~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 31 July 2012

(1)Windows နှစ်ခုတင်ပြီး Windows တစ်ခုပဲ ပေါ်နေတယ် ဆိုရင်|(2)XP ကနေ w7 ကိုပြောင်းသုံးမယ်။

Windows နှစ်ခုတင်ပြီး Windows တစ်ခုပဲ ပေါ်နေတယ် ဆိုရင်



ဒီနေ့ကျွန်တော့်စက်မှာ အရင်က Windows 7 တင်ထားတဲ့ အပေါ်မှာ Windows XP ထပ်တင်ချင်တာနဲ့ အရင်တင်ပြီးသား Windows 7 ကိုလည်း မဖြုတ်ချင်တာနဲ့ ဒီတိုင်းပဲ Windows 7 ပေါ်မှာပဲ Windows XP ကိုထပ် တင်လိုက်တယ် .. အားလုံးလည်း သိမယ်လို့ ထင်ပါတယ် .. ကျွန်တော် ရေးထားခဲ့ဖူးတာလည်း ရှိပါတယ် .. ပုံမှန်အတိုင်း ဆိုရင် အနိမ့်တင်ပြီးမှ အမြင့်ကို တင်ရမှာပေါ့နော် .. Windows XP တင်ပြီးမှ Windows 7 ပြန်တင်ရမှာပါ .. ဒါပေမယ့် Windows တစ်ခု တင်ရရင် အကုန်လိုက် လုပ်နေရတာနဲ့ အချိန်လည်း မပေးချင်တော့တာနဲ့ပဲ အမြင့်ပေါ်မှာ အနိမ့်ကိုပဲ Windows 7 တင်ထားပြီးသား ပေါ်မှာပဲ Windows XP ကို Drive တစ်ခုပေးပြီး တင်လိုက်တယ်ဗျာ .. Windows  XP လည်းတင်ပြီးရော အရင်တင်ပြီးသား Windows 7 ကတက်မလာတော့ပဲ  Windows XP ပဲတက်လာတော့တယ် .. 


ပုံမှန်အတိုင်းဆိုရင်တော့ Windows နှစ်ခုတင်ထားတယ် ဆိုရင် Boot တက်ပြီးသွားရင် Boot Menu မှာ Windows နှစ်ခုလုံး လာပေါ်နေပါလိမ့်မယ် .. မိမိတို့က ကိုယ်သုံးချင်တဲ့ Windows ထဲကိုဝင်ပြီး အသုံးပြုယုံပါပဲ .. 

အခုကျတော့ Windows တစ်ခုတည်း ပေါ်နေတယ်ဆိုတော့ Windows နှစ်ခုလုံးပေါ်အောင် ဘယ်လိုလုပ်ရမလည်း ဆိုပြီး အကိုတစ်ယောက်ကို အပူကပ်လိုက်တာ သူက EasyBCD ကို လမ်းညွန်လိုက်တာနဲ့ ကျွန်တော်လည်း နည်းနည်း Version ပြောင်းပြီး စမ်းသုံးကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ ကျွန်တော်တို့လိုမျိုး ကြုံလာခဲ့ကြရင် အဆင်ပြေအောင်လို့ အသုံးပြုနည်းလေးကို ရေးပေသွားမှာ ဖြစ်ပါတယ် .. 

ကျွန်တော်တို့ Windows နှစ်ခု တင်တဲ့သူများ Windows တင်ပြီးသွားတဲ့ အခါမှာ Dual Boot Menu ပေါ်မလာပဲ Windows တစ်ခုထည်း ပေါ်နေတယ်ဆိုရင် အခုကျွန်တော် အောက်မှာ ရှင်းပြပေးထားတဲ့ နည်းလမ်းလေး အတိုင်း လိုက်လုပ် ပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ် .. 

အရင်ဆုံး EasyBCD လေးကို မိမိတို့စက်မှာ Install လုပ်လိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Add New Entry ကိုသွားလိုက်ပါ ..


အောက်က ပုံအတိုင်း  Operating Systems ဆိုပြီး ပေါ်လာပြီဆိုရင်  ကျွန်တော်တို့ အနေနဲ့ Type မှာ Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးရမှာ ဖြစ်ပါတယ် . အောက်ကပုံမှာကြည့်ပါ .. ကျွန်တော်က Windows XP ပဲသုံးလို့ရပြီး  Windows 7 က  Boot Menu မှာ မပေါ်တာ ဖြစ်တဲ့အတွက် Windows Vista/7 ကိုရွေးပေးလိုက်တာ ဖြစ်ပါတယ် .. တကယ်လို့ Boot Menu မှာ Windows XP ကမပေါ်တာ ဆိုရင် Windows XP ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. ရွေးပြီးသွား ပြီဆိုရင်တော့ Add Entry ကိုနှိပ်လိုက်ပါ ..



အပေါ်ကပုံအတိုင်း  New Entry ကိုနှိပ်ပြီး သွားပြီဆိုရင်တော့ Edit Boot Menu ကိုပြန်သွားပြီး ကြည့်လိုက်ပါ .. 


Edit Boot Menu မှာ အပေါ်က ပုံမှာ ပြထားသလို Windows 7 ကအပေါ်မှာ Windows XP ကအောက်မှာ တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒါက ဘာကို ပြတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့  Boot Menu ကိုရောက်လို့  မိမိတို့ စိတ်ကြိုက် Windows ကိုမရွေး မိလိုက်ဘူး ဆိုရင် ကျွန်တော်တို့က Windows 7 ကို အပေါ်မှာ ရွေးထားတဲ့ အတွက် Windows 7 ကို တန်းပြီးတက် သွားမှာ ဖြစ်ပါတယ် .. အဲ့ဒါကိုတော့ မိမိတို့ စိတ်ကြိုက် ထားလို့ ရပါတယ် .. အပေါ်မှာ  Up , Down ဆိုတဲ့ မြားလေးတွေကို နှိပ်ပြီး ရွေးချယ် နိုင်ပါတယ် .. ပြီးရင်တော့ Save Settings ကိုနှိပ် ပေးလိုက်ယုံပါပဲ ..


နောက်ဆုံး အဆင့်အနေနဲ့ အပေါ်မှာပြထားတဲ့ ပုံအတိုင်း Bootloader Setup ကိုသွားလိုက်ပါ .. ပြီးရင် MBR Configuration Options မှာ  Install the Windows Vista / 7 bootloader  နဲ့  Install the Windows XP bootloader မှာ ကျွန်တော်က Windows XP ကိုပဲ သုံးလို့ရပြီး Windows 7 မတက်တာ ဖြစ်တဲ့အတွက် Windows Vista / 7 bootloader   ကိုရွေးပေးထားတာ ဖြစ်ပါတယ် .. Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Write MBR ကိုနှိပ်ပေးလိုက်ပါ .. 

ပြီးရင်တော့ မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ .. ပြီးရင် Boot Setting  ပြီးတာနဲ့  Boot Menu ပေါ်လာတဲ့ အချိန်မှာ  Windows  နှစ်ခုလုံး အသုံးပြုလို့ ရသွားပါလိမ့်မယ် .. 

ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် .. EasyBCD 2.0 Beta – Build 93  ကိုတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..





Download   From   Ifile.it




Download   From   Ziddu




Download   From   Mediafire



အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

 ===================================================

XP ကနေ w7 ကိုပြောင်းသုံးမယ်။

    

WindowsXP ကနေ Windows7 စတိုင်လေးတွေပြောင်းသုံးချင်သူများတွက်ပါ.

တချို့ကျတော့လဲ Window7 ကိုသုံးချင်ပေးမယ့် အဆင်မပြေတဲ့အခါ ဒီကောင်

လေးကို သုံးကျပါတယ်.ခုဒေါင်းထားတဲ့ file လေးကို Install လုပ်လိုက်ရင်ရပါ

ပြီး ဖိုင်ကလဲ မကြီးပါဘူး ၃၅ မက်လောက်ပဲရှိပါတယ်.


download 35 MB

DOWNLOAD HERE

 

     

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................