~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 20 July 2012

ဆရာမျိုးဟန်ကို - 2012, July လ အတွက် ဗေဒင် ဟောစတမ်း



http://api.ning.com/files/KxKWXuKq5EID3t2sFWRY4HtmyW4IIaQyxt0LLeE8grt5Pdh1xzpGaq4kltIVGflw7kjnAMq5Z0oHjoQNGiXYm6Drk2UESAVu/johnphyo.gif
ဆရာမျိုးဟန်ကို - 2012, July လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်အသစ် နေရာအသစ်များ စတင်ပြုလုပ်ရမည်။ လုပ်ငန်းများအတွက် အကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်ပေါက်လာမည်။ စီးပွားရေးလုပ်ငန်းများ တိုးတက် အောင်မြင်လာမည်။ ယခုလအတွင်း အဖက်ဖက်မှ ကံကောင်းလာသော အချိန်လေး ဖြစ်ပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ ကုန်ကျမှုများနေမည်။ ငွေကြေးကိစ္စများနဲ့ ပက်သက်ပြီး အကူညီပေးသူ ပေါ်မည်။

စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ မိသားစုအတွင်း ကောင်းသောပြောင်းလဲခြင်း ကြုံမည်။ အလုပ်အတွင်း သူငယ်ချင်း မိတ်ဆွေတစ်ဦးမှ မိမိအား အထင်လွဲခြင်း ဖြစ်မည်။ ပညာရေးတိုးတက်လာမည်။ ပညာရေး ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ စိတ်ချမ်းသာမှုများ စိတ်ညစ်မှုများကို တစ်ကြိမ်တည်း တွေ့ကြုံရမည်။ ယခုလတွင်း အချစ်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

အိမ်ထောင်ရေး ကိစ္စများ စိတ်နေသဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ ယခုလ အတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္ဂနွေနေ့တွင် ကလေးတစ်ဦးဦးအား ငွေ ၁၅ ကျပ် လှူဒါန်း၍ဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ ၆ ၉ ၄ ၁

၂။ တနင်္လာ သားသမီးများ အတွက်

ယခုလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်မပြေပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နဲ့ ဆုံးဖြတ်ရခက်နေမည်။ အလုပ်အကိုင် အတွက်နဲ့ စိတ်တိုင်းမကျ စိတ်ပျော်ရွှင်မရှိပဲ ဖြစ်နေမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။ ယခုလတွင်း ငွေကြေးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖတ်မတင်သေးပါ။

အထက် လူကြီးတစ်ဦးဦးထံမှ ကူညီမှရရှိမည်။ လူမှုရေးကိစ္စများနှင့် မိသားစု ညီအစ်ကိုမောင်နှမကိစ္စများတွင် အနည်းငယ်စိတ်ညစ်ရမည်။ ကောင်းသောခရီးတစ်ခုသို့ ထွက်ရမည်။ အင်္ဂါနံကိစ္စများ တနလာင်္နံကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ ပညာရေး ရည်မှန်းချက်များ တိုးတက်လာမည်။ အဆင်ပြေလာမည်။ ခရီးထွက်ရမည်။ အဝတ်အထည် ဝင်မည်။ ကြာသပတေးနံ ပစ္စည်းများဝင်မည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူနဲ့ အမြဲစကားများနေရမည်။ ချစ်သူအသစ် ရရှိမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွက် ကျန်းမာရေး ဗိုက်နာဗိုက်အောင့် ဖြစ်မည်။ ယတြာ = တနင်္လာနေ့ နံနက်ပိုင်းတွင် မိမိနေအိမ်ဘုရားတွင် သရက်သီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၅ ၃

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီး အဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေး ကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။

မိမိလုပ်ကိုင် ဆုံးဖြတ်တိုင်း စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက် သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ မြေကိစ္စ အမွေကိစ္စ အတွက်နဲ့ စကားများရမည်။ လူဝင် လူထွက် ရှိပါသည်။

အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေးကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေး အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = အင်္ဂါနေ့တိုင်း မိမိနေအိမ်တွင် သန့်ရှင်းရေးလုပ်ပါ။ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ ၆ ၄ ၁ ၁

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ နိုင်ငံခြား ကိစ္စများ ပညာရေးကိစ္စများ အောင်မြင်လာမည်။ ထီကံစမ်းလိုက်ပါ။ တနင်္လာနံ ပစ္စည်းများ ဝင်လာမည်။

ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် မိမိနေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့်တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ ၆ ၀ ၇ ၎

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ အလုပ်လုပ်ကိုင်ရာတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေသော်လည်း အဆင်ပြေပါသည်။ ငွေကံကောင်းပါသည်။ မမျှော်လင့်ပဲ ငွေဝင်မည်။ ငွေဝင်သော်လည်း မစုမိပါ။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်မည်။ မိသားစု ကိစ္စများ အတွက်နဲ့ ငွေကုန်ကျမှု များနေမည်။ အဝတ်အထည် ဝင်မည်။ လက်ဆောင်ရမည်။

ပညာရေးကိစ္စများ ခရီးကိစ္စများ အချစ်ရေးမှာ ချစ်သူနဲ့ ပြေလိုက် ၊ မပြေလိုက် ဖြစ်နေမည်။ စိတ်ပူစရာ မရှိပါ။ ယခုလ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေမည်။ အခုလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၂ ၀ ၆ ၇
၆။ သောကြာသားသမီးများ အတွက်

ဒီလ အတွင်းမှာ ရည်မှန်းချက်များ အဆင်ပြေလာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ အလုပ်ထဲတွင် အတူတူ လုပ်ကိုင်နေသော သူများနှင့် အဆင်မပြေပါ။ ယခုလအတွင်း ငွေကြေး ကိစ္စများ အဆင်မပြေပါသည်။ ရသလောက် ကုန်ကျမှု များနေမည်။

ခရီးကိစ္စများ ယာယီ သွားလာရမည်။ ပညာရေးကိစ္စများ အောင်မြင်လာမည်။ အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ ပျော်စရာကောင်းသော နေ့ရက်များကို ပိုင်ဆိုင်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေမည်။ ဒီလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် မိမိ နှစ်သက်ရာ ပန်း ၁၀ ပွင့် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ ၈ ၀ ၇ ၎

၇။ စနေသားသမီးများ အတွက်

ဒီလ အတွင်းမှာ အလုပ်အကိုင်များ အဆင်ပြေလာမည်။ လက်ရှိ ပြသာနာလေးတွေ စကားပြောရတာတွေ အဆင်မပြေသော်လည်း အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေစုမိလာမည်။ စက်ပစ္စည်းဝင်မည်။ ထီကံကောင်းလာမည်။ ထီကံစမ်းကြည့်ပါ။ ခရီးဝေး ထွက်ရမည်။ မိသားစုအတွင်း တိုးတက် အောင်မြင် အဆင်ပြေလာမည်။

ပညာရေး ကိစ္စများ ကြိုးစားမှု အားနည်းနေမည်။ ဒီလအတွင်း အချစ်ရေး ကိစ္စများ ချစ်သူနဲ့ ခွဲခွာရမည်။ ဒဏ်ရာများနဲ့ နေရသော နေ့ရက် လေးတွေကို ဖြတ်သန်းနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းနေမည်။

ယတြာ = ကံကောင်း စေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဖြူရောင်ပန်း ၉ ပွင့် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ ၇ ၄ ၁ ၂

ဆရာမျိုးဟန်ကို
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................