက်တာ မာရေးမစ်တယ်လ်မန်းက ကော်ဖီ အတန်အသင့် သောက်သုံးမှုသည် နှလုံးအားနည်းရောဂါအတွက် အဓိက အနေအထား ဖြစ်လာပုံရသည်ဟု ဆိုသည်။ ကော်ဖီသောက်ခြင်းက ဘာ့ကြောင့် နှလုံးအာနည်းသည့် ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေရသည်ကိုမူ သေချာစွာ မသိရဟု သုတေသီများက ပြောကြားသည်။ နှလုံးအားနည်းရောဂါ ဆိုသည်မှာ ရုတ်တရက် နှလုံးဖောက်ပြန်မှု သို့မဟုတ် နှလုံးရောဂါကြောင့် လူ့ခန္ဓာကိုယ် တစ်လျှောက်သို့ သွေးပို့လွှတ်ရန် အပြင်းအထန် ကြိုးစား ရုန်းကန်နေရသည့် ရောဂါဖြစ်သည်။ ကော်ဖီသောက်ခြင်းကြောင့် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျရခြင်းမှာ ယေဘုယျအားဖြင့် ကော်ဖီကြောင့် သွေးပေါင်တိုးလာခြင်းကြောင့် ဖြစ်ပုံရသည်ဟု သုတေသီများက ပြောသည်။


ရတနာပုံ ဘာသာပြန်သတင်း

Ref: Daily Mail
Source: http://news.yatanarpon.com.mm/news/news-61341

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................