နှစ်ဆယ့်ငါးရာနှုန်း
ဆရာဝန်ကြီးတယောက် နေပြည်တော်ကို ကျန်းမာရေး အစီရင်ခံစာတစောင်လာပို့သည်။
ဗိုလ်ချုပ်ကြီးတဦးက ကြည့်ပြီးမေးလိုက်သည်။
"အိတ်ခ်ျအိုင်ဗီ။ အေအိုင်ဒီအက်စ်နဲ့ သေဆုံးသူစာရင်းမှာ လူတရာဆိုပြီး ဘာလို့ ၇၅ ယောက်ထဲဖြစ်နေတာလဲ"
ဆရာဝန်ကြီးက
"ကျန်တဲ့ ၂၅ ရာနှုန်းက တပ်မတော်အတွက်ပါ" လို့ ဖြေလိုက်သည်။
တကယ်လို့များ
မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ်အ ကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ
ဒုတိယဗိုလ်ချုပ်မှူးကြီးကထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”ဟု ပြောရာတွင်
တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”။
ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။
တော်တော်ညံ့တာပဲ
ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ အလည်အပါတ်သွားရောက်ရာ တရုတ်ဂုဏ်ပြုတပ်ဖွဲ့မှ အမြှောက်ပစ်ဖောက်ကြို ဆိုသည်။
ပထမတစ်ကြိမ် ပစ်ဖောက်ပြီး နောက်တစ်ကြိမ် ပစ်ဖောက်ရာတွင် ကြိုဆိုကြတဲ့ လူအုပ်ကြီးထဲမှ အဘွားအို တစ် ယောက်က ........
ဘေးနားမှလူတစ်ဦးကို “ဘာဖြစ်လို့ အမြှောက်ပစ်တာလဲ”လို့မေးရာ
“မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးလာလို့လေ”ဟုပြောရာ
အဘွားအိုက“ဘာလဲ တစ်ချက်ထဲနဲ့မှန်အောင်မပစ်နိုင်လို့လား”တဲ့
ဒါ့ကြောင့်ကိုး
မြန်မာပြည်အနှံ့ ဆန္ဒပြမှုများဖြစ်ပွားနေရာ နာမည်ကျော်မန္တလေးမြို့က ငြိမ်သက်နေပြီး မန္တလေးသားများ အရှက် ရဖွယ်ဖြစ်နေသည်။
သို့သော်လည်း မန္တလေးသား စကား ဆိုသည့်အတိုင်း မန္တလေးသားများကတော့ စကားမလျော့။
မန္တလေးသားတယောက်က သူတို့မန္တလေးဟာ သံဃာတော်တွေကိုပဲ အားကိုးအားထား ပြုရတာဖြစ်ကြောင်း ပြောရင်း ထပ်ပြောတာကတော့-
“မန္တလေးက သံဃာတွေ ပခုက္ကူပြောင်းသွားကုန်ပြီ။ မန္တလေးမှာ တရုတ်ဘုန်းကြီးတွေပဲ ကျန်တော့ တယ်။”
တခါထဲ စွမ်းတာများ
အဝေးပြေးကားတစ်စီးပေါ်တွင် သူရဲကောင်း ဂုဏ်ထူးဆောင်တံဆိပ် တပ်ထားသော လူတစ်ဦးကို မျက်နှာချင်း ဆိုင် ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက ............
“တကယ်လို့ ရှင်သာ ကျမယောကျာ်း ဖြစ်ခဲ့ရင် သူရဲကောင်းတံဆိပ်ကို ရှင့်ရင်ဘတ်မှာ တပ်ခွင့်ပြုမှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ”
“တစ်သက်မှာ တစ်ခါပဲ အစွမ်းပြခဲ့တာကို လူရှေ့ သူရှေ့ ရောက်တိုင်း ထုတ်ပြသလို ဖြစ်နေတော့ ရှက်စရာကောင်းတယ်လို့ ကျမထင်တယ်”
“ဒါဆို ခင်ဗျားရဲ့ယောကျာ်းကို ဘာလို့ လက်ထပ်လက်စွပ် ၀တ်ခိုင်းထားသလဲ”
ခုမှ လာပေးရတယ်လို့
ဆယ်စုနှစ် တခုကျော်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံကြီး ပြီးဆုံးသွားသည့်အခါ ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဌက ---
“ညီလာခံ ကိုယ်စားလှယ်တော်များ အားလုံး။ အခု အမျိုးသားညီလာခံကြီး အောင်မြင်စွာ ပြီးဆုံးသွား ပြီ ဖြစ်တဲ့ အတွက် စိတ်ရှည်လက်ရှည်နဲ့ တက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တော်များကို ကားပါမစ် လက်ဆောင် ပေးမှာ ဖြစ်ပါတယ်။”
ညီလာခံ ခန်းမကြီး တခုလုံး ဆူညံသွားသည်။
“ဝေး------”
တမီးနစ်လောက်ကြာတော့ ကိုယ်စားလှယ်တော်များ တခုခုကို စဉ်းစားမိဟန်ရှိသည်။
“ဟာ---- မဖြစ်ပါဘူးကွာ၊ အခုမှပေးရတယ်လို့”
တယောက်တပေါက် ဆူညံသွားသည်။
ဓါတ်ဆီဈေး၊ လောင်စာဈေးများ ဈေးမြှင့်ထားသည်ကို သတိရသွား၍ ဖြစ်သည်။
ရှေ့နေရဲ့ စေတနာ
မြန်မာပြည်အလယ်ပိုင်း မြို့ငယ်တခုတွင်ဖြစ်သည်။
မြို့ရှိ လူမှု့ရေး အသင်းက မိဘမဲ့ ကလေးများ ကူညီစောင့် ရှောက် ရေးအတွက် ရံပုံငွေ ကောက်ခံ နေသည်။
လစဉ် ကောက်ခံ ရရှိသော အလှူငွေ စာရင်းတွင်မြို့ပေါ် ရှိ နာမည်ကြီး ရှေ့နေ ဦးငွေရ တယောက်၏အမည်မပါဘဲ ရှိနေသည်။ ထို့ကြောင့် အသင်း ဥက္ကဌက ဦးငွေရနှင့်သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
“ရှေ့နေံကြီးခင်ဗျား ရှေ့နေကြီးဟာ ကျနော်တို့ မြို့မှာဆို အအောင်မြင်ဆုံးနဲ့ ၀င်ငွေအကောင်းဆုံး ရှေ့နေကြီး တယောက်ပါ၊ အခုကျနော် တို့မြို့သူ မြို့သား တွေရဲ့ ကူညီထည့်ဝင်မှု့နဲ့ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ ကလေးများ ကျောင်းဟာ တော်တော်လေးလည်း အရှိန်ရ နေပါပြီ။ ဒါပေ မယ့် သူတို့တွေရဲ့ စားဝတ်နေရေး။ ပညာရေး နဲ့ ကျန်မာရေး ဖွဲ့ဖြိုးတိုးတက်မှုတွေအတွက်တော့ ရံပုံငွေက လိုအပ်နေဆဲပဲ ဖြစ်ပါ တယ်။ အဲလို လိုအပ်မှုတွေကို ဖြည့်ဆည်းပေးဖို့အတွက် ရှေ့နေကြီး အနေနဲ့ လစဉ် တတ်အားသမျှ အလျှူငွေ ထည့်ဝင်ဖို့ မေတ္တာရပ်ခံပါတယ်။”
ဦးငွေရ တချက် စဉ်းစားလိုက်သည်။
“ဟုတ်ပါတယ်။ ဒီမြို့မှာတော့ ကျူပ်ဟာ အအောင်မြင်ဆုံးနဲ့ ၀င်ငွေ အကောင်းဆုံး ရှေ့နေ ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့သိထား ရမှာက ကျနော့အမေဟာ နာတာရှည် လူမမာကြီး ဖြစ်နေတယ်။ သူ့ရဲ့ တလတလ ဆေးဖိုးကုန်ကျငွေ က ကျနော့ တလစာဝင်ငွေလောက် ရှိနေ တယ်”
ဦးငွေရ စကားကြားသောအခါ အသင်း ဥက္ကဌ နည်းနည်း အားနာသွားသည်။
“အေးဗျာ- ဒါကို --------”
အသင်းဥက္ကဌ စကားကို ဖြတ်၍ ဦးငွေရက ဆက်ပြောသည်။
“နောက်ကျနော့မှာ မိုင်းထိလို့ မျက်စေ့ပျက်ပြီး ခြေထောက် ပြတ်နေရတဲ့ စစ်မှုထမ်းဟောင်း ညီတယောက်လည်း ရှိနေတယ်။”
အသင်းဥက္ကဌ ပို၍ အားနာသွားသည်။ ဦးငွေရကို တောင်းပန်ဖို့ ကြိုးစားသည်။ သို့သော် ဦးငွေရက ဒေါသတကြီး ဆက်ပြော၏။
“ကျန်သေးတယ်။ ကျန်သေးတယ်။ နောက် ကျနော့ညီမ တယောက်။ သူယောကျာင်္က ကားမှောက်လို့ သေသွားတယ်။ ဘာလျှော်ကြေးမှ မရဘူး။ သူမှာ ကလေးသုံးယောက်နဲ့ အတိဒုက္ခ ရောက်နေတယ်။ ခင်ဗျားတို့ ဒါတွေသိရဲ့လား၊”
အလှူခံလာရောက်သော လူမှုရေးအသင်း ဥက္ကဌ အလွန်အမင်း အားနာသွားသည်။ ထို့နောက် တိုးလျှိုး တောင်း ပန်းသော လေသံနှင့် -----
“တကယ်ပါဗျာ - ဒါတွေကို ကျနော်တို့ အသင်းအနေနဲ့ တကယ်မသိခဲ့တာပါ၊ ”
အသင်းဥက္ကဌ တောင်းပန်သောအခါ
“ဟုတ်တယ် အဲဒါတွေကို ခင်ဗျားတို့ သိရမယ်။ ”
ထိုနောက် ဦးငွေရက ခိုင်မာပြတ်သားသော လေသံနဲ့ ဆက်ပြောလိုက်သည်။
“နောက် ခင်ဗျားတို့ သိသင့်တာက သူတို့တွေကိုတောင် ကျူပ်က တပြားမှ မထောက်ပံ့တာ။ ခင်ဗျား တို့ အသင်း အတွက် ကျူပ်က ဘာလို့ အလှူ ထည့်ရမှာလဲ ဆိုတာပဲ၊”

0 comments:
Post a Comment