Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။
Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။

မေး ။ ။ root လုပ်တယ်ဆိုတာဘာလဲ ?
ဖြေ ။ ။ root လုပ်ခြင်းဆိုသည်မှာ မိမိဖုန်းကို သာမန် user အဖြစ်မှ " super user " အဖြစ်သို့ အဆင့်မြှင့်တင်ခြင်းပင်ဖြစ်ပါတယ်။လူနှင့် ဥပမာထားပြီးပြောရလျှင် သာမန်လူတစ်ယောက်နှင့် VIP လူတစ်ယောက်တို့ အခွင့်အရေးကွာခြားသလိုပင်ဖြစ်ပါတယ်။သာမန်လူတို့ ကိုခွင့်မပြုထားသော နေရာများတွင် VIP များသာလို့ ဆိုင်းဘုတ်ဆွဲထားသလိုပင်ဖြစ်ပါတယ်။ဒါကြောင့် မိမိဖုန်းလည်း သာမန် user အနေနဲ့ ဆိုရင် custom software (ROM’s)တွေ ၊ custom themes လို့ခေါ်တဲ့ ဖုန်းအသွင်အပြင်တွေ ၊ ဖုန်းရဲ့ လုပ်ဆောင်စွမ်းရည်မြှင့်တင်တာတွေ ၊ ဘက်ထရီသက်တမ်း ပိုကြာအောင်လုပ်နိုင်ခြင်းတွေ ၊ သာမန် user တွေပိုက်ဆံပေးမှသာ ရရှိတဲ့ software တွေ စတဲ့ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်..နောက်တစ်နည်း ဥပမာပေးရလျှင် သော့ခတ်ထားသော အခန်းအတွင်းသို့ သော့ဖျက်ပြီး ဝင်ရောက်ခြင်းနှင့် အလားတူပါပဲ။စက်ရုပ်လို့ ခေါ်ကြသော andriod ဖုန်းများအတွက်ကို root လုပ်ခြင်းဟုခေါ်ပြီး apple မှထုတ် သော I- device များအတွက်ကိုတော့ jail break လုပ်တယ်လို့ ခေါ်ဆိုကြပါတယ်။တူညီမှုကတော့ ဖုန်းများရဲ့ system များကို မိမိအလိုကျ လုပ်ဆောင်နိုင်ရန် ဖွင့်ချ ခြင်းပဲဖြစ်ပါတယ်။ ။
မေး ။ ။ မိမိဖုန်းကို root လုပ်ထားတယ် လုပ်မထားဘူးဆိုတာကိုဘယ်လိုသိနိုင်မလဲ ?
ဖြေ ။ ။ root လုပ်ထားသောဖုန်းတွင် သာမန်အားဖြင့် super user ဆိုသော စက်ရုပ်ခေါင်း အစိမ်းရောင်လေးနှင့် ပုံပေါ်လာလေ့ရှိပါတယ်။သို့ပေမယ့် ဖုန်းပေါ်တွင် root မလုပ်ထားပါပဲ နှင့်လည်း ၄င်း application ကို ဒေါင်းနိုင်ပါတယ်။ဖုန်းကတော့ အမှန်တကယ် rooted လုပ်ထားသော အဆင့်တော့မဟုတ်ပါဘူး။အမှန်တကယ် root လုပ်ထားသောဖုန်း ဟုတ် ၊ မဟုတ်ဆိုတာကတော့ root လုပ်ထားပြီးသော ဖုန်းတွေမှာသာ သွင်းလို့ရနိုင်တဲ့ application များကို သွင်းကြည့်ခြင်းဖြင့် မိမိဖုန်း အမှန်တကယ် rooted ဟုတ် ၊ မဟုတ် ဆိုတာသိနိုင်ပါတယ် ( ဥပမာ ။ ။ adaway / busybox / root explorer )

Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။
Z4root
Compatible with Permanent Root Option
Compatible with Permanent Root Option
Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1
( Reference by xda-developers.com )
အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။
Download: Z4root 1.3.0.apk
1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။
2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။
4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။
Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။
ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။
Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူဖြင့် မည်သို့မှ မသက်ဆိုင်ပါလေ...။ အိုင်တီမန်း(မန္တလေး)
======================================================
How to Root Samsung Galaxy Ace

1. Galaxy ACE ကို Root လုပ်ဖို့အတွက် Rooting Package ကို ဒီနေရာကနေ Download လုပ်ယူပါ။
2. Phone ကို Computer နဲ့ချိတ်ပြီး Download လုပ်ထားတဲ့ upd_1.zip ကို SD ကဒ်ထဲကူးထည့်ပါ။
3.Copy ကူးပြီးရင်တော့ ဖုန်းကို ပိတ်လိုက်ပါ။ Recovery mode ကိုသွားဖို့ Volume Up + Menu + Power တို့ကိုဖိထားပါ။
4.Recovery Mode ထဲကိုရောက်သွားပြီဆိုရင်တော့ Install zip from SD Card ကိုရွေးလိုက်ပါ။ ပြီးရင်တော့ Choose Zip from SD ကိုရွေးလိုက်ပါ။
5. ပြီးရင်တော့ upd_1.zip ကိုရွေးပြီး Power button ကိုနှိပ်လိုက်ပါ။ Root လုပ်တာ ၅ မိနစ်ကနေ ၁၀မိနစ်အတွင်းကြာနိုင်ပါတယ်။
6. Root လုပ်လို့ပြီးရင်တော့ ++++ Go Back ++++ ကိုရွေးပါ။ ပြီးရင်တော့ Reboot System Now ကိုနှိပ်လိုက်ပါ။
အခုဆိုရင် Samsumg Galaxy ACE ကို Root လုပ်လို့ပြီးသွားပါပြီ။ ZawGyi font Install လုပ်ချင်တယ်ဆိုရင်တော့

================================================================
==============================================================
How to Root Samsaung Galaxy SIII
ကျွန်တော့ရဲ့ ညီလေး မိုက်ကယ်အောင် အတွက် Samsaung ကနောက်ဆုံးထုတ်လိုက်တဲ့ Galaxy SIII Root လုပ်နည်းကိုဝေမျှလိုက်ပါတယ်။

Samsaung Galaxy SIII ကို Root မလုပ်ခင်မှာ Galaxy SIII Driver ကို Root လုပ်တဲ့ Computer မှာ Install လုပ်ထားဖို့လိုပါတယ်။ Install မလုပ်ရသေးရင်တော့ ဒီနေရာကနေ Download လုပ်ယူပါ။
1. Setting ထဲကိုသွားပါ။
2. About Device ကိုရွေးပါ။
3. Device ရဲ့ Model number က GT-I9300 ဖြစ်ရမှာဖြစ်ပါတယ်။
4. Model number သေချာရင်တော့ ဖုန်းကိုပိတ်လိုက်ပါ။
5. Odin V.3.04 ကို ဒီနေရာကနေ Download ရယူပါ။
6. CF-Root-SGS3-v6.3.tar ကို ဒီနေရာကနေ Download ရယူပါ။
7. Volume Down + Home + Power ကိုဖိထားလိုက်ပါ။
8. Warning Message ပေါ်လာရင် Volume Up ကိုနှိပ်လိုက်ပါ။
9. အဲ့ဒါဆိုရင် Download Mode ထဲရောက်သွားမှာဖြစ်ပါတယ်။
10. Download Mode ထဲရောက်သွားရင်တော့ ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။
11. Download လုပ်ထားတဲ့ Odin V.3.04 ဖြည်ပြီး Odin V.3.04 ကိုဖွင့်လိုက်ပါ။
12. PDA ကို Click နှိပ်ပြီး Download လုပ်ထားတဲ့ CF-Root-SGS3-v6.3.tar ကိုရွေးလိုက်ပါ။
13. CF-Root-SGS3-v6.3.tar ကိုရွေးပြီးရင် Start ကို နှိပ်လိုက်ပါ။

14. Odin v.3.04 ထဲမှာ PASS ဆိုတဲ့ အစိမ်းရောင်နောက်ခံနဲ့ စာသားပေါ်လာရင် ဖုန်းရဲ့ USB ကြိုးကိုဖြုတ်လိုက်ပါ။

15. ဖုန်း Restart ပြန်တက်လာရင်တော့ Application ထဲမှာ CWM Manager နဲ့ SuperSU တို့ Install လုပ်ပြီးသားတွေ့ရမှာဖြစ်ပါတယ်။
Samsaung Galaxy S3 ကို Root လုပ်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ။

===============================================================
How to Root Huawei U8650
Huawei U8650 ကို Root လုပ်ချင်တယ် ဆိုရင် ပထမဦးဆုံး ROM ကို Update လုပ်ရမှာဖြစ်ပါတယ်။
Official ROM ကို Update လုပ်ဖို့အတွက်
ဒီနေရာကနေ Download လုပ်ယူပါ။
Download လုပ်လို့ပြီးသွားရင်တော့ rar file ကိုဖြန့်လိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ dload folder ကို Phone ရဲ့ SD Card ထဲကိုထည့်လိုက်ပါ။SD Card ထဲကို dload folder ထည့်ပြီးရင်တော့ Phone ကို Power ပိတ်လိုက်ပြီး Battery ကို ၅ စက္ကန့်လောက် ဖယ်လိုက်ပါ။ ပြီးရင်တော့ Battery ကိုပြန်တပ်ပြီး "Vol +" + "Vol -" + "Power" သုံးခုစလုံးကို တစ်ချိန်တည်းမှာ ဖိထားရမှာဖြစ်ပါတယ်။
ဖိထားတဲ့ ခလုပ်တွေကို Firmware Upgrade စလုပ်တာနဲ့ လွှတ်လိုက်လို့ရပါတယ်။
Firmware Upgrade လုပ်တဲ့အချိန်က ၃မိနစ်ကနေ ၄မိနစ် အထိကြာနိုင်ပါတယ်။
Firmware Upgrade လုပ်ပြီး ပြန်တက်လာရင်တော့ Root လုပ်ဖို့အတွက် ဒီ File ကို Download လုပ်ယူလိုက်ပါ။
Download လုပ်ပြီးရလာတဲ့ root.zip ကို SD Card ထဲထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Power ပိတ်လိုက်ပြီး Battery ကို ၃စက္ကန့်လောက်ဖြုတ်ထားလိုက်ပါ။ ပြီးရင် Battery ကိုပြန်တပ်ပြီး "Vol +" + "Power" ကိုဖိထားလိုက်ပါ။
ပေါ်လာတဲ့ Bios Like Menu ထဲက Update ကိုရွေးလိုက်ပါ။ Update လုပ်ပြီးသွားတဲ့အခါ Phone ကသူ့အလိုလို restart ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်။
အဲ့ဒါဆိုရင်တော့ Huawei U8650 ကို Root လုပ်လို့ပြီးသွားပါပြီ။

.Credit အိုင်တီမန်း(မန္တလေး)
0 comments:
Post a Comment