~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 28 July 2012

နှင်းခူယားနာအတွက် Bentovate –S , ဆရာဒီဆေးက ဈေးကြီးလား ဘယ်လောက်လောက်ပေးရလည်း ဈေးလည်းမကြီးပါဘူး ၁၀၀၀ ကျော်လောက်ပါလို့ ပြောလိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည့်မှာ ဆရာ ပျောက်ပမလား တဲ့ ….

နှင်းခူယားနာအတွက် Bentovate –S (ကျွန်တော်မှတ်သားမိသော ဆေးလောက ( ၄ ) မှ ….. )

အရေပြားပေါ်တွင် ယားယံနေတတ်ပြီး အသားမာများကဲ့သို့ အရေပြားထူထပ်စွာဖြစ်နေသော နေရာကို အရက်ပြန် ( သို့ ) ရေနွေး ခပ်နွေးနွေးလေးနဲ့  ဖြစ်ပေါ်နေသော နေရာများကို သေချာပွတ်သတ် ပြောင်ဆင်အောင် ဆေးကြောပေးပြီး ခပ်ခြောက်ခြောက်လေးဖြစ်သွားသော အခါတွင် ဆီပါသော BETNOVATE – S လိမ်းဆေးကို လက်ဖြင့်သေချာဖိပွတ်ပြီး တနေ့ ကို ၂ ကြိမ်ထပ် မနည်း လိမ်းလိုက်ပါက ပျောက်ကင်းသွားပါလိမ့်မည် ။

လိမ်းဆေးမမှားစေရန် အတွက် ……
BETNOVATE – S (ဗီနိုဘိတ် အက်စ် )
( BETAMETHASONE VALERATE and SALICYLIC ACID ) Skin ointment
 
 
 
 
ကျွန်တော်မှတ်သားမိသော ဆေးလောက ( ၄ )

Mg Mandalay နှင့် နှင်းခူးဝဲနာ အမျိုးသမီး

 မုံရွာမြို့ ဆရာတော်များ အတွက် အခမဲ့ဆေးခန်းတခုတွင် လုပ်အားဒါနပြု့ နေစဉ် ဆရာတော်မှခေါ်ခိုင်းလိုက်လို့ ပါ ဆိုပြီးဘုန်းကြီးကျောင်းကို ရောက်သွားခဲ့ပါသည် ဆရာတော်ကို ကန့် တော့ရင်း ဆရာတော်မှ သူစီလာသော ဧည့်သည်အမျိုးသမီးကို တွေ့ ဆုံမိတ်ဆက်ပေးပြီး လက်နှင့်ခြေတောက်တွင် ဖြစ်နေသော အရေပြား ရောဂါကိုကြည့်ခိုင်းလိုက်ပါတော့သည် ။

ထိုအမျို...းသမီးမှ ပြောပြသည့်မှာ လက်ဖမိုးနှင့်ခြေတောက်တွင် အရေပြားရောဂါဖြစ်သော နှင်ခူးဝဲနာမှာ မိမိကုသနေသည့်မှာကြာပါပြီ ခြေတောက်ဆိုရင် အမဲရောင် ထူထပ်လာပြီး လက်တွင်လည်း အကွက် တချို့  နေရာတွင် အရေပြားမှာထူးလာပြီးဖြစ်ကြောင်း အစားသောက်မှားရင် တအားကိုယားလာပြီး ကုတ်ဖဲ့နေရပါသည် အင်္ဂလိပ်ဆေးလည်း လိမ်းတယ် မြန်မာဆေးလည်း လိမ်းတယ် ထူးခြားမလာပါဘူး ဆရာ အခုဆရာတော်စီကို လာလှူရင်း အခမဲ့ ဆေးခန်းမှာ ဆရာတွေရှိတယ် ဆိုပြီး ပြကြည့်ပါလားဆိုလို့  ကျွန်မက မုံရွာမြို့ ……ချမ်းသာပြီး မြို့မျက်နှာဖုံးများထဲ့က တဦးဖြစ်ကြောင့် ပြောပြလို့ သိလိုက်ရပါသည်။

ရောဂါအခြေအနေကိုကြည့်ပြီး ဆေးခန်းကို ဆေးပြန်ယူလိုက်ပြီး ထိုအမျိုးသမီးကို ဒီ Betnovate –s cream လိမ်းဆေးကို မိမိအနာဖြစ်နေသောနေရာအားလုံးကို အရက်ပြန် (သို့ ) ရေနွေး ခပ်နွေးနွေးကို ဂွမ်းပေါက်လေးနဲ့  အနာနေရာများကို သေချာပြောင်စင်အောင်ဆေးကြော့ပြီး ဒီ လိမ်းဆေးကို နာနာပွတ်လိမ်းပေးပါ အသားထဲ့ကို စိမ့်ဝင်သွားလောက်အောင် ကြာကြာလေး သေချာကျကျနန ပွတ်လိမ်းပေးပါ တနေ့ ကို ၂ ကြိမ်အနည်းဆိုးထားပြီး ဖြစ်နိုင်ရင် ၃ ကြိမ်လောက်ကို ၃ လလောက်ထိစွဲလိမ်းပေးပါ အစားသောက်ကတော့ ပင်လယ်အစားအစာ ၊ငံပြာရည် ၊ အမဲသား ၊အစရှိသည့် အစားအစာများကို အခုချိန်မှာရှောင်လိုက်ပါ ပျောက်သွားရင် ကြိုက်သလို စားလို့ ရပါတယ် ခင်ဗျာဆိုပြိး ပေးလိုက်ပါသည်

ထိုအမျိုးသမီးမှာ ဆရာဒီဆေးက ဈေးကြီးလား ဘယ်လောက်လောက်ပေးရလည်း ဈေးလည်းမကြီးပါဘူး ၁၀၀၀ ကျော်လောက်ပါလို့ ပြောလိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည့်မှာ ဆရာ ပျောက်ပမလား တဲ့ ….ကျွန်မဖြင့် အရေပြားဆရာဝန်ကြီးတွေနဲ့ ကုတာ ဆေးကောင်းတွေပေးတယ် ဈေးလည်း ကြီးတယ်လို့ ပြောပါသည် ( အော် သူစိတ်ထဲ့မှာ ဈေးနည်းလို့  ပြီးတော့လည်း အခမဲ့ ဆေးခန်းကဆိုတော့ ဖြစ်တတ်ပါတယ်လို့  တွေးမိပါသည် ) လိမ်းကြည့်ပေးပါလို့  ထပ်ပြောလိုက်ပါသည် ။

၃ နှစ်လောက်ကြာမှ မုံရွာကိုရောက်လို့ ဆရာတော်ကျောင်းကိုရောက်သွားမှ …..ဆရာတော်ကမိန့် သည်မှာ ဆရာကုပေးလိုက်သည် ဒေါ်….မှ နှင်းခူးတွေပျောက်သွားလို့ ဆိုပြီး ဝမ်းသာအားရနဲ့ လာတယ် သူလို ဖြစ်သူတွေကိုလည်း ဆေးဘူးလေးပြဝယ်လိမ်းခိုင်းတယ် ပျောက်ကြလို့ ပါတဲ့  …..အခု ဆရာကို လာကန် တော့တာပါလို့  …… …ဒီမှာ မထိုင်ကြတော့ဘူး ကြာပြီ …….. ၊ တန်းဖိုးနည်းသည်လို့ ပြောဆိုသောလည်း နှင်းခူ ပျောက်ကြောင့် …ဆရာတော်မှ ထပ်ပြီး ပြောပြပါသည် ၊။

( နှင်းခူကြောင့် ကုတ်လိုက်ဖဲ့လိုက်များခဲ့လို့  အသားမာပုံစံ အရေထူထူမဲမဲဖြစ်နေပြီး ကာလကြာဖြစ်နေပါက Bentovate –s လိမ်းဆေး ခရွန် ကို အချိန်ကြာကြာ သေချာလိမ်းပေးပါက ပျောက်ကင်းပါကြောင်း ….)

Credit  Mg Mandalay

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................